#ဆရာဦးအောင်သင်း
( အပိုင်း-၁)
#အောင်မြိုင်သင်း
ဒီစာ ဟာ ကျွန်တော် မရေး ချင် ဆုံး စာ ပါ. . .ဒါ ပေ မယ့် ဒါ ဟာသူ့ ကို သိပ် ချစ် တဲ့ သူ့ ကို သိပ် တန် ဖိုး ထား တဲ့ သူ တွေ အတွက် သိသင့် တယ် သိချင်ကြမယ် ထင် လို့ .ပြန်ပြောပြမိ တာ ပါဗျာ. . . . .နားလည် နိုင် ကြ လိမ့် မယ် ထင် ပါရဲ့ . . .
၁၉၇၈ ခုနှစ် ရဲ့ ညတစ်ည ၁၀ နာရီ ခွဲ လောက်မှာ ကျွန်တော်တို့ အိမ်ရှေ့ မှာ . လေးဘီးကား လေးတစ်စင်း လာရပ် ပါတယ်. ဒေါ်တင်ကြိုင်ရေ. . . . . ဒေါ်တင် ကြိုင်ရေ. . လာကူပါအုံးဗျ. . . ဆိုတဲ့ ကျွန်တော်တို့ ရင်းနှီးနေ တဲ့ ဖေဖေ့ အချစ်ဆုံး သူငယ်ချင်း ဦးလေး ကိုထွန်းမြင့်(တက္ကသိုလ် မင်းမော်) ရဲ့ အသံ ကို ကြားရပါတယ်. (အဲ့ ဒီ့ ခေတ် ရဲ့ ည ၁ဝနာရီ ခွဲ ဆို တာ တိတ် ဆိတ် လွန်း လှ ပါတယ်). . အမေ လဲ ဘာဖြစ်မှန်း မသိ ဘဲ ထိတ်ဟန် ဖြစ် ပြီး အိမ် ပြင် ပြေး ထွက် သွား ပါ တယ် . . ခဏ နေ တော့ အမေ ရယ် ဦးလေး ကို ထွန်းမြင့် ရယ် ဇက်ကျိုးကျ နေ အောင် မူး နေ တဲ့ . . အဖေ့ ကို တွဲ ခေါ်လာ ပြီး မီး မှိန်မှိန် ရှိနေတဲ့ အိမ်ရှေ့ ဧည့်ခန်း က ပက် လက် ကုလားထိုင် မှာ ထိုင် ခိုင်း လိုက် ပါ တယ်
အမေ က. အဖေ့ ကပ် ရက် ဘေး က ခွေး ချေ လေး ပေါ် မှာ ထိုင် ပြီး အဖေ့ ကို ဖေး ထား ပါ တယ်. . ကျွန်တော် တို့ မောင် နှမ ၃ ယောက် က အိမ် အလည် ခန်း ကနေ အဖေ့ ကို အံဩစွာ လှမ်း ကြည့် နေ ကြ ပါတယ် ဒီလို မျိုး အဖေ တစ်ခါ မှ ဖြစ် တာ မတွေ့ ဘူး ခဲ့ လို့ ပါ. . .စိတ်ထဲမှာ ကြောက် သလိုလို ရှိ ပါတယ် . . . အဖေ့ ပါးစပ် က ဗလုံး ပထွေး နဲ့ ဘာမှန်း မသိတဲ့ စကားတွေ ဆက် ပြော နေ ပါတယ်. . . . .
အမေ က. . ကို အောင်သင်း ရှင် ဘာ ဖြစ် လာ တာ လဲ . . . ဘယ်လို ဖြစ် တာ လဲ ဆို တာ အကြိမ်ကြိမ် မေး တော့ မှ အဖေ့ ပါးစပ် . . က လျှာ လေး အာလေး ကြီး နဲ့ . . . မတင်ကြိုင် ရေ. . ကျုပ် တော့ အလုပ် ပြုတ် ခဲ့ ပြီ မတင်ကြိုင် ရယ် . . ကျုပ် အလုပ် ပြုတ် ခဲ့ပြီ ဗျ . . ဆို ပြီး တစ် ခါ ထဲ ဆက် တိုက် ချုံး ပွဲ ချ ငို ပါတော့ တယ်. . . . ခင်ဗျား တို့ ယောက် ကျား ကြီး တစ် ယောက် ရိုက်ကြီးတငင် ငို တာ့ မြင်ဘူး လား... မြင် ဘူး ခဲ့ ရင် ဘယ်လောက် စိတ် ထိခိုက်စရာ ကောင်းတယ် ဆို တာ ဟာ ကျွန်တော် ရေး ပြ နိုင် တဲ့ စကားလုံး ထက် ကျော်လွန် ပြီး စိတ် ထိခိုက်စရာ ကောင်းလှတယ် ဆို တာ လောက် ဘဲ ပြော ပြ ပါရစေ တော့ဗျာ. . ..
ကျွန်တော် တို့ အတွက် တော့ အား ကိုး ယုံ ကြည် ရ ဆုံး . အခိုင်မာ ဆုံး ကမ္ဘာမြေ သွက် သွက် ခါ အောင် လူပ် ရမ်း သွား သလို ပါ ဘဲ. . ခိုကိုး ရာ မဲ့ ဖြစ် ပြီး ကျွန်တော် စ ငို ပါတယ်. . (ကျွန်တော့ အသက် ၁၂ ပါ). . . ပြီး တော အမ ကျွန်တော့ အကို . . . ၃ ယောက် လုံး ငို ပါတယ် . . .
အား ကိုး အယုံ ကြည် ရ ဆုံး. . . အခိုင် မာ ဆုံး လို့ ယုံ ကြည် ထား တဲ့ . . အဖေ က ချုံး ပွဲ ချ ငို တဲ့ နောက် တော့ . . . သူ ကို မှီ ခို နေ တဲ့ ကလေး တွေ လန့် ပြီး ခို ကိုး ရာ မဲ့ ဆက် ပြီး ငို တာ ဆန်း သလား ဗျာ. . . ကျွန်တော် တို့ မိသားစု ရဲ့ ကမ္ဘာ ပျက် တဲ့ ည အစ ပါ. . . . . . ဦးလေး ကို ထွန်း မြင့် က. အမေ့ ကို ဆက် ပြီး ရှင်း ပြ နေ ပေ မယ့် . . . ဘာ တွေ မှန်း သေ ချာ နား မလည် ခဲ့ ပါ. . . . သိပ် သတ္တိ ကောင်းတဲ့ အမေ ဟာ. . . .( နောက် မှ ပြန် စဉ်း စား မိတာ နော်). . ကို အောင်သင်း ရယ်. . . ကျွန်မတို့ အစ က. . . ပြန် စ ကြ တာ ပေါ့. . . ဘာ ကြောက် စရာ လို သလဲ. . . ဘာ မှ စိတ် ဓာတ် မကျ နဲ့. . . စကားတွေ တွင်တွင် ပြော ပြီး. မျက်ရည်စ တွေ နဲ့. အဖေ့ ကို သူ့ ရင် ခွင် ထဲမှာ ပွေ့ ထား ပါတယ်. . . . အဖေအရမ်း မူး လို့ ငြိမ် သွား ပြီး ခဏ ကြာတော့ မှ. . . . ဦးလေး ကို ထွန်း မြင့် က. . နူတ် ဆက် ပြီး . . လာ ခဲ့ တဲ့ လေး ဘီး ကား လေး နဲ့ ပြန် သွား ပါ တယ်. . . . အမေ ကတော့ အဖေ့ ကို ပွေ့ လျက် ပါ. . . . .( ခဏ . . နေ ကြ အုန်း ဗျာ. . ကျွန်တော် ဆက် ရေး လို့ မရ တော့ ဘူး. . . . . ..နားလည် ကြပါ ဗျာ)
ကျွန်တော် နောင် တစ်ချိန် မှာ နား လည် နိုင် ခဲ့ ပါတယ်. . . . . သူ ကျ ခဲ့ တဲ့ မျက် ရည် ဟာ. . . သူ့ အချစ် ဆုံး တက္ကသိုလ် ကျောင်း ဆရာ ဘဝ ကို စွန့် လွှတ် လိုက် ရ ခြင်းနဲ့. . သူ့ ကို မှီ ခို နေ တဲ့ ကလေး ၃ ယောက် အတွက် ယူကျုံး မရ ဖြစ် ခြင်း တို့ . . ရော ယှက် ပြီး အရမ်း စိတ် ထိ ခိုက် သွား ခဲ့ တာ ဖြစ်မယ် လို့ ကျွန်တော် ယူဆမိပါတယ်. . . . . .
အဲ့ ဒီ့ နောက် ပိုင်း . . ၁ လ လောက် ထိ အိမ် ရှေ့ ဧည့် ခန်း မှာ မှာ ငူငူ ကြီး ထိုင် နေတတ် တဲ့ အဖေ့ ကိုမြင် ရပါ တယ်. . မိသားစု ၅ ယောက် နေတဲ့ အိမ် ကလေး ဟာ လပိုင်း အတန် ကြာ ထိ ရယ်မော သံ တွေ တိတ် ဆိတ် သွား ပါတယ်. . အပြင် က နေ ပြေး လွှား ဆော့ ပြီး ပြန်လာ တတ် တဲ့ ကျွန်တော် ဟာ. . အိမ် အဝ ကအဖေ့ ကို မြင် ရင်. . သနား သလိုလို . . . အားနာ သလိုလို ဖြစ် ခဲ့ ဘူးတာ ကို မှတ်မိ ပါတယ်. . ...
သူ သိပ် ချစ် တဲ့ . . နေ့တိုင်း သူ ကျောင်း အပြန် မှာ အိမ် ကို လိုက် လာ တဲ့ သူ့ တပည့် တွေ (၂ ယောက် ကနေ ၇ ယောက် လောက် ထိ ရှိ ပါတယ်. . ကျမ်း ပြု ဖို့ ဖေ့ဖေ့ ဆီ ကို အကူ ညီ တောင်း နေ ကြ သူ တွေပါ. . အမေ က ညနေ ဆို အဲ့ဒီ ကလေး တွေ အတွက် ထမင်း တစ်ဇလုံ ကြီး နယ် ပြီး အမြဲ ကျွေး တာ ကို မှတ် မိ ပါတယ်) လဲ အဲ့ဒီ့ နေ့ က စ ပြီး ပျောက် သွား ပါတော့ တယ်. . . တကယ်ပျောက် သွား တာ ပါ ဗျာ. . . တစ်ယောက် မှ ကို မလာ ကြ တော့ တာ. . . ကျွန်တော် က သူတပည့် တွေထဲ က . . . ဦး လေး ကို. . . ကို အရမ်း ချစ် တော့ အဖေ ဒီနေ့ . . ဦလေး ကို. . . တို့ လာ မှာ လား ဟင် လို့ . . ရက် တော်တော် ကြာကြာ ထိ မေး ဖြစ် ပါတယ် . . . အဖေ က တော့ . . မလာ ဘူး သား ရဲ့. . သူတို့ လဲ မအား ကြ လို့ နေ မှာ ပေါ့ . .လူလေး ရယ် ဆို တဲ့. . အဖြေ ကို ဘဲ ပုံ မှန် ရ ခဲ့ ပါ တယ်. . . . (အခု ဒီစာ ကို သူ တို့ ဖတ် မိ နိုင်ပါတယ် အ ကုန် လုံး သက် ရှိ ထင်ရှား ရှိ ကြ ပါ သေး တယ်). . . အိမ် ကို အရင် က ဝင် ထွက် နေတဲ့ သူ တစ်ယောက် မှ မလာ ကြ တော့ တာ ကို တော့ ကျွန်တော်ကောင်းကောင်း မှတ် မိ ပါတယ်(သူ့ ရင်ထဲ မှာ ဘယ်လောက်ထိ စိတ် နာ သွား သလဲ ဆို တာ အလျဉ်း သင့် ရင် ရေး ပြ ပါ အုံး မယ်). .
ကျွန်တော် တို့ အိမ် ရဲ့ စီး ပွား ရေး ဟာ . . ဇောက် ထိုး မိုး မျှော် ဖြစ် သွား ပါတယ်. . . အဖေ့ ရဲ့ ဝင် ငွေ လုံး ဝ မရှိ တော့ ပါ. . အမေ့ ရဲ့ အလယ်တန်း ပြ ဆရာမ လစာ ၂၅၀ လောက် ထဲ နဲ့ရပ် တည် ဘို့ လုံး ဝ မဖြစ် နိုင် တော့ တဲ့ အချိန် မှာ. . အမေ က သူ့ အတန်း က စာညံ့ တဲ့ ကလေး တွေ ကို အင်္ဂလိပ်စာ နဲ့ သင်္ချာ သင်ချင်ရင် အိမ် မှာ ကျူ ရှင်. ဖွင့် ထား တယ် ဆိုတဲ့ အကြောင်း စကြေငြာ ပါ တယ်. . (အမေ က စိန့် ဂျွန်း ယောက်ကျား လေး ကျောင်း မှာ ၆ တန်း G. ရဲ့ အတန်း ပိုင် ဆရာမပါ. . သမိုင်း သင်ပါတယ်. . တကယ့် ဆိုး ပေ့ ဆို တဲ့ ကျောင်း သား စာ အညံ့ ဆုံး ကျောင်း သားတွေ ချည်း ပါ ဘဲ. . ဒါ ပေမယ့် အမေ့ ကို အရမ်း ချစ် ကြ တယ် ဆို တာကို တော့ မှတ်မိ ပါ တယ်. .)
ရှိ တဲ့ ရွှေ ငွေ လေး ထု ခွဲ ပြီး ကျွန်တော် တို့ အိမ် ဧည့် ခန်း ကို ကျု ရှင် ခန်း လုပ် ပြီး . စာ သင် ခုံ တွေ ထည့် လိုက် ပါတယ်. . အဖေ က အင်္ဂလိပ် စာ သင် ပြီး . . အဲ့ ဒီ နှစ် မှာ ၁၀ တန်း အောင် တဲ့ ကျွန်တော့ အမ က သင်ချာသင် ပါ တယ် . ( သိပ် သနား စရာကောင်း တဲ့ ကျွန်တော့ အမ ပါ. . သူ့ ရဲ့ တက္ကသိုလ် ကျောင်းသူ ဘဝ ဟာ ရင် မော ခြင်းတွေ . . နဲ့ ပြည့် နေခဲ့ မှာ သိပ် သေ ချာ ပါ တယ် . သူ့ ရဲ့တက္ကသိုလ် သက်တမ်း ဟာ. ကျွန်တော်တို့.အိမ်ရဲ့ စီး ပွား ရေး ကို ပေး ဆပ် လိုက်ရတာမို့ ပါ. . ကြုံမှ ကျွန်တော် သူ့ အကြောင်း ပြောပြ ပါ့ မယ်)
တက္ကသိုလ် ဆရာ တစ် ယောက် က ရုတ်တရက် ၆.၇.၈ တန်းတွေ ရဲ့ စာ အညံ့ ဆုံး သူ တွေ ကို စာ သင် ရ တဲ့ အခါ အဆင် မပြေ မူ့ တွေ အများ ကြီး ဖြစ် ခဲ့ ပါတယ်. သူ သိပ် စိတ်ပျက် သွား တဲ့ မျက် နှာ မျိုး တွေ ကို အကြိမ်ကြိမ် မြင်ခဲ့ ဘူးပါတယ် . ဒါပေမယ့် သူ့ ရဲ့ ဆရာ စိတ် နဲ့. .ပညာ မတတ် တဲ့ ကလေး တွေ ကို သနား ခြင်း . စာနာခြင်း စိုးရိမ် ခြင်းစိတ်တွေ ဟာ. . အဲ့ ဒီ့ အချိန်က စပြီး အာရုံ စိုက်မိ လာစေ တယ် လို့. ကျွန်တော် ထင်ပါတယ်. .
စာသိပ် ရှည် နေပြီဗျာ
သူ့ အကြောင်း ကို ဆက် မရေး ခင် အလုပ် ပြုတ် တဲ့ အကြောင်း ကို သိပ် စိတ် ဝင် စားနေ လို့ လာ မေး သူ တွေ အရမ်း များ နေ ပါတယ်. . အဲ့ ဒီ့ အကြောင်း အရင် ပြော ပြ ပါ့ မယ်. . .
တောင် ငူ ဆောင် မှာ . ဆရာ ဦးအောင် သင်း ရဲ့ အခန်း ဟာ . . ကျောင်းသားတွေ တရုန်းရုန်း နဲ့ အမြဲ ရှိ နေ တဲ့ အခန်း လို့ ဆိုစမှတ် ရှိ ကြ ပါ တယ်. . . . ဟုတ် လောက် ပါတယ်. . . သူက သူ့ ကျောင်းသားတွေ နဲ့ လဲ သူငယ် ချင်း လို ဘဲ ပေါင်းတာ. . သူ နဲ့ အနီး ကပ် နေ ခဲ့ ဘူး တဲ့ တပည့် တိုင်း လိုလို သိပါတယ်. . သူစာ သင် တဲ့ အတန်း တိုင်း ကျောင်း သားတွေ ပြည့် နေ ခဲ့ တာ ဟာ . . ကျန် တဲ့ သူ တွေ အတွက် အတော် မျက်မုန်း ကျိုး စရာ ဖြစ် နေ ခဲ့ ဟန် တူ ပါတယ်. သူကတော့ လူ တိုင်း ကို သူ့စိတ် လို ဘဲ သ.ဘော ထား လေ့ ရှိ တဲ့ အတွက်. . သိခဲ့ဟန်မတူပါ. . (အဲဒီ့ အတွက်ကြောင့် လဲ သူ အကြိမ်ကြိမ် ဒုက္ခ ရောက် ခဲ့ ဘူး ပါတယ်. . ဆုံး သာသွားရော . . မှတ် ဟန် မတူပါ . . လူတိုင်းကို သူ့လို ရိုးသားတယ် လို့ ဘဲ ထင်လေ့ ရှိ ပါတယ် သူ့ တပည့် တွေ ရဲ့ အလိမ် ခံ ရတာလဲ အကြိမ်ကြိမ်ပါ)
သူတပည့် တွေ ကျောင်းသားလေး တွေ ကို သိပ် ထွန်း ပေါက်စေ ချင်တာ သူ့ ရဲ့ စိတ်ရင်း အမှန်ပါ . . . . ကလေးတစ်ယောက် မေးတဲ့ မေး ခွန်း ကို သူ လေးစားစွာ အာရုံ စိုက် နားထောင် ပြီး မှ. . . စိတ် ကျေ နပ် စရာ ဖြစ် လောက် မယ့် အဖြေ.. . သူမသိခဲ့ ရင်တောင်မှ . ဖြစ် နိုင်ခြေ ရှိ ခြင်း မရှိခြင်း တို့ ကို အကျိုးသင့် အကြောင်း သင့် ပြန် ရှင်းပြ တတ် ပါတယ်. . ဒါ ဆရာ အောင်သင်း ပါဘဲ. .
စ ခဲ့ တဲ့ ဇာတ်လမ်း က တော့ နံရံ ကပ် စာ စောင် က စတယ်လို့ ဘဲ ဆို ရပါ မယ်. . . . မြန်မာစာ ကျောင်း သားတွေ ရဲ့ နံ ရံ ကပ် စာစောင် ကို သူ က အောင်မြင်စေချင် လွန်း လို့ ကိုယ် တိုင် ဦး စီး တယ် လို့ သိ ရ ပါတယ်. . . ကလေးတွေ ပေးတဲ့ ကဗျာ တွေ . . စာ တို အပိုင်းအစ လေး တွေကို . . ကိုယ် တိုင် ဦးစီး ပေး တည်းဖြတ်ပေး ပြီး အရမ်း အားထုတ် ပေး ခဲ့တယ် လို့သိရ ပါ တယ် . .
ကိုယ် တိုင်က ပန်းချီ ဆွဲ တတ် တော့( သူ ပန်းချီ ကို ကောင်းစွာ ဆွဲ တတ် ပါတယ်) ကလေးတွေ လို တဲ့ ရုပ် ပုံ တွေ မဆွဲ တတ် တဲ့ ရုပ် ပုံ တွေ ကို ကိုယ် တိုင် ဝင် ဆွဲ ပေး ခဲ့ တယ် လို့ ဆိုပါတယ်. . နံ ရံ ကပ် စာစောင် ပြ တဲ့ အချိန် မှာ . . . ကျောင်းသားကျောင်း သူ တွေ တဝုန်ဝုန်း နဲ့ အအောင် မြင်ဆုံး နံ ရံ ကပ် စာစောင် ဖြစ်သွား ပါသတဲ့. . သို့သော်. . နံရံကပ် စာစောင် မဖွင့် မှီ ကလေးတစ်ယောက် က. . ဆရာ ဖား ပုံ မဆွဲ တတ် လို့ ဆွဲ ပေး ပါ .ို ပြီး အဖေ့ အခန်း ထဲ အထိ လာ အကူ ညီ တောင်းတော့ အဖေ က ဖား ပုံ လေး တစ် ပုံ ဆွဲ ပေး လိုက်ပါသတဲ့ . . ဆေး ယူ တဲ့ အချိန် မှာ. . ဆေး အနက်စက် ကလေး တစ် စက် က ဖား ပုံလေးရဲ့ ဘေး မှာ ကျ သွား ပါသတဲ့. . အဖေ က ပုံ ဆွဲ ပေး ပြီး. . အဲ့ ဒီ့ ကျောင်း သား ကို . ဒီဆေး စက် ကလေး ဖျက် လိုက် အုံး ဆို တော့ ဟို ကလေး ကလဲ. . ဟုတ် ကဲ့ ဆရာ ဆို ပြီး . . အချိန်မရ လို့ မဖျက် ဘဲ နံရံ မှာ ကပ် လိုက်ပါ သတဲ့. . အဲ့ ဒီ့ ပြစ် မူ့ က တော့ ဆရာ ဦး အောင်သင်း က . . . မြန်မာ နိုင် ငံ ကြီး အမှောင် ကျ နေ ပြီ ဆို ပြီး. . . နိမိတ် ပြ ခဲ့ တာ မဟုတ်လား ဆိုတဲ့. . ပြစ် မှူ့ တစ် ဖြစ် သွား ခဲ့ ပါတယ်. . . .
ဒုတိယ ပြစ်မူ ကတော့ . . ကလေးတွေ ရေး ထား တဲ့ ကဗျာ တစ် ပုဒ် ရဲ့. . ရှေ့ ဆုံး စာ လုံး တွေ ချည်း ဘဲ ဖတ် ရင် . . ၇ ရက် ဇူ လိုင် ဖြစ် နေ ပါ သတဲ့. . . အဲ့ ဒီ့ ပြစ် မူ ၂ ခု ကို ဆရာ အချင်းချင်း ဝိုင်းကြပ် ပြီး အရောက် ပို့ လိုက် ကြ တာ ပါ ဘဲ ခင်ဗျား. . . (ကျွန်တော် အဲ့ ဒီ့ ဆရာ တော်တော် များများ ရဲ့. . နာမည် တွေ အခု ထိ မှတ် မိ ပါ သေးတယ် . . . ဘဝ မှာ ဘာ မှ လဲ ဖြစ် မသွား ရှာ ကြ တော့ ပါ. . . သင်ခန်း စာ ယူ စရာ ကောင်းလှ ပါတယ်. ). ..
နောက် ဆုံး အကြီး ဆုံး ပြစ်မှူ ကတော့. . ဒီ ကိစ္စ. အတွက် အထူး စုံ စမ်း စစ် ဆေး ဖို့ . . ပညာ ရေး ဒု ဝန် ကြီး က ခေါ် ပြီး စစ် တဲ့ အချိန် မှာ ကျန်တဲ့ ဆရာတွေ (အကုန်လုံးအဖေ့ ထက် ကြီး တဲ့ ရာထူးတွေနဲ့ ပါ) . လဲ ရှိ ပါ သတဲ့. . . စားပွဲ ဟို ဘက် ထိပ် ဒီဘက်ထိပ် ဝန်ကြီး နဲ့ သူတို့ တရားခံ လို့ ယူဆ ထား တဲ့ . ဦးအောင်သင်း နဲ့. . . စကားပြော ကြ ပါ သတဲ့. . .
ဦးအောင်သင်း . ဒါ ဟာ ခင်ဗျား အဓိပ္ပါယ် ရှိရှိ လုပ် တာ မဟုတ် လား . . ဆို ပြီး. . . ငါ့ ကို ဒါ ဘဲ အမူ စစ် သလို စစ် လာတော့. . ကြာတော့ ငါ လဲ အရမ်း ဒေါသ ထွက် လာ ပြီး. . . ထ မတ်တပ် ရပ် ပြီး စားပွဲ ကို လက်ဝါးနဲ့ ရိုက် လိုက် ပါ သတဲ့. . ပြော လိုက် တဲ့ စကား ကတော့. . ဒီမှာ ဝန် ကြီး ကျုပ် အောင် သင်း က ယောက်ျားဗျ. . . ယောက်ျားစကားဘဲ ပြောတယ်. . ဒါတွေကို ကျုပ် တကယ် မသိဘူး ဆို တာ အမှန် ဘဲ. . မတော်တဆ ဖြစ် ခဲ့ တယ် ဆို တာ လဲ အမှန် ဘဲ . . ကြိုက် သလို လုပ် လိုက် ကြ တော့ လို့ ဆိုပြီး ထတွယ် ပစ်လိုက် ပါသတဲ့. . . .
ငါ့ ကွာ . . ရယ် ရတာ ပြော အုံး မယ်. . အာ့ လို ငါ က မတ်တပ်ထ ပြီး ဒေါ သတကြီးပြော လိုက် တဲ့ အချိန် မှာ. . ဝန် ကြီး က လဲ သူ့ ကို ဒီလိုမျိုး ပြော ခဲ့ ဘူး တာ တစ် ယောက်မှ ရှိ ခဲ့ ဘူး ပုံ မရ တော့.. ပါးစပ်အဟောင်း သားကြီး ဖြစ် သွား တာ ကိုးကွ တဲ့. . . ဘေး က ဆရာ ကြီး တွေ က လဲ. . ဦးအောင်သင်း . . ဦးအောင် သင်း . . ဒီလို မပြော ရ ဘူးလေ . . ဆို ပြီး. . ငါ့ ကို အတင်း ဝင် တား ကြ ပါလေ ရော. . ငါ လဲ ပြော ပြီး. .ငုတ် ကနဲ့ ပြန်ထိုင် ချ လိုက်ပါ ရော တဲ့. .
ဝန် ကြီး လဲ ဘာ ပြော ရမှန်း မသိ အကုန် လုံး. . ကြောင်စီစီ တွေ ဖြစ် ပြီး ငြိမ် ကုန်ကြရော တဲ့. . ခဏ နေ တော့ ဦးအောင် သင်း ပြန် နိုင် ပါ ပြီ ဆို တော့ ငါ လဲ လွယ် အိပ် ကလေး ယူ ပြီး ဘောက်ဆတ်ဘောက်ဆတ် နဲ့ ပြန် ထွက် လာရင်း. . .
ငါတော့ ပြုတ် ပြီ ဆို တာ သိ လိုက် ပါရဲ့ ကွာ တဲ့. . . ရယ်ရင်း နဲ့ ကျွန်တော့ ကို ဆရာ အောင် သင်း ဆိုပြီး ဖြစ် လာ တဲ့ အချိန် မှာ မှ ပြန် ပြော ပြ ခဲ့ တာ ပါ ခင်ဗျား. . .
အဲ့ ဒီ့နောက် ၅ ရက် လောက် အကြာ မှာ. . . Dismiss ဆို တဲ့ အော်ဒါ ထွက် ပြီး. . အာမထိ လျှာ မထိ ပြုတ် ခဲ့ တာဘဲ လူလေး ရေ တဲ့. . .
ထွန်းမြင့်(တက္ကသိုလ် မင်းမော်) ကတော့.ငါ့ ကို ခင်ဗျား အသနား ခံ စာ တင် ကြည့် ပါ့ လား . . ပင်စင် လေး ဘာလေး ရလိုရငြား ဆို ပြီး အကြံ ပေး သေး တယ် ကွ. . . ငါလဲ . ရီး တောင် မတင် ဘူး ကွာ ဆျိုပီး နေ လိုက်တာ. . မြန်မာ စာ ဌာ န နဲ့ ရေ စက် ကုန် သွား တာ ခုထိ ဘဲ တဲ့. .(၁၉၉၀ နောက်ပိုင်း ကျွန်တော် လူလားမြောက်ပြီးမှ အဖေ ပြောပြ ခဲ့ တာလေးပါ.) . .
ဆရာ သိပ် ပီသ လွန်း တဲ့ အဖေ ဟာ. . သိပ် မကြာ ခင် မှာ ဘဲ ၆.၇.၈ တန်းတွေ နဲ့ အသားကျ သွား ပါ တော့ တယ်. . .
ညနေဘက် ဆို အိမ်မှာ ကလေးတွေ တရုန်းရုန်း နဲ့ အော်သံ ငေါက်သံတွေနဲ့ စာသင် နေတဲ့ အဖေ့ ကို မြင် ရ မှာ ဖြစ်သလို. .( အင်မတန် ဆော့တဲ့ ကလေး အရွယ် တွေကိုးဗျ). . . . နေ့ ဘက် ဆို ရင် တော့ ဧည့် ခန်း ထောင့် က ပက်လက် ကုလားထိုင် လေး မှာ. . ထိုင် ပြီး . . စာဖတ် လိုက် ဘေးက စားပွဲ မှာ ထိုင်ပြီး စာ ရေး လိုက် လုပ် နေ တဲ့ အဖေ့ ကို တွေ့ ရ မှာ ဖြစ် ပါတယ်. . . သူ အားတဲ့ ညဘက် ဆိုရင်တော့ ဆရာ ဆောင်မှာ နေ တဲ့ ဦးလေး ကိုထွန်းမြင့် နဲ့ အန်တီဌေးတို့ လင်မယား . .ဦးလေး ကိုဝင်းမွန် (စာရေးဆရာ အောင်ခန့်) တို့ ဆီ ကို သွား တတ် ပါတယ်. . . ကျောင်းအကြောင်း ဌာ န အကြောင်းလေး တွေ ကို အလွမ်းပြေ ပြန် စစ် စု တာ မျိုး လေး ဖြစ် ဟန်တူ ပါတယ်. . ..
ကျွန်တော် အမှတ် မမှား ခဲ့ ရင်. . အဲ့ ဒီ့ အချိန် တွေ ဟာ သူ့ ရဲ့. . . စာပေ ဝေဖန်ရေး ကလောင် စွမ်းရည် ကို အရှိန်မြင့် ဆုံးဖြစ် လာချိန်လို့ ထင် ပါတယ်. .
အဲ့ ဒီ့ မတိုင်ခင်ကတော့ . ၁၉၇၃ လောက် ကစ ပြီး . . စာပေ သဘောတရား နဲ့ ပတ် သက် တဲ့ ဆောင်းပါးတွေ ကို ပြောက်တိ ပြောက် ကျား.လောက်ဘဲ ရေး ဖြစ် ခဲ့ တာ ပို များ ပုံရ ပါတယ် .
သို့သော် သူရေး ခဲ့ သော စာပေ ဆောင်းပါတစ်ပုဒ် ကြောင့်. . ဆရာ ဦး သိန်းဖေမြင့်ကိုယ် တိုင် တောင်ငူဆောင် က အဖေ့ ဆီ လာ ပြီး ဆွေး နွေး ဝန် ခံ သွား ရ တဲ့ အထိ စာပေ ဝေ ဖန်ရေး သဘော တရား ကို ပညာ ရှင် အဆင့် ရေး သား နိုင်ခဲ့ သူပါ. . . (စရိုက်သေ ၏ ခွန် အား. . ဆို တဲ့. . ဆောင်းပါး ကလေး ပါ. .
ဂျာနယ်ကျော် ဦး ချစ်မောင် ရဲ့ . . သူ. . ကို ဆရာ ဦးသိန်းဖေ မြင့် . တွယ် လိုက်တာ က စပါတယ်. .. အဲ့ ဒါ ကို အဖေ က သူ စာ အုပ် မျိုး ဟာ လဲ လူ ငယ်တွေ အတွက် အင်မတန် အရေး ကြီးကြောင်း စာပေ သဘော မှာ စရိုက်သေ ဟာ ရှိ့ ဖို့ လိုအပ် ကြောင်း. . . အရှေ့ ကနေ ဝန်း ထွက် သည့် ပမာ မှာ ပါတဲ့ မင်း သား . ဟာ လဲ စရိုက် သေ ဖြစ်နေတဲ့ .အ ကြောင်း နဲ့ ပတ် သက် ပြီး ပြန် တုန့် ပြန် လိုက် တဲ့ ဆောင်းပါး လေး ပါ. ).
စာ သမား ခြင်း ဘဲ စိတ်ဝင် တစား စောင့် ဖတ် နေ ကြ တဲ့ စာ အမျိုး အစားတွေ ကို ရူမဝ မဂ္ဂဇင်း မှာ အလုပ်ပြုတ် ပြီးနောက် သူ ဆက်တိုက် ရေး လာ တာတွေ့ ရ ပါတယ်.. . .
၁၉၇၈ . ၇၉ နှစ်တွေ မှာ.သူ့အတွက်. အမှတ် ရ စရာ အကြောင်း တွေ ထဲက သူ့ ရဲ့. ဗေထိ ဆို ကွဲ တဲ့ အကြောင်းလေး ၂ခု ကို တော့ အရင်ပြောပြ ချင်ပါတယ်. . သူ တပည့် ၂ ယောက် အကြောင်းပါ. . .
သူ့ ကို သိပ် ကြည် ညို တဲ့ . . သိပ် ယုံကြည် တဲ့. . တပည့် တစ်ယောက် ရှိ ပါတယ်. . . ကို တင့်လွင် တဲ့. . သူက . . ဆရာ့ ဆောင်းပါး တွေ ကို စု ပြီး စာအုပ် ထုတ်ချင်တယ် လို့ ပြော ပါတယ် . . အဖေ က မောင်တင့် လွင် ဖြစ်ပါ့ မလား ဒါက ပညာ ရှင်ခြင်းစိတ်ဝင်စား မှ ဖတ် တာ နော . ဆိုတော့. . . ဖြစ် ပါ တယ် ဆရာ ရယ် . . မြန်မာ နိုင်ငံ က စာပေ သမား တိုင်း သိထား ရမယ့် စာမျိုးတွေ ကိုယ်တိုင် ဝယ် ပြီး ပြန် ပြန် ဖတ် နေ ရ မယ့် စာမျိုးတွေ ဆိုပြီး. . အုပ် ရေ ၅၀၀ ကို နည်း တယ် ဆို ပြီး ၁၀၀၀ ရိုက် ချ လိုက် ပါလေရော( အရေ အတွက် မှား နိုင် ပါတယ်နော်)
"စာပေ ရေး ရာ ဆောင်းပါးများ အောင် သင်း. .အမေ့ အိမ် စာစဉ်" ဆို ပြီး ရိုက်ချ လိုက် ပါလေရော. . . .
ကွဲ တာပေါ့ ခင်ဗျား. . . အပီ အပြင် ကို ကွဲ တော့တာပေါ့ . ဘယ်လိုလုပ် ရောင်းရ မှာ တုန်း.ဝယ်တဲ့ သူလဲ မရှိ. ဘယ်သူမှ မှ မသိဘဲ. . အောင်သင်း ဆို တာ ဘာမှ မှ. မဟုတ်သေး တာ ကိုး. .ပြီးတော့ လှို့ဝှက် သဲဖို တို့ ဘာတို့ မှ မဟုတ်တာကိုးဗျ. . . .
စိန် အောင်သင်းဆို ရင် တောင်မှ. ဇာတ်မင်းသားထင် ပြီး တော့် စာအုပ် တွေကို ဝယ်ချင် ဝယ်ကြအုံး မှာ.(မိသားစု အတွင်း မှာ အမေ. က အဖေ့ ကို. စ တဲ့ စကားလုံးလေးပါ . စိန်အောင်မင်း က အရမ်း နာ မည် ကြီးနေ ချိန် ကိုး.)
အဲ့ဒီ့ ဖြစ် ရပ် ကို ပြန် တွေး ရင်ရယ်လဲ ရယ် ချင် တယ် . ဆရာ တပည့် ၂ ယောက် လုံး သနား ဖို့ ကောင်းကြတယ်. . ကို တင့် လွင်က လဲ ရှိ စု မဲ့ စု လေး စု ပြီး လုပ် ထည့် လိုက် တာ ဆိုတော့. အမေ့ အိမ် တောင် ပေါင်လိုက် ရ ပလား မသိဘူး ဆို တဲ့. . ရယ်စရာ စကား ကျွန်တော် တို့ မိသားစု ထဲ မှာ ဖြစ် သွား သည် အထိ ဘဲ ဗျို့. .
အဖေ က ကိုတင့် လွင် ကို အား နာ . . ကို တင့် လွင် က အဖေ့ ကို မျက် နှာ ပူ. . . . ပထမ ပိုင်းတော့ ကို တင့် လွင် လဲ အိမ်ကိုလာ သေး တယ် ဗျ. နောက်ကျ တော့ မျက်နှာ ပူ လို့ ထင်ပါရဲ့ သိပ်မလာတော့ ဘဲ . လာ တာ ကျဲ သွား ပြီး . နောက်ဆုံး လုံး ဝ ကို မလာ တော့ပါ အိမ် မှာ လဲ စာ အုပ် အထုပ် တွေ အများကြီး ကျန် ခဲ့ ပြီး အိမ်ထဲ မှာ . . ဟိုရွှေ့ ဒီ ရွှေ့ နဲ့. . လေး ငါးနှစ်လောက် ကြာတော့. . ခြ စား ပြီး . . နိတ်ထိ တံ သွား ပါတော့ တယ် ခင်ဗျား. . . . . .
ကိုတင့်လွင် ဟာ အင်မတန် စိတ် ကောင်းရှိတဲ့ သူ ပါ. . နောင် . . ၁၀နှစ် ကျော် လောက် ကြာ မှ တစ်ယောက် နဲ့ တစ် ယောက် ပြန် ဆုံ ကြ ပြီး အရင် လို ဘဲ အခင် မင် မပျက်. . . အဖေ ဆုံး သည် အထိ အတူ ဆက်ဆံ သွား သူ တစ် ယောက် ပါ ခင်ဗျား. . .
(အကို တင့် လွင်တော့ ဒီစာ ကို သူမြင်ရင် ရယ် မလား မသိ. . သူ့ ရဲ့ ငယ် ဘဝ ပါနေ သကိုး. . . )
နောက် ထပ် သူ့ တပည့် တစ်ယောက် အကြောင်း ဆက် ပါ ဦးမည်. . . . .
အဖေ့ ရဲ့ ငယ် ဘဝ တစ်ချို့ အစိတ် အပိုင်းလေးတွေ ကို သူ့ စာတွေ အတော် များများ ထဲမှာ ရေးထားပြီး လို့ အတော် များများ ဖတ် ဘူး ကြပါ လိမ့် မယ်. . . အခု ပြော မယ့် အကြောင်းလေး တွေကတော့ အဲ့ ဒီ့ အထဲ မှာ မပါဘူး တာ သေချာပါတယ်
အမေ နဲ့ အဖေ ၂ ယောက် လုံး က တောင်တွင်းကြီး ဇာတိ ပါ. . အမေ့ဘက်က သင့်တင့် ချောင်လည် တဲ့ မိသားစု ပါ (ဆွေစဉ် မျိုးဆက်ချမ်းသာတာ မဟုတ်ပါ အမေ့ ရဲ့ အဖေ က အရမ်းဆင်းရဲခဲ့ ဘူးတော့ အရမ်း အလုပ်လုပ် ရင်း ချမ်း သာလာ တာ မျိုးပါ) . .
အဖေ့ ဘက် ကတော့ တစ်ချိန်က ပန်းတိမ် လုပ် ရင်း အတန် အသင့် ရှိ ခဲ့ ပေ မယ့်..အဖေ ငယ်စဉ် ကတည်းက မိခင်ဆုံး ပါးခဲ့ ခြင်း.အဖေ လုပ်သူ က နောက် အိမ် ထောင် ပြု လိုက် ခြင်း. တစ်ဖြည်းဖြည်း စီး ပွား လျော လာခြင်းတွေ နဲ့ အတူ ကြီးပြင်း လာ ရတဲ့ အဖေ ဟာ. . အမေ နဲ့ ဆုံချိန် မှာ လက် ဖဝါး ခြေ ဖဝါး ဘဲ ကျန်ပါတော့ တယ်.
အဖေနဲ့ အမေ ၁၀ တန်း ဖြေ မယ့် နှစ် မှာ အမေ နဲ့ ကျောင်းမှာ ဆုံ ပါ သတဲ့. . အဲ့ ဒီ့ အချိန် မှာ . . အဖေ က အမေ့ ထက် အသက် ၂ နှစ် ကျော် ကြီး ပြီး နိုင်ငံရေး နဲ့ ဘဝ အတွေ့ အကြုံ အတန် အသင့် နဲ့ ခပ် ပေပေ နေ တဲ့ အချိန် မျိုး ဖြစ် နေ ပါပြီ. . အဖေ က အမေ့ ကို သမီး ရည်းစား စကား ပြောတဲ့ အချိန် မှာ အမေ က ပဲ များ ဖို့ ကျိုးစား ပါသေး သတဲ့.. . ခပ်တေတေ လူ တစ် ယောက် ကို ပြန် မကြိုက် ချင် သလို လုပ်ပါ သတဲ့ နောက် မှ သူငယ်ချင်းတွေ က ဝိုင်း လှော် ကြ ရင်း သမီး ရည်း စား ဖြစ်ကြ ပါ သတဲ့ဗျား. . (အဖေ အသဲ ကွဲ တဲ့ ပုံ တွေ ဘာ တွေ လုပ် ပြရ သေး လား ဆို တာ ကို တော့ မမေး လိုက် ဘူး ပါ. . ကျွန်တော့ အထင်တော့ လုပ် ပြ ခဲ့ လိမ့်မယ် လို့ ဘဲ ထင် ပါတယ်. . တော့ကီ အရမ်း ကောင်း တာ လဲ ပါ လိမ့် မယ် ဆိုတာ ကို တော့ ကျွန်တော် ယုံ သဗျာ. .)
ဒီလို နဲ့ သမီး ရည်းစား ဖြစ်တော့ အမေ က အဖွား ကို ပြော ပြ ပါသတဲ့. . အဖွား က အဖေ့ ရဲ့ . . ပုံ ပန်း သဏ္ဍန် ကို ကြည့် ပြီး သဘော တူ ပေ မယ့်. . အဖိုး ကတော့ . . ဓန ရှင်စိတ် မျိုး ရှိ ပြီး အဖေ နဲ့ သဘောမတူ ပါ တဲ့. . သူ့ သမီး နုနု ထွတ်ထွတ် ကို ဒီလို အပေအတေ နဲ့ သဘော မတူ နိုင် သလို လုပ် ပါ သေး သတဲ့. . . ဒါပေမယ့် သိပ်ချမ်းသာတဲ့ မိသား.စု က ပေါက် ဖွား လာတဲ့ ပညာ တတ် အဖွား ကို ပညာရေး လုံးဝ အတန်း ပညာ မ ရှိ ဘဲ ခိုးပြေးလာခဲ့ ရတဲ့ အဖိုး က ကြောက် ပါသတဲ့. ကျောက်ပန်းတောင်း ကနေ တောင် တွင်း ကြီး ကို ခိုး ပြေး လာခဲ့ ပြီး အခြေ စိုက် ခဲ့ ကြသူများပါ. . . အဖွား နာမည် က. သားဖွားဆရာမ ဒေါ်တင်မေ ပါ. . ကျောက် ပန်းတောင်းဖက် က ဝန်ထောက် ကြီး တစ်ယောက် ရဲ့ သမီး. . ခရစ်ယာန် အာစီ ပါ. . . အမေ့ ကို မွေး ပြီး မှ. .ဗုဒ္ဒ ဘာ သာ ကူး ပြောင်း လာ ခဲ့ သူ ပါ. . ခရစ်ယာန် ရဲ့ သိမ်မွေ့ ခြင်း နဲ့ ဗုဒ္ဓ ရဲ့ အဆုံး အမ ၂ ခု လုံး ရောယှက် နေ တဲ့ အဖွား ကြီး ပါ. . သိပ် ဖြူ စင် ပြီး ချစ်စရာကောင်းလှပါတယ် (စိုးသူ နဲ့ ကော်နီ ကို မွေး ပေး ခဲ့ တာ အဖွား လို့ ဆွေ မျိုး စု ထဲ့မှာ. . ဂုဏ် ယူ သလို ပြော တာ မျိုး ကြား ဘူး ပါတယ်)
နောက်ဆုံး အဖွား ကြောင့် အဖေ့ ကို သဘောတူ ခဲ့ ပေ မယ့်. . သူတို့ ၂ ယောက် (အဖိုးနဲ့ အဖေ) တစ် သက် လုံး ခပ်တန်းတန်း ဘဲ ဆက် ဆံခဲ့ ကြ တာ ကျွန်တော် သိ ပါတယ် . .
ဒါပေမယ့် ၉၀ ခု နှစ် နောက် ပိုင်း အဖိုး မဆုံး ခင် အချိန် တွေ မှာ အဖေ့ ကို တန် ဖိုး ထား ကြောင်း သူများတွေကို ဆုံး မတိုင်း အဖေ့ အကြောင်းလေး ထည့် ပြော ခဲ့ တာ မျိုး မြင် ခဲ့ ရ ပါတယ်. . . အဖေ က တော့ ခပ် အေးအေး ပါ ဘဲ. . .
ငယ်စဉ် ကတည်း က အမေဆုံး. . အဖေ က နောက် အိမ်ထောင် ပြု အဒေါ် ရဲ့ လက်နဲ့ လမ်း ပေါ် မှာ ဘဲ ကြီး ပြင်း ခဲ့ တဲ့ အဖေ ဟာ. . . သူ့ ယောက်ခမ ကို သိပ် ချစ် ပါ တယ်. . . သူ့ အမေ ကဲ့ သို့ သဘောထား တာ တွေ့ ရပါတယ်. . .အဖွား က လဲ အဖေ့ ကို ချစ် တော့ .ရန်ကုန် ကို အဖိုး နဲ့ အဖွား လာ လည် ကြ ရင် . . အဖိုး က သူ့ သမီး အကြီး အိမ် နဲ့ သား အငယ်( ဗိုလ်ကြီး စိန်သောင်း တိုက် ပွဲ ကျ ၇၂ ခုနှစ်) အိမ် မှာ တည်း ပြီး . . အဖွား က တော့ .ကျွန်တော် တို့ အိမ် မှာ တည်း လေ့ ရှိ ကြ ပါတယ်. .
၁၉၇၈ အဖေ အလုပ် ပြုတ် ပြီး သိပ် မကြာ ခင် မှာ အဖွား က လေ ဖြတ် ပြီး အိပ် ယာ ထဲ မှာ လဲ တော့ ကျွန်တော် တို့ အိမ် မှာ ဘဲ နေ ချင် ကြောင်းပြောရှာ ပါတယ်. . . အဲ့ တာ နဲ့ နာ တာ ရှည် အဖွား ဟာ . . ကျွန်တော် တို့ အိမ်မှာ ဘဲ နေ ဖြစ်ပါတော့ တယ်
အဖေ ဟာ အပြင် က ပြန် လာ ရင် ဘယ် လောက် ပဲ နောက် ကျ နေ နေ . . အဖွား ရဲ့ ခေါင်းရင်း လေး မှာ အမြဲ စကား သွား ပြော လေ့ ရှိ ပါတယ်.(အဖွား ကလမ်း မလျှောက် နိုင်တော့ပါ). အဖွား က လဲ . . ပြုံးပြုံး ပြုံးပြံး နဲ့. . .အဖေ နဲ့ စကားပြောနေ လေ့ ရှိ ပါတယ်. . . .
၇၉ ခုနှစ် မှာ အဖွား ဆုံး တော့ . . အဖွား ရဲ့ အလောင်း ပြင်ထား တဲ့ ကုတင် ဘေး မှာ အသုဘ မချ ခင် ညသန်းခေါင် လောက် ကြီးမှာ အဖေတစ်ယောက်ထဲ. အဖွား အလောင်း ကို တွေတွေ ကြီး စိုက် ကြည့် ပြီး မျက် ရည် တွေ စီး ကျ နေ တာ ကိုကျွန်တော် မြင် လိုက် ရဘူး ပါတယ် . . အလောင်း ကို အခေါင်းထဲ ထည့် ချိန် အသုဘ ချ ချိန် တွေ မှာ အဖေ ဟာ သူ့ အခန်း လေး ထဲ မှာ ဘဲ နေတာ ကို သတိ ထား မိ ပါတယ်. . အသုဘ လိုက် မပို့ပါ. . . .
ဇာတ် လမ်း က အဲ့ ဒီ့ မှာ စ ပါတယ်. . အဖေ့ ရဲ့ ဒု တိယ တပည့် တစ်ယောက် နာမည်ကို AK လို့ ခေါ်ပါတယ် . . သူ က အဖေ နဲ့ အရမ်း နီး တဲ့ တပည့် တော့ မဟုတ်ပါ. . အိမ် ကို အဝင် အထွက် ရှိ ပေမယ့် အရမ်း မရင်းနှီးသေး ပါ. ရန်ကုန် တစ်ဖက်ကမ်း မြို့ က လို့ဆိုပါတယ် . မဂိုလ် လမ်းမှာ ကျောက် တွေ ဘာ တွေ အရောင်း အဝယ် လုပ် တယ်ဆိုတာလောက်ဘဲ သိရ ပါတယ်. ..
အဖွား ရဲ့ အသုဘ မှာ. . သူ ကနေ့ ရော ညရော အိမ် မှာ ဘဲ အိပ် ပြီး ကူ ညီ ပါတော့ တယ်. . နောက် တဖြည်းဖြည်း အမေ ရော . ကျွန်တော် တို့ မောင် နှမ တွေ နဲ့ ရော အရမ်း ရင်း နှီး သွား ပါတော့ တယ်. . .
အသုဘ ပြီးတော့ လဲ. . ရန်ကုန်နဲ့. တဖက် ကမ်း မှာ ဘဲ နေ တော့ တခါတလေ နောက် ကျ တယ် ဆို ရင်ကျွန်တော်တို့ အိမ် မှာ ဘဲ ထမင်း စားသောက် ပြီး အိပ် ပါတယ်. . အဖေ နဲ့ အမေ ရဲ့ . . တိုင်ပင် ရ တဲ့ မောင် တစ် ယောက် ညီ တစ် ယောက် ဖြစ် လာပါ တော့ တယ်. .
တစ်ရက် မှာ အမေ က. . အခန်း ထဲ ကနေ ထွက် လာပြီး မောင် AK ဒီ ကျောက် ကလေးတွေ ကြည့် ပေး ပါ ကွယ် ဆို ပြီး. . လက် ထဲ မှာ စက္ကူ နဲ့ ထုပ် ထား တဲ့ . ကျောက် ထုပ် ကလေး တစ် ထုပ် ကို ပြ ပါ တယ်. . နီလာ လေး တွေ ပါ. . . ဘယက် . နားကပ် လက် ကောက် က ရွှေ တွေ ကို ရောင်း ပြီး ကျောက် ကလေး တွေ ချည်း ဘဲကျန်တာကို စု ထား တဲ့. . ကျောက်ထုပ် ကလေး ပါ. . . အကြီး ဆုံး က တစ်လက်မ ရဲ့ လေးပုံ တစ်ပုံ လောက် ရှိ ပြီး အငယ် ဆုံး က ရွေး ကြီး စေ့ လောက် ရှိ ပါ တယ်. . အလုံး ၂၀ ကျော် လောက် ရှိ ပါတယ်. . လုံးချော လေး တွေပါ. . အရည် မကြီး. . ဂေါ် တွေ ကြိုး တွေ မပါ ပေ မယ့် . . အတန် အသင့် အရည် ရှိ တဲ့ ကျောက် ကလေး တွေ ပါ.(အသက်ကြီး မှ သိတာ နော်) . ခု ခေတ် ဆိုရင် တော့. . သိန်း ဆယ် ဂဏန်း အထက် က နေ နှစ် ဆယ် . သုံး ဆယ် လောက် ထိ ဖြစ် နိုင်မယ်လို့ ထင် ပါ တယ် အဲ့ ဒီ့ ခေတ် အနေ နဲ့ တော့ တစ်သောင်း နှစ်သောင်းလောက် ဘဲ ဖြစ် မှာ ပါ.. . အရမ်း များ တယ် လို့ မဆို နိုင် ပေ မယ့် အဲ့ ဒီ့ အချိန် ကျွန်တော် တို့ မိသား စု အတွက် မနည်း လှ တဲ့ ငွေကြေး ပါ. . . . အမေ က တော့ အညာသူ မို့ ကျောက် အကြောင်း လုံး ဝ နား မလည် ခဲ့ တော့ သူ့ ကျောက်တွေ ဟာ အရမ်း ကို တန် ဘိုး ကြီး တယ် လို့ ယူဆဟန် တူ ပါ တယ်.(ကိုယ်တွေ သိတာ က လဲ ကျောက် ဆို တာ တစ်ခါ တစ်လေ အပိုင်းအစ ကလေး ကတောင် ပြည်တန် တယ် ဘာညာ ကြားရုံ ကြား ဘူး ခဲ့ကြ တာ ကိုး) . .
အိမ် မှာ က လဲ အလုပ် ပြုတ် နေ ရ တဲ့ ကြားထဲ. . အသုဘ ထပ် ဖြစ် တော့ ငွေရေး ကြေးရေး အတော် ကို ထိ နေ ဟန် တူ ပါ တယ်. . ..
မောင် AK. ရယ် ဒီ ကျောက် ကလေး တွေ ဘယ်လောက် လောက် ရ နိုင် လဲ . . အမ တို့ ကို ပြောပြ ပါ ဆို တော့. . သူ က သူများ ကို ပြ ကြည့် ပြီး မှ ခန့် မှန်း ခြေ သိ နိုင် တယ် . ဆိုတာ က စ ပြီး. . . ကျောက် ဆို တာ ဟာ ကြည့် တဲ့ သူ ရဲ့ မျက် လုံး ထဲ မှာ ကို သူ့ အလိုလို တန် ဖိုး ဖြစ်သွားတာ အမ ရဲ့ စ သဖြင့် ရွှန်ရွှန်း ဝေ အောင် ပြော ပါတော့ တယ်. . အမေ တို့ အဖေ တို့ လဲ ပါး စပ် အဟောင်း သားနဲ့ ပေါ့ ခင်ဗျာ. . . .နောက် ဆုံး အမေ က အဲ့ဒါ ဆို လဲ မောင် AK ဘဲ ယူ သွားပြီး ပြ ပေးပါကွယ် ပွဲ စား ခ လဲ ပေး ပါ့ မယ် . . ဆို ပြီး . အဲ့ ဒီ့ ကျောက် ထုပ် ကလေး ကို ထည့် ပေး လိုက် တာ. . .
သူတို့ ၂ ယောက် လုံး ဆုံး သာ သွား ရော. . ကို AK ကို တစ်သက် ပြန် မတွေ့ ကြ ရ တော့ ပါ ဘူး ခင်ဗျား. .
အမေ က ပေးလိုက် ပြီး တစ်ပတ် လောက် ကြာတော့. . .ကို အောင်သင်း လိုက် ရှာ အုံး တော့် တပည့် ကို ဆို တော့ အဖေ က . . ဟာ . . ဒီ ကောင် မအား သေး လို မလာတာ ပါ ကွာ. . ဆို ပြီး အမေ့ ကို ပြော ပါ တယ်. . နောက်တစ်လ နှစ်လ လောက် ကြာတော့ အမေ ပြော လွန်း လို့ အဖေ လဲ တောင် မေး မြောက် မေး နဲ့ . .ကို AK နေ တဲ့ မြို့ ကို သွား ရှာ ပါသေး သတဲ့ . ဘာသတင်း မှ မရ တော့ ပါ ခင် ဗျား. .
အမေ ဟာ အဲ့ ဒီ့ စိတ် ကို အသက် တော် တော် ကြီး သည် အထိ မမေ့ တာ ကို မှတ် မိ ပါတယ်. . သတိရ တိုင်း သူ့ ကျောက် ကလေး တွေ ဆို ပြီး ပြောလေ့ ရှိ ပါတယ်... .
နောင် တစ် ချိန် ကျွန်တော် လူ လား မြောက် တဲ့ အခါ မှာ. . ကျွန်တော် တို့ မိသားစု တစ် အိမ် လုံး ယားနာ ပေါက် နေ တဲ့ အချိန် မှာ လာပြီး ခွေးလယား သီး မှူန့် နဲ့ ပက် သွား တဲ့ ဒီလူ ကို ရှာပြီး လက်စားချေ ချင် သလို စိတ် မျိုး အထိ ဖြစ် ခဲ့ ဘူးပါတယ်. .
. . .. သို့သော် . . လူ တိုင်း ဟာ သူ့ရဲ့ အတိတ် ကံ အတိုင်း. . ကံ ၏ အကျိုး ပေး အတိုင်း သာ . . အသက် ရှင်နေ ကြရ ပေ တာ ကိုးဗျ. . . .
ဒါက တော့ အဖေ့ ရဲ့ ဒုတိယ တပည့် အကြောင်း ပါ ဘဲ ခင်ဗျား. .
ဆက်ပါ အုံး မည်
ဆရာမြိုင်
[ မှတ်မိမှတ်ရာစုစည်းမှုများ ဘလော့ဂ်မှကူးယူပါသည်။ဘလော့ဂ်ဂါအားကျေးဇူးတင်ပါသည်။]
No comments:
Post a Comment