Sunday, 19 May 2019

#ဆရာဦးအောင်သင်း ( အပိုင်း ၄)

#ဆရာဦးအောင်သင်း


( အပိုင်း ၄)


#အောင်မြိုင်သင်း


ဒီ​နေရာ မှာ အဖေ့ ရဲ့ ​နိုင်​ငံ​ရေး​အယူ​အဆ နဲ့​အ​တွေ့​အ​ကြုံ​တွေ​ကို​စ​ပြော ဖို့ လို​ပါ ပြီ. .


အဖေ ရဲ့ ပထမ​ဆုံး လက်ဦး​ဆရာ​ကတော့ ဘ​ဘ ဦး​အောင်​သန်းဖြ​စ်​ပြီး.( ဗိုလ်​ချူ​ပ် အောင်​ဆန်း​ရဲ့ အကို ) . သူ့​ရဲ့ မွေး စား​သား အဖြစ်​နဲ့ ဘ​ဘ​ဦး​အောင်​သန်း .​သွား ခဲ့​သ​မျှ တောက်​လျှောက်​ပါ သွား ခဲ့​ပုံ​ရ​ပါ​တယ်. . ဘ​ဘ ရဲ့ သားသမီး အား လုံး က . . အဖေ့ ကို သူ​တို့ ရဲ့ အကို​အကြီး ဆုံး အဖြစ် သတ်​မှတ်ထား​တာ ကို​လည်း တွေ့​ရ​ပါ​တယ်. အဖေ့​ရဲ့​နောက်ဆုံး အချိန်​တွေ အထိ အဆက် အသွယ်​မ​ပြတ်​ခဲ့​ကြ​ပါ. . 


အဖေ့​ရဲ့ ​နိ​င်​ငံ​ရေး သက်​တမ်း​က ​၁​၉​၄​၆ လောက်​က​နေ ​၁​၉​၅​၆ လောက်​ထိ လို့ ခန့်​မှန်း​ရ​ပါ​တယ်​နိုင်​ငံ​ရေး လောက​ထဲ​မှာ . . ဖျာလိပ်​ခွေး​မောင်း​ပုံ​နဲ့ စီး​မျော လိုက်​ခဲ့​ပြီး အဲ့​ဒီ့​နောက်​မှာ တော့ ​နို​င်​ငံ​ရေး​ကို လုံး​ဝ မ​လုပ်​တော့ ဘဲ ရပ်​ပစ်လိုက်​တာ​မျိုး​ပါ . . 

နိုင်​ငံ​ရေး​ဟာ နုငယ်​နေ​သေး သော အဖေ့​အတွက် စိတ်ပျက်​စရာ အ​တော်​များ​များ ဖြစ် သွား​စေ​တယ်​လို့ ကျွန်တော် ယူဆ​မိ ပါ တယ်.. . 

နို​င်​ငံ​ရေး ကို​လုံး​ဝ​ရပ်တန့် ခဲ့​ပြီး​နောက်​ပိုင်း မှာ​တော့. . ဘဝ​တစ်​သက်​တာ​ပတ်လုံး ကျောင်းဆရာ​အဖြစ်​နဲ့​သာ နေထိုင်​သွား​ခဲ့​တာ​ပါ​ခင်ဗျား. . . 


သူ့​ရဲ့ ​နိုင်​ငံ​ရေး နဲ့ ပါ​တ်​သက်​တဲ့ အယူ​အဆ လေး တစ်​ခု​ကို ပြော​ပြ ပါ​ရ​စေ . .


၁​၉​၆​၆ ခု​နှစ် မှာ DSA ကို လက်ထောက်​က​ထိ​က အဖြစ်​ရောက်​နေ​စဉ် အတွင်း. . . တရက် မှာ ဝန်​ထမ်း အား လုံး ​ဒါ့​ဗာ( အလွတ်​သဘော​မျိုး နှီးနှော ဆွေးနွေး ကြ​ခြင်း) လုပ်​ပါ​သ​တဲ့. . အဲ့​ဒီ့ အချိန်​မှာ ဆို​ရှယ်​လစ် လမ်း​စဉ်​ပါ​တီ​ရဲ့ စည်း​ရုံး​ရေး က ပထမ​ဆုံး တပ်​တွင်း​ကို စတင် စည်း​ရုံး ချိန်​ဖြစ်​တာ​ကြောင့် . . အကုန်​လုံး လမ်း​စဉ် ပါ​တီ ဝင် ကြ​ပါ​သ​တဲ့ . . တစ်​ကျောင်း​လုံး ရှိ သ​မျှ ဆရာ. ဆရာ မ အားလုံး ပါ​တီ ဝင်​ကြ​ပေ​မယ့် . . မ​ဝင်​ခဲ့​သူ​နှစ်​ယောက်​ကတော့. .အဖေ​နဲ့ ဗိုလ်​ကြီး​ဝင်း​ဟန်( ကာ​နယ်​ဘ​ဟန်​၏​သား) နှစ်​ယောက်​ဘဲ ရှိ ပါ​သ​တဲ့. . . 


ဘာ့​ကြောင့် မ​ဝင်​သလဲ​လို့ စည်း​ရုံး​ရေး ဆင်း လာ​တဲ့ ဗိုလ်​မှူး​ကြီး က အဖေ့ ကို မေး​ပါ​သ​တဲ့. . . လမ်း​စဉ်​ပါ​တီ ကို မ​ယုံကြည်​လို့​လား ဘာ​အားနည်း​ချက်​ရှိ​တယ်​ထင်​ပါ​သလဲ. . ကျွန်တော်​တို့​မှာ နား​မ​လည်​ရင် ရှင်း​ပြ ရ​မယ့် တာဝန်ရှိ​လို့​ပါ​ဆို​ပြီး ဆို​ပြီး​အေးအေး​ဆေး​ဆေး မေး လိုက်​တဲ့ အချိန်​မှာ 


အဖေ​က​လည်း ရိုး​ရိုး​ဘဲ ကျွန်တော် ​နို​င်​ငံ​ရေး ကို လုံး ဝ မ​လုပ်​ချင် တော့​လို့ စိတ်​မ​ဝင်စား​တော့ လို့​ပါ ဆို​ပြီး ပြန်​ဖြေ လိုက်​ပါ​သ​တဲ့. ဖြေ​ပြီး ပြန်​ထိုင်​လိုက်​ချိန်​မှာ. . . ဆရာ​တစ်​ယောက် က. ရုတ်​တရက်​ထ ပြီး. . . ဆရာ​ဦး​အောင်​သင်း​ခင်ဗျား. . . .နိုင်​ငံ​ရေး စနစ် နှစ်​ခု​ထဲ​မှာ ဘယ်​စနစ် ကို ကြိုက်​ပါ​သလဲ လို့ ထ​မေး လိုက်​ပါ​သ​တဲ့. ... ငါ့ကို တမင် လုပ်​လိုက်​တာ ကွ လူ​လေး​ရ. ... အင်မတန် ဖြေ​ရ ကြပ်​တဲ့​မေးခွန်း​မျိုး​ပေါ့​ကွာ​တဲ့. သူ​ပြော​တဲ့ နိုင်ငံ​ရေး စံ​နစ် နှစ်​ခု ဆို တာ က . . ဒီ​မို​က​ရေ​စီ လား. . ဆို​ရှယ်​လစ်​လား​ပေါ့ ကွာ. .

ငါ​က ဒီ​မို​က​ရေ​စီ​ကို ကြိုက်​ပါ​တယ်​ဆို ရင်. . . ဖောက်​ပြန်​ရေး​သမား ဖြစ်​အုန်း​မယ်. . . ဆို​ရှယ်​လစ်​စနစ်​ကို ကြိုက် ပါ​တယ်​ဆို ရင် ဘာ​လို့ မ​ဝင်​သလဲ လို့ အ ပြစ်​ဖြစ် မှာ​ပေါ့​ကွ. . . . ငါ​ဘာ​ဖြေ​လိုက်​လဲ သိ​လား လူ​လေး . ဆို​ပြီး . . သူ​ပြော​ခဲ့​တာ လေး ကို ပြန်ပြော​ပြ ပါ​တယ်


ကျွန်တော့​ကို စနစ်​တွေ ဘာ​တွေ ကို မ​ပြော​ပါ​နဲ့. . . ကျွန်တော် အ​ကြိုက်​ဆုံး ​နို​င်​ငံ​ရေး​စနစ်​က. . . အလုပ်​လုံး​ဝ​မ​လုပ် ဘဲ ထိုင်စား​လို့ ရ တဲ့ နိုင်ငံ​ရေး​စံ​နစ်​ကို​ကြိုက်​ပါ​တယ်. . . ဒါ​ပေ​မယ့် အဲ့​ဒီ့ လို ​နို​င်​ငံ​ရေး​စံ​နစ် ဟာ လောက​မှာ မ​ရှိ ​နို​င်​တော့ . . အလုပ်​အများ ကြီး လုပ်​ပြီး နည်း​နည်း ဘဲ​စား​ရ​တဲ့ ​နိုင်​ငံ ရေး စနစ်​ကို မ​ကြိုက်​ပါ​ဘူး..... အလုပ် နည်း​နည်း​လေး ဘဲ လုပ် ပြီး အများ ကြီး စား​ရ​တဲ့ ​နိုင်​ငံ​ရေး စနစ် ကို ကြိုက်​ပါ​တယ်. . . . အခု ဆို​ရှယ်​လစ် စနစ် က ရော ဘယ်​လို​စနစ်​မျိုး​ပါ လဲ . . ကျေးဇူးပြု ၍ ပြန်​ဖြေ ပေး ပါ​ဆို ပြီး​တော့ . . မေးခွန်းထုတ်​တဲ့ ကောင် ကို ပြန်​တီး ထည့် လိုက်​တာ​ကိုး ကွ. .

အဲ့​ဒီ့ ကောင် မျက်နှာ ကွာ. . . အင်း အဲ . ဆို​ပြီး. ဟို​လိုလို ဒီ​လိုလို ဖြစ်​သွား တာ . . ရုပ်​ကို မြင်​စေ့​ချင်​စမ်း​တယ်... . သူ​လဲ​ဘာ​ပြန်​ဖြေ​ရ မှန်း မ​သိ. . ဆရာ​တွေ အားလုံး လဲ. . .ဝေါ က​နဲ့ ဖြစ်​သွား တာ ကိုး​ကွ . .အဲ့​ဒီ့ မှာ ခု​န​က ဗိုလ်​မှူး ကြီး က. . . ဟေ့. . . ဟေ့ . . . ဒီ​လို မေးခွန်း​မျိုး ကို မ​မေး ရ​ဘူး​လေ သူ​လဲ ပညာ​ရှင်​ဘဲ. .. ဆို​ပြီး ခု​န​က မေး တဲ့ ဆရာ ကို လှမ်း​မ​န့် ပါ​လေ​ရော ကွာ. အဲ့​ဒီ့​ဆရာ လဲ ငုပ်​က​နဲ့ ပြန်​ထိုင်​သွား ပါ​လေ​ရော ဟေ့. . . 

. . ငါ့ကို​လဲ ဘာ​မှ မဟုတ်​ပါ​ဘူး ဆရာ . . မေ့​ထား ​လ်ု​က်​ပါ​ဆို​တာ မျိုး ပြန်​တောင်းပန် သွား​တယ်​ကွ​လို့ ဆို​ပါ​သ​တဲ့ ခင်ဗျား. .

( ဒီ​အဖြေ​မှာ ​နိုင်​ငံ​ရေး စည်း​စံ​နစ်​ဘောင် တွေ​က လွတ်မြောက်​သွား​ပြီ ဖြစ်​တဲ့ သူ့​ရဲ့ လွတ်လပ်​တဲ့ ​နိုင်​ငံ​ရေး​အယူ​အဆ ကို . သတိပြု​မိ​နှိုင်​ပါ​တယ်)


၁​၉​၇​၀ နဲ့ ​၁​၉​၈​၂ ကြား​လောက်​ရန်ကုန် တက္ကသိုလ် ထဲ​မှာ. . ကွန်​မြူ​နစ် ဝါဒ ကို ထောက်ခံ​နေ​ကြ​တဲ့ . . ကျောင်းသား​အုပ်စု​တွေ စာ​သမား​တွေ​အများ​ကြီး ရှိ ခဲ့ ဘူး​ပါ​တယ်. . . အခြေ​ခံ လူ​တန်း​စား​ဖက်​က ရပ်​တည်​ရ​မယ်. . ဆို တဲ့ သဘော​မျိုး​တွေ​ပါ . . မိဘ က​အတန်​အသင့် ပိုက်ဆံ ရှိ သော်လည်း. . . အင်း​ကျီ အဖြူ မှာ​ဆေးလိပ် မီးပေါက်​တွေ​တမင်​လုပ်​ထား. . ဂျပန်​ဖိနပ် ကို အမြီး ပြတ် အောင် တမင်​လုပ်​ပြီးစီး . . လွယ်အိတ် အကြီး​ကြီး​လွယ်. ဆေးပေါ့လိပ် လက်ကြား ညှပ်​ပြီး ကျောင်း​တက် နေ ကြ တဲ့​ကျောင်းသား အုပ်စု​တွေ ရှိ​ခဲ့​ဘူး​ပါ​တယ်. . . . အ​င်္ကျီ အကောင်း​ဝတ်​လာ​မိ ရင် ဘဲ..​ဓန​ရှင်​လူ​တန်း​စား. ဖောက်​ပြန်​ရေး​သမား ဆို​တဲ့ သဘော​မျိုး အချင်းချင်း စွတ်​စွဲ ကြ​တာ မျိုး ပါ. . .

ငါ တို့ က အရမ်း နီ တယ် ကွ ဆို​ပြီး ကြွေးကြော် နေ​ကြ သူ​မျိုး​တွေ ပေါ့​ဗျာ. . . . အ​တော်​တော့ ကြောင်​စီ​စီ​နို​င်​လှ​ပါ​တယ်. . . နိုင်​ငံ​ရေး ခံယူ​ချက် အရမ်း​ပြင်း​နေ ကြ သူ မျိုး ဟန်ဆောင်​ပြီး နေ ကြ လေ့ ရှိ ပါ​တယ်. ..

အဲ့​ဒီ့ နီ ပါ​တယ်​ဆို​တဲ့​သူ​တွေ က​လဲ အဖေ နဲ့ မ​တွေ့ ခင်​ထိ ဘဲ​နီ​တာ​ပါ. . အဖေ နဲ့​တွေ့ ပြီး နောက်​ပိုင်း မှာ ပန်းနု ရောင် မ​ရင့် တ​ရင့် တို့ . . ဖြူ​ဖတ်​ဖြူ​ယော် ဖြစ်​သွား တာ တို့ မျိုး အကြိမ်ကြိမ် တွေ့ ဘူး​ပါ​တယ်​ခင်ဗျား. . 


အဖေ ပြော​နေ ကြ စကား​တစ်​ခွန်း ရှိ ပါ​တယ်. . . . မင်း​တို့ နီ​တယ် နီ​တယ် နဲ့ . . . ဖင်​ဝ ကွက်​နီ နေ​ကြ​တာ ကိုး ကွ​တဲ့. တစ်​ချို့ ကျွတ်​တန်း ဝင် သွား​ကြ​ပေ​မယ့် အချို့​က တော့ အဲ့​ဒီ့​စကား​ကို အ​တော် စိတ်ဆိုး ကြ​ပါ​တယ် ခင်ဗျား

အဖေ ဟာ ကွ​န်ု​မြု​နစ်​စံ​နစ် ကို လုံး​ဝ ဆန့် ကျင်​သူ ပါ. . တစ်​ည မှာ ကျွန်တော် နဲ့ စကားပြော​ရင်း ကွန်​မြူ​နစ်​စနစ်​အကြောင်း​ရောက်​သွား​တော့. . အဖေ က. . ငါ ​၁​၉​၅​၅ လောက် မှာ. . ကွန်​မြူ နစ် သဘော​တရား သင်​တန်း လို့​ဘဲ ဆို​ပါ​တော့ ကွာ တဲ့. . . .အဲ့​ဒီ့ လို သင်​တန်း​မျိုး​ရောက်​သွား ဘူး​တယ် ကွ. . . ၄ ကြိမ် လောက်​တတ် ပြီး​ချိန် မှာ. . . ဒီ​စံ​နစ်​ဟာ အ​တော် ကြောက်​စရာ ကောင်း​တာ ဘဲ လို့ ငါ​သတိ ထား မိ ပြီး လုံး​ဝ ဆက်​မ​သွား​တော့ ဘူး လို့ ဆို​ပါ​တယ်. . . 


အဲ့​ဒီ့ မှာ အရင်း​ကျမ်းဆို တာ ရှိ တယ် ကွ. . . ဘာ​ပါ လာ​သလဲ ဆို​တော့. .

သ​ဘာ​ဝ + လုပ်​အား . . . ညီမျှ ခြင်း​တန်ဖိုး လို့ ဆို​သ​ကွ. . . ဒါ​ပေ​မယ် . . သူ​ဆို လို တဲ့ လုပ်​အား ဆို​တာ က . . ကာယ လုပ်​အား သဘော မျိုး ဘဲ ပါ​တယ် ကွ. . . လူ​သား တစ်​ဦး စီ​ရဲ့ အရည်အချင်း လုပ်​အား တန်ဖိုး ပျောက်​နေ​တယ် လို့ ငါ​ယူဆ မိ​တယ်. . . လမ်း​ဘေး​က လူ တစ်​ယောက် လုပ်​အား နဲ့. . . ပ​ရော​ဖ​စ်​ဆာ တစ်​ယောက် ရဲ့ လုပ်​အား ဟာ တူ နေ သ​လို မျိုး ဖြစ်​မ​နေ​ဘူး​လား. . . ပညာ ရှင် ရဲ့ လုပ်​အား​ကို မေ့​လျှော့ ထား သ​လို ဖြစ်​မ​နေ​ဘူး​လား ကွ . အခြား​အားနည်း​ချက်​တွေ​အများ​ကြီး ပါ. . . ထား​လိုက်​ပါ​တော့.. . အ​တော် . လေ့​လာ​ပြီး​ချိန်​မှာ ဒီ​စံ​နစ်​ဟာ. အင်မတန် အ​န္တာ​ရယ် များ​လှ တဲ့ စံ​နစ် ​ပါ့​လား လို့ ငါ သုံးသပ်​မိ​တယ်. . 

နောက်​ပြီး. ..ဒီ စနစ် ကို ကြို​က်​လှ​ပါ ချည် ရဲ့ ဆို​တဲ့ သူ​တွေ၊ ဒီ​စနစ်​အတွက် အသက် စွန့် ဝံ တယ်၊ဆို​တဲ့ သူ​တွေ . အကြောင်း​အမျိုး​မျိုး​ကြောင့် မြန်မာ ပြည် က ပြေး ရ ပြီ ဆို​တာ နဲ့. ဘယ်​တော့ မှ. . . ကွန်​မြူ နစ် တိုင်း​ပြည် ကို မ​ပြေး ဘူး. . ဒီ​မို​က​ရေ​စီ​တိုင်း​ပြည် မှာ ချည်း ဘဲ. . ရယ်​ရသ​ကွ. . . အဲ​ဒီ​တော့ မင်း စ​ဉ်း စား​ကြည့် ပေါ့​ကွာ.. . သူ​တို့​ကိုယ်တိုင်​တောင်​ဒီ​စနစ် ကို မ​ယုံ ဘူး​ဆို တာ​ပေါ်​မ​လာ​ဘူး လား. . . . . 


အခု​ဒီ​စာ​ကို​ရေး​ရင်း နဲ့. . ချက်​ခြင်း​သတိ ရ ပြီး​ရယ်​ချင် သွား​တာ​ကတော့. . 

မနှစ်​က ​ဖေ့​စ်​ဘွ​တ်​ခ် မှာ နာမည်​အ​တော် ကြီး​သွား တဲ့ စတေး​တပ်​ကလေး ကို​ရေး​တဲ့​သူ​ပါ. 

မိုးသီး​ဇွန် . . ရီး​ဘဲ. . . ပြန်လာ​ခဲ့. . ဘီ​ယာ​အတူ​သောက်​မယ် ဆို​ပြီး အမေ​ရိ​ကား​က​နေ လှမ်း ရေး​တဲ့ ကဗျာ​ဆရာ ပါ​ဘဲ ခင်ဗျား. . . . သူ​လည်း . တ​ချိန်​က. အင်မတန် နီ​ပါ​တယ်. အရမ်း​ကို နီ ပါ​တယ်​ခင်ဗျား . ညာ​လို့​မ​ရ​တဲ့ သက်သေ ကတော့ ကျွန်တော့ အမ မော်​မော်​သင်း ပါ​ဘဲ. . ၁​၉​၈​၁ က

မော်​မော် . . ရေး​လိုက်​တဲ့ သူရဲကောင်း​တို့ ရဲ့ မိုး​စက်​ပွင့် များ ဆို​တဲ့ ဝတ္ထု တို​လေး​ကြောင့် . . သူ​တို့​ရဲ့ ခံယူ ချက်​ကို လှောင်​တာ လား ဆို ပြီး. . ဆွေးနွေး ရန်တွေ့ သွား ခဲ့ တဲ့ အကြောင်း​ကို မော်​မော် အိမ်​မှာ ပြန်ပြော​ပြ ခဲ့ လို့​ပါ​ဘဲ. . . အဲ့​ဒီ့ ကဗျာ ဆရာ​ရယ်. .အခြား​ကဗျာ​ဆရာ အ​တော်​များ​များ လည်း ပါ ခဲ့​တယ် လို့ ဆို​ပါ​တယ် . 

အခု​တော့ ဒီ​မို​က​ရေ​စီ​ရဲ့ အရသာ​က အ​တော်​ကောင်း​နေ​တော့ ဇိမ်​တွေ့ သွား ကြ​ဟန်​တူ​ပါ​တယ်​ခင်ဗျား. . . . (ဤ . ကား​အရသာ​ရှိ​ရှိ တွယ် လိုက်​ခြင်း​ပင်​တည်း. . . ). .


ခံယူ​ချက်​တို့ ယုံကြည်​ချက်​တို့ ဆို​တာ ဟာ. .. . အချိန်​ကာလ နဲ့ . . အခြေအနေ ပေါ် မူ တည် ပြီး ပြောင်း လဲ လာ တတ် တဲ့ သဘော ရှိ​ပါ​တယ် ခင်ဗျား. . တရား​သေ ဆုပ် ကိုင် ထား တတ်​တဲ့ အစွန်း​ရောက် ခြင်း​တွေ ဟာ. . နောင်တ​စ်​ချိန် မှာ ရယ်​စရာ ဖြစ်​ချင် ဖြစ်​တတ်​တဲ့ သဘော​ကို ဆိုလို​ပါ​တယ်. . . 

ဒီ​နေရာ​မှာ ခု​နှစ် နည်း​နည်း​လေး​ကျော်​လိုက်​ပါ​ရ​စေ. . ဆရာ​မြ ရဲ့ ​နိုင်​ငံ​ရေး​နဲ့​ပတ်သက်​တဲ့ ရိုးသား​ခြင်း​လေး​တစ်​ခု​ကို သတိရ​သွား​လို့​ပါ . . . 

၁​၉​၈​၉ နောက်​ပိုင်း​မှာ. . . ကျွန်တော်​တို့ အောက်​ထိပ် က လက်ဖက်ရည်​ဆိုင်​လေး​မှာ. . အဖေ နဲ့ ဆရာ မြ ဦးဆောင်​ပြီး​ထိုင်​နေ​တဲ့ ဗုဒ္ဓဟူး​စကား​ဝိုင်း​လေး ရှိ​ပါ တယ်.​၆ နှစ်​လောက် ကြာ​ပါ​တယ်​ခင်ဗျား စာပေ သမား​တွေ စာပေ ကိုယ်တော် တွေ ရောက် လာ​လေ့​ရှိ ပါ​တယ် . မနက် က​နေ နေ့ လည် လောက်​ထိ​ပါ. . .တ​ခါ​တ​လေ လည်း အိမ်​မှာ ဆက်​ပြီး ညနေ​ဘက် ထိ ဆွေးနွေး​နေ​ကြ​တာ​မျိုး​ပါ. ..ဗုဒ္ဓဟူး နေ့​တိုင်း သူ​တို့​ကို​တွေ့​နို​င်​ပါ​တယ်. . 

ကျွန်တော်​တို့​နဲ့ တစ်​လမ်း​ကျော် တရုတ်ကျောင်း​လမ်း​မှာ တော့ နာမည်ကြီး သခင် ကြည်​ရှိန်​နေ​ပါ​တယ်. . 


သခင်​ကြည်​ရှိန် အကြောင်း​ကို နည်း​နည်း ပြေ​ပြ ပါ​ရ​စေ. အရပ်​အနည်းငယ် ပု​ပြီး အသား နီ​ပါ​တယ် စကားပြော​ရင် အသံကျယ်​ကျယ်​ပါ​ပြော​တတ်​ပါ​တယ်. .သူ နဲ့ အဖေ က . . အရ​င်​ကတည်းက သိ​ခဲ့ ကြ​သူ​တွေ​ဖြစ်​ဟန်​တူ​ပါ​တယ်. . အဖေ့​ကို​လည်း​အ​တော်​ခင်​ပါ​တယ် . 

သူ​က လယ်​ဝေး . .ပျဉ်းမ​နား​ဖက်​မှာ အမတ် လုပ်​ခဲ့​သူ​ပါ. . .၆​၂ အာဏာ​မ​သိမ်း​ခင် မှာ လုပ်​ခဲ့​ဟန်​တူ​ပါ​တယ်. . . ပဲခူး​ရိုးမ မှာ ကွန်​မြူ​နစ်​တွေ အရမ်း​အင်အား​ကြီး ချိန်​မှာ တောင် လယ်​ဝေး ပျဉ်းမ​နား ကို လုံး​ဝ မ​ထိ ပါး​ဝံ့ အောင် လုပ်​ထား​နို​င်​ခဲ့​သူ​ပါ. . . သခင်​ကြည်​ရှိန်​ဟေ့ ဆို ရင် ကွန်​မြူ​နစ်​တွေ​တောင် ဖိ​န့်​ဖိ​န့် တုန် အောင် ကြောက်​ခဲ့ ကြ​ရ​တယ် လို့ ဆို​ပါ​တယ်​ခင်ဗျား. . .


ဖြစ်​ပုံ​က ဒီ​လို​ပါ. ... သခင်​ကြည်​ရှိန်​ရဲ့ မူလ ဇာတိ က ရိုးမ​နဲ့ နီး​တဲ့ သပြေ​ကန်(အမည် မှား​နို​င်​ပါ​တယ်) ဆို​တဲ့ ရွာ​ကလေး​က​ပါ. . ဆွေ​မျိုး​စု​တွေ အားလုံး လဲ​သူ​အမတ် ဖြစ်​ချိန်​ထိ နေ .​နေ ကြ​ဆဲ လို့ ဆို​ပါ​တယ်. . ကွန်​မြူ​နစ်​တွေ​က . . သခင်​ကြည်​ရှိန်​ကို ကြည့် မ​ရ​တော့. . အဲ့​ဒီ့ ရွာ က သခင်​ကြည်​ရှိန်​ရဲ့ အမျိုး​တွေ ကို အပြစ်​ရှာ စ သတ်​ခဲ့​တယ်​လို့​ပြော​ပါ​တယ်. .ဒီ​သ​တင်း​ကို . . သခင်​ကြည်​ရှိန် ကြား​တော့. . မြို့​ပေါ်​မှာ နေ တဲ့ အဲ့​ဒီ့ တောခို ကွန်​မြူ​နစ်​တွေ​ရဲ့ အမျိုး​တွေ​ကို ပြန်​သတ် ပြ​တယ်​လို့​ဆို​ပါ​တယ်. . . . ကွန်​မြူ နစ်​က သူ့ အမျိုး ​၁ ယောက်​သတ် ရင် သူ က မြို့ ပေါ်​မှာ နေ တဲ့. . ကွန်​မြူ​နစ်​ရဲ့ အမျိုး ​၂ ယောက်​ကို​သတ်​ပြ တယ် လို့ ဆို​ပါ​တယ်. ... အ​မြဲ တမ်း ​၂ ဆ ကို ကွန်​မြူ​နစ်​တွေ သတ် တဲ့ နည်း​ထက် ပို ရက်စက်​စွာ သတ်​ပြ တယ် လို့ ဆို ပါ​တယ်. . . အဲ့​ဒီ့ မှာ တင် ကွန်​မြူ နစ်​တွေ​လဲ. . သပြေ​ကန်​ရွာ ဆို အနား​တောင်​မ​သီ​ဝံ့ အောင် ဖြစ်​သွား​တယ် လို့ ဆို​ပါ​တယ်​ခင်ဗျား. . . . သခင်​ကြည်​ရှိန် လို့ အ​သံ ကြား​ရင် ကွန်​မြူ​နစ် ကတောင် ငြိမ်​သွား​တဲ့ အဆင့် ရောက်​သွား​ရ​တယ် လို့ ဆို ပါ​တယ်​ခင်ဗျား. . . 


ဒီ​ကိစ္စ နဲ့​ပတ်သက်​ပြီး . . အဖေ က . . ၈​၀ ခု​နှစ်​နောက်​ပိုင်း မှာ. . သခင်​ကြည်​ရှိန်​ကို ကို​ကြည်​ရှိန် ခင်ဗျား အဲ့​ဒီ့ ကိစ္စ က မ​ရက်စက် လွန်း ဘူး​လား ဗျာ လို့ မေး လိုက်​တော့. . .သခင်​ကြည်​ရှိန် ပြန်​ဖြေ လိုက်​တာ​က. . 

ဒီ​မယ် ကို​အောင်​သင်း ခင်ဗျား နဲ့ ရန်သူ ဖြစ်​နေ​တဲ့ သူ​တွေ က ဘုရား​ဒကာ​တွေ မဟုတ်​ဘူး ဗျ. . . ကွန်​မြူ​နစ်​တွေ. . . . ကွန်​မြူ​နစ်​ဆို​တဲ့ အကောင်​တွေ​က. . သူ​တို့​ထက် ရက်စက် တဲ့ သူ မ​တွေ့ မ​ချင်း​အင်မတန် အ​နို​င်​ကျင့် ချင် စိတ် ရှိ တဲ့​ကောင်​တွေ ဗျ. . 

သူ​တို့ က ကျုပ်​သားချင်း​တွေ ကို လှံစွပ် နဲ့ ထိုး​သတ် သွား​တယ် ဆို ရင် ကျုပ် က သူ​တို့ ​၂ ဆ ကို ခေါ် ပြီး . . ကြိုး​နဲ့ တုပ် မြေကြီး​ထဲ​မြု​တ် . . ခေါင်း​လေး ဘဲ ဖော်​ပြီး ထွန်တုံး နဲ့ . . မ​သေမ​ချင်း တိုက်​သတ် ပြ လိုက်​တာ​ဘဲ ဗျ. . မင်း​တို့ တော​ထဲ က​ကောင်​တွေ ကို ပြန်ပြော​လိုက် ဆို ပြီး ချ ​ထှာ ​၂ ခါ . . ၃​ခါ ဘဲ လုပ် လိုက်​ရ​တယ် ငြိမ် ကို သွား​ရော. . 


အ​တော်​ကြောက်​စရာ​ကောင်း​ပါ​တယ်​ခင်ဗျား. ရေး​နေ​ရင်းတောင် ကြက်သီး​ဖြန်း​ဖြန်း​ထ​ပါ​တယ်. . .အဖေ ပြော ခဲ့​တဲ့ ပညာ​မတတ် တဲ့ သူ​တွေ ရဲ့ လက်​ထဲ တိုင်း​ပြည် ရောက်​သွား​တယ် ဆို​တဲ့​စကား ဟာ. . လုံး​ဝ မှန်​ခဲ့​တယ် လို့ ယူဆ​ပါ​တယ်. . 

ကျွန်တော်​သိ​သ​လောက် သခင်​ကြည်​ရှိန်​ဟာ အ​တော်​ခင်​စရာ​ကောင်း​တဲ့ အဖိုးကြီး​ပါ. . . စကားပြော​ရင် အသံကျယ်​ကျယ် နဲ့ ဘယ်​သူ့ ကို မှ ဂရု​မ​စိုက်​တဲ့​ပုံ​မျိုး ပါ . . မနက်​ဆို​ရင် သူ​က လဲ​တုတ်​ကောက် ကလေး​နဲ့ လမ်းလျှောက်​တတ် ပါ​တယ်. . တ​ခါ​တ​ရံ အိမ်​ရှေ့ ကို​ရောက်လာ​တတ်​ပြီး . . အ​သံ ကျယ်​ကြီး နဲ့. . ကို​အောင်​သင်း​ရေ . . ကို​အောင်​သင်း​ရေ ဆို ပြီး. အစောကြီး. ဝင်​နိုး စကားပြော​တတ် ပါ​တယ်. . .အဖေ့ ကို တော်တော် ခင်​ပါ​တယ်. . . အဖေ​က​လည်း​သူ့​ကို လေး​လေးစား​စာ​စကားပြော​တာ​တွေ့​ရ​ပါ​တယ်. နောက်​ပိုင်း​မှာ တော့ ဆရာ​မြ​နဲ့ ပါ အ​တော် ခင်​သွား ကြ​ပါ​တယ် ခင်ဗျား. . . .သူ​တို့ ​၃ ယောက်​စကားပြော ဝိုင်း​တွေ မ​ကြာ​ခဏ တွေ့ တတ် ပေ​မယ့် . .သူ​က ဘဲ အသံကျယ်​ကျယ် နဲ့ ဦးဆောင်​စကားပြော​နေ​တာ မျိုး​တွေ့​ရ​ပါ​တယ်. အသက်​လဲ နည်း​နည်း ပို​ကြီး​ပုံ​ရ​ပါ​တယ်. . . ဗုဒ္ဓဟူး စာပေ​စကား​ဝိုင်း​တွေ မှာ တ​ခါ​တ​ရံ​မျှ​ခဏ​ထိုင်​တာ​သာ တွေ့ ရ​ပြီး များ​သော အား​ဖြင့် ဝင်​ထိုင်​လေ့ မ​ရှိ ပါ. . . စာပေ​ကို စိတ်ဝင်စား​ဟန် မ​တူ​ပါ


၁​၉​၉​၃ လောက်​တရက်​မှာ . . သူ​က လမ်းလျှောက် ပြန် လာ​ရင်း . . အဖေ တို့ စကား​ဝိုင်း လေး ဘေး မှာ သူ​က မတ်​တပ်​ရပ် ​နူ​တ် ဆက်​နေ တုန်း . . ငါး​သုံး​လုံး . နှစ်​တစ်​ရာ ပြည့် ဗ​င် ကား​လေး ဖြတ် သွား တာ​တွေ့ ပါ​သ​တဲ့. . သူ​က ချက်​ခြင်း . ကို​မြ​သန်း ရေ. . ဆို​ပြီး လှမ်း ခေါ် လို့ ဆရာ​မြ​က လှည့် ကြည့် လိုက်​တော့. . . မျက်နှာ ကို ခပ် ပြုံး ပြုံး လုပ် ပြီး. . . ဗိုလ်​အောင်​ဒင် အ​သံ​မျိုး​နဲ့. . .ဗျို့ . . ကို​မြ​သန်း. .. ခင်ဗျား တို့ ကွန်​မြူ​နစ်​စနစ် ကြီး က​လဲ. . . ဘယ်​လို​တုန်း​ဗျ. . . ရာ​ပြည့် ပွဲ လေး​တောင် မ​လုပ်​လိုက်​ရ ​ပါ့​လား​ဗျာ့. . ... လို့ ပြော​ပြီး.​တ​ဟား​ဟား​နဲ့ . . ဒုတ်​ကောက်​ကလေး​ထောက် ပြီး ကော့​ကော့. . . ကော့​ကော့ နဲ့ ထွက်​သွား ပါ​သ​တဲ့ ​ဗျား. . . 

ပြော​အပြီး ထွက်​သွား​တော့. . . တစ်​ဝိုင်း​လုံး​လဲ သူ့​အကြောင်း​သိ​ပြီး​သား​မို့ တ​ဟား​ဟား​ရယ် နေ​ကြ​ရ​ပါ​သ​တဲ့. . 

ဆရာ​မြ ဆို​တာ သခင်​ကြည်​ရှိန်​ရဲ့. . .ပြော​သွား​တဲ့ စကားလုံး​နဲ့ ပုံစံ ကို ကြိုက် လွန်း လို့ ရယ် တာ. . မျက် မှန် ချွတ် ပြီး မျက်ရည် သုတ် ယူ ရ​တဲ့ အဆင့် တောင် ရောက်​ပါ သ တဲ့. . ပြီး​မှ အရ​ယ် ရပ် ပြီး. . . . .ဒီ​လူ အ​တော် နောက်​တဲ့ လူ​ဗျာ . . . အင်း​လေ. . ဟုတ်​တော့​လဲ ဟုတ်​ပေ​သား​ဘဲ ဆို ပြီး သဘောကျ လွန်း​လို့ ထပ်​ခါ ထပ်​ခါ ရယ်​နေ​ပါ​သ​တဲ့​ဗျား. .. 

ဆရာ​မြ ရဲ့. . အမှန်​ကို . . ရိုးသား​စွာ... လက်ခံ ​နို​င်​ခြင်း ရယ် . လေးစား​လောက်​တဲ့ စိတ်ထား​ရယ်. ကို တန်ဖိုး​ထား လွန်း​လို့ . . . ဒီ​အကြောင်း​လေး​ကို ရေး​မိ​တာ​ပါ​ခင်ဗျား. . 


အခု လောက် ဆို​ရင် အဖေ့ ရဲ့ ပတ်ဝန်းကျင် မှာ ရှိ​နေ​တဲ့​သူ​တွေ​နဲ့. . အဖေ့ ရဲ့ ​နို​င်​ငံ​ရေး အယူ​အဆ တွေ ကို အတန်​အသင့် ဆ​ဝါး မိ​ပြီ လို့ ယူ ဆ​ပါ​တယ် ခင်ဗျား. . .


ဆက်လက်​ပြီး. . .ဆရာ​သော် နဲ့ အဖေ ရဲ့ ​၈​၈​ခု​နှစ် ​နိုင်​ငံ​ရေး အခင်းအကျင်း​နဲ့ ရင် ဆိုင်​ကြ​ပုံ​လေး​တွေ ကို ရေး ပြ​ပါ့​မယ်. .


*********


ကျွန်တော်​က. နို​င်​ငံ​ရေး​နဲ့​ပါ​တ်​သက်​တဲ့ အကြောင်း​တွေ သိပ်​မ​ရေး​ချင်​ဘူး​ဗျ. . ချစ်​ခြင်း​မုန်း​ခြင်း ဘက်​တူ ခြင်း . . ဆန့်ကျင်ဘက်​ဖြစ်​ခြင်း. အယူ​အဆ တူ ခြင်း မ​တူ ခြင်း. ဆို​တာ​တွေ. . သိပ် မ​ငြင်း​ခုန်​ချင်​လို့​ပါ. . . မော​တယ်​ဗျ. . 

အခု​ရေး​ပြ​မယ့် အကြောင်းအရာ​ကို တတ် ​နို​င်​သ​လောက် အစွန်း​လွတ်​အောင် ဝေဖန်​ချက်မ​ပါ​အောင် အဖြစ်အပျက်​ကို​ဘဲ ကျိုး​စား​ပြီး ရေး​ပြ ​ပါ့​မယ်. . 

၁​၉​၈​၈ ​ဩဂုတ်​လ ဆန်း လောက်​မှာ. . ဆရာ​သော်​အိမ်​ကို​ရောက်လာ​ပါ​တယ်. . ဖြစ်​နေ​တဲ့ နိုင်ငံ​ရေး အခြေ နေ​တွေ​ကို အရမ်း တက်​ကြွ ပြီး ကျေနပ် နေ​ဟန်​တူ​ပါ​တယ်. . အဖေ ကတော့ ဆရာ​သော့် ကို အ​ထွေ အ​ထူး​သိပ်​ပြော လိုက်​ဟန်​မ​တူ ဘဲ. . လိုက်လျော ညီ​ထွေ လောက်​ဘဲ ပြော​လိုက်​တဲ့ သဘော​မျိုး​ပါ. . . တစ်​ခု​ခု ကို ကြို သိ ပြီး ထိတ်​နေ သ​လို​မျိုး ဖြစ်​ဟန်​တူ​ပါ​တယ်. . . 

အဲ့​ဒီ့​နောက် ဦး​စိန်​လွင် တက်​ပါ​တယ်. . .တစ်​ပတ် ဆယ်​ရက်​လောက် ဘဲ ခံ​ပြီး. . .ဦး​မောင်​မောင် ကို ထပ်​တင်​ပါ​တယ်. . . အဲ့​ဒီ့ အချိန်​နဲ့​တစ်​ပြေး ထဲ. . . .ရန်ကုန် ဆေး​ရုံ​ကြီး​မှာ​တော့ . နံရံ​ကပ် ပို​စ​တာ​တွေ . . လက်​ကမ်း​စာစောင်​တွေ ပလူ​ပျံ​လာ​ပါ​တော့​တယ်. . 

ဆရာ​သော် ဟာ အဲ့ ​ဒီ့ ရက်ပို​င်း​အတွင်း​ကျွန်တော်​တို့ အိမ် ကို နေ့​တိုင်း လိုလို လာ​တာ​တွေ့ ရ​ပါ​တယ်. . 


ကျုပ်​တို့ နိုင်ငံ​ရေး . အစဉ် အလာ ရှိ​တဲ့ သူ​တစ်​ယောက်​ယောက် ကို အခု အချိန် မှာ တင်​ကို တင်ပြ မှ ရ​တော့ မယ်. . ခေါင်းဆောင် လို​တယ်​ဗျ ကို​အောင်​သင်း​ရဲ့ ဆို ပြီး အဖေ့ ကို တိုင်ပင်​တယ် လို့ ဆို ပါ​တယ်. . အဖေ က ဘာ​မှ​ဝေဖန်​ချက်မ​ပေး​ခဲ့​ဘဲ. . နားထောင်​ပေး​နေ​တာ ပို​များ​မယ် ထင်​ပါ​တယ်. .


ကျွန်တော် နဲ့ ကျွန်တော့ သူငယ် ချင်း​တစ်​စု​လဲ . ဇာ​မ​ဏီ ဆို​တဲ့ . . . အမည်​နဲ့ . နံရံ​ကပ် စာစောင်​တွေ စ​လုပ် ပြီး ဆေး​ရုံ​ကြီး​ထဲ​လိုက်​ကပ်​နေ​ကြ​ပါ​ပြီ. . ပြီး​ရင် အရေး​ပေါ်​ဘေး​နား​က ကွ​တ်​လပ် မှာ ဟော​ကြ​ပြော​ကြ ပေါ့ ဗျာ.(ကမ္ဘာ ကြီး​ကို ငါ ရွှေ့ ​နို​င်​တယ် လို့ ထင်​တဲ့ အရွယ်​တွေ​ကိုး​ဗျ) .လူ​တွေ​က ပထမ ပိုင်း အရမ်း မ​များ ကြ သေး​ပေ​မယ့် ​၂​၀ ရက်​နေ့ နောက်​ပိုင်း​လောက်​မှာ​တော့ . အ​တော် အသင့် များ လာ​ကြ ပြီး ဆေး​ရုံ​ကြီး​ရှေ့ လမ်းမ ကြီး​ပါ နေ့​ဖက် ဆို ပိတ်​စ ပြု​နေ ပါ​ပြီ.. . 

သပိတ်မှောက် အဖွဲ့ တွေ လဲ တစ်​ဖွဲ့​ပြီး​တစ်​ဖွဲ စုံ​လာ​ပြီး ဇာ​မ​ဏီ. ရွှေ​ဂျိုး ဖြူ. . . ကျောင်းသား အဖွဲ့ တွေ. .နာမည် မျိုး​စုံ တပ် လာ​တဲ့ အဖွဲ့ တွေ များ လာ​ကြ တဲ့ အချိန် မှာ တော့ . ဆိုက်​ကား​ကြီး တစ်​စီး နဲ့. ဆေး​ရုံ ကြီး ရှေ့ မှာ . လူး​လား ခေါက်​ပြန်သွား​နေ​တဲ့ ဆရာ သော် ကို တွေ့ ​နို​င်​ပါ​တယ်. . 

သူ​နဲ့ ကျွန်တော် တွေ့​ရင် လက်လှမ်း​ပြတာ မျိုး​လောက်​ဘဲ . . ရှိ​ပါ​တော့​တယ်. . .၂​၀ ရက်​နေ့ နောက်​ပိုင်း​တစ်​ရက်​မှာ တော့ ဒေါ် အောင်​ဆန်း စု​ကြည် လာ​ဟောပြော​မယ် ဆို​တဲ့ သီတင်း ထွက်​လာ​ပါ​တယ်. . . ကျွန်တော် တို့. အဖွဲ့ သွား စောင့် ကြည့် ပေ မယ့် ရောက်​မ​လာ ခဲ့​ပါ​ဘူး

ညှိ​နို​င်း​ပြီး ခေါ် ဖို့ ဖိတ် ကြား သူ​ကတော့ ဆရာ​သော် ဖြစ်​ပြီး( နောင်တ​စ်​ချိန်​ကျ​မှ ဆရာ ဦး​ဝင်း​တင်​ပါ ပါ​မှန်း သိ​ရ​ပါ​တယ်) . . 


ဒေါ်​စု ကို လာ​မယ်​ဆို ပြီး ဘာ​ဖြစ်​လို့ မ​လာ​တာ လဲ လို့ ဆရာ​သော်က မေး တော့ . . ဒေါ် စု​က ကျွန်မ လာ ခဲ့ တယ် ဆရာ​သော် ရဲ့. . လမ်း​တွေ အကုန်​လုံး ပိတ်​နေ​တော့ ဘယ်​လို​မှ လာ လို့ မ​ရ လို့ ပြန်​လှည့် သွား ရ တယ် လို့ ဆို​ပါ​တယ် .


ဒါ​ဆို​နောက်​နေ့ ရောက်​အောင်​လာ​ခဲ့. . လမ်း​ကူ​ရှင်း​ပေး​မယ်​ဆို ပြီး. နောက်​နေ့​မှာ. ဒေါ်​စု ကား​ရဲ့​ရှေ့ က နေ ဆိုက်​ကား​တစ်​စင်း နဲ့. . လမ်း​ရှင်း​ပါ​တော့​တယ်. . ကား​ထဲ​မှာ. . ဗိုလ်​ချုပ် အောင်​ဆန်း ရဲ့ သမီး. ဒေါ်​အောင်​ဆန်း​စု​ကြည် ပါ​တယ်​ကွ . . .တရားဟော​ဖို့ ဆေး​ရုံ ကြီး ကို သွား​မ​လို့ လမ်း​ဖွင့် ပေး​ပါ ဆို​ပြီး သူ​ကိုယ်တိုင် ရှေ့ က​နေ. . လမ်း​ရှင်း ပေး​ခဲ့​တယ်​လို့​ဆို​ပါ​တယ်. . . . ရက် အတိ အကျ မ​မှတ်မိ တော့ ပါ . ၂​၀ ရက်​နေ့​နောက်​ပိုင်း​တော့ သေချာ ပါ​တယ်. (နောက်မှ ရက်​အတိ​အကျ ထည့်​ပါ့​မယ်).. . ဒေါ် အောင်​ဆန်း​စု ကြည် ရဲ့ ပထမ ဆုံး သော ဟောပြော​မူ့​ပါ​ဘဲ. .


ကျွန်တော်​တို့ သပိတ်​အဖွဲ့ ဆေး​ရုံ​ကြီး​ကို ပြန်​ရောက်​ချိန်​မှာ.. ဟောပြော​ပွဲ ပြီး သွား​ခဲ့​ပါ​ပြီ. . ကျွန်တော်မ​မှီ လိုက်​ပါ... . . ဟောပြော​ပွဲ အပြီး မှာ မိုး​တွေ ရွာချ ထား လို့ အရေး​ပေါ် ဘေး​က ကွက်​လပ် မှာ လူ​တွေ​ကျိုး​တို့​ကျဲ​တဲ နဲ့ ရေ​တွေ ရွဲ နေ​တာ မှတ်မိ​ပါ​တယ်. . . ရွှေ တိ​ဂုံ မှာ . ဆက်​ပြော ဖို့ ရက် ချိန်း သွား တယ် လို့ သိ​ရ​ပါ​တယ်. ခင်ဗျား. ..


အဲ့​ဒီ့​နောက်​ပိုင်း မှာ တော့ ဆရာ​သော်​နဲ့ အဖေ သိပ်​မ​တွေ့​ဖြစ် တော့ ပါ . . တရား​ပွဲ တွေ စတင်​ခေတ်​စား လာ​ချိန် မှာ . .အဖေ့ ကို နေရာ​အ​တော်​များ​များ​က အလုအယက် ဖိတ်​ကြ​ပါ​တော့ တယ်. . . အဖေ က​လုံး​ဝ​မ​လိုက် ဘဲ အကုန်​လုံး ကို ငြင်း​လွတ်​ပါ​တယ် . 

သူ​ပြော​တဲ့​စကား​က..

အခု​လို အချိန်​မျိုး . တရား​ပွဲ တွေ မှာ. . လိုက်​ပြော​ဖို့ . ငါ​သိပ်​စိတ်ပျက်​တယ် . လို့ ကျွန်တော့​ကို​ပြော​ဘူး​ပါ​တယ်. . 

အားလုံး . . စင်​ပေါ် ရောက်​ပြီ ဆို တာ နဲ့ အင်မတန် ဆဲ​ကြ​တာ ကိုး ကွ အောက်​က​လဲ ဆဲ​မှ ကြိုက် . . အပေါ်​က​လဲ ဆဲ​ပြ . .အုတ်​ရော​ရော ကျောက်​ရော​ရော​နဲ့ ငါ​လုံး​ဝ မ​လိုက်​ချင်​ဘူး လို့​ဆို​ပါ​တယ်. . တကယ် လဲ မ​လိုက်​ခဲ့​ပါ​ခင်ဗျား. . 

ကျွန်တော်​မှတ်မိ​သ​လောက် ​၃ ပွဲ လောက် ဘဲ. . အဖေ လိုက်​ခဲ့ တယ်​လို့ ထင်​ပါ​တယ်. . ဆရာ​သော် အတင်း​လာ​ခေါ် လို့ ပါ. .ကြည့်​မြင်​တိုင် ပန်းပင်​ကြီး​လမ်း​နဲ့ . . လမ်းမ​တော်​ကေ​သွယ် ရုပ်​ရှင်​ရုံ​နား​က ပွဲ​ပါ. . . . ဆရာ​သော့်​ကို အားနာ ပြီး လိုက်​သွား​တာ​ပါ. .ဆရာ​မြ လဲ အဖေ နဲ့ အတူ ဘဲ . တရား​ပွဲ ဟော​ခဲ့ တယ်​လို့​ဆို​ပါ​တယ်. .နောက်​ပိုင်း​မှာ​တော့

ကို​ဘ​သော် ကျုပ်​က. ဒီ​ပွဲ မျိုး​တွေ မ​လိုက်​ချင်​ဘူး ဗျ ဆို​ပြီး အ​ပြတ်​ငြင်း​လွတ်​ပါ​တော့​တယ်.


အဲ့​ဒီ့ အချိန်​က

အဖေ ပြော​ခဲ့ တဲ့ အကြောင်းအရာ​တွေ​ဟာ အဆင်​မ​သင့် ရင် သွေး​ဆူ​နေ​တဲ့. . လူ​အုပ် ကြား​ထဲ​မှာ. . . ဒုက္ခ ရောက်​သွား​နို​င်​ပါ​တယ်. . 

ခင်ဗျား​တို့ . လူ​အုပ်​ဆို​တာ နွား​အုပ်​လို​ဘဲ​ဗျ. . . . ဘာ​မှ မစ​ဉ်း​စား​ကြ​တော့​ဘူး ဖြစ်​တတ် ပါ​တယ်. . ရှေ့က​လူ စ လုပ်​လိုက်​တာ​နဲ့ ရော​ရော ယောင်ယောင် လိုက်​လုပ်​တတ် တဲ့​သဘော ရှိ ပါ​တယ်. . ကိုယ့် အသိ​ဥာ​ဏ်​လေး​နဲ့​ဆင်​ချင်​တတ် အောင် သတိထား​ကြ ပါ. .

အခု​က ခေတ်​ပျက်​အောင်​တမင်​လုပ် ခံ ထား​ရ​တာ ကို သတိချပ်​စေ​လို​ပါ​တယ်. . . 

နောက်​ပြီး​ခု​န​က ကျွန်တော်​အလာ​မှာ. . ဟိုး​ရှေ့ နား က ဘဏ် မှာ အစောင့် လုပ်​နေ​တဲ့ ရဲ​ဘော် ကလေး​ကို လှန်​ပြ ပြီး ဆဲ​နေ​ကြ​တာ တွေ့ ရ​ပါ​တယ်. ဒါ​ဟာ လုံး​ဝ မ​လုပ်​သင့် တဲ့ ကိစ္စ​မျိုး​ပါ. . ဘာ​နဲ့​တူ​သလဲ​ဆို​တော့. .ခဲ​နဲ့​ပေါက်​တာ​ကို ခဲ​လုံး​ကို လိုက်​ကိုက်​တဲ့ ခွေး​နဲ့ တူ​နေ​လို့​ပါ​ဘဲ.​ကျုပ်​တို့ လုပ်​ရ​မှာ က ခဲ​လုံး​ကို ပစ်​တဲ့ အာဏာ​ရှင်​ဆို​တဲ့ လက် ကို ကိုက်​ရ​မှာ မဟုတ်​လား . ဒီ​ရဲ​ဘော်​ဟာ ဘာ​မှ​သိ​တာ​မဟုတ်​ဘူး. . သူ့​ကို တာဝန်​ပေး​လို့ ဒီ​ဘဏ်​ကို စောင့် နေ​တဲ့ သာမန် ရဲ​ဘော်​ကလေး​တစ်​ယောက်​ဆို တာ ကို ခင်ဗျား​တို့ နားလည် ပေး ရ​မယ်. . ခင်ဗျား​တို့​ဒီ​လို မ​လုပ်​သင့်​ဘူး လို့. ပြော​ခဲ့​တယ်​လို့​ဆို​ပါ​တယ် . 

ပြော​အပြီး စင်​အောက်​ကို​ဆင်း​လာ​ချိန်​မှာ. . နားထောင်​နေ​တဲ့ သူ​တပည့်​တစ်​ယောက်​က ရုတ်​တရက် အနား​ကို ပြေး​ကပ်​လာ​ပြီး . . ဆရာ​ရယ်. . အ​န္တာ​ရယ် များ​လိုက်​တာ. . ဆရာ​ပြော​နေ​တုန်း​တစ်​ယောက်​ယောက်​က . ဘယ်​လို​ကောင်​လဲ​ကွ. . ဘာ​လဲ​ကွ. စစ်​တပ်​က လူ​လား ဘာ​လား​ဆို ထ​လုပ်​လိုက်​တာ​နဲ့ ဆရာ သေ​ပြီ ဆရာ​ရဲ့ . . အခု နားထောင်​နေ​တဲ့ သူ​တွေ​က .​ဦး​အောင်​သင်း​ရော​ဘာ​ရော​သိ​တာ မဟုတ်​ဘူး​ဆရာ​ရဲ့ ကျွန်တော်​စိတ်ပူ​လိုက်​တာ ဆရာ​ရယ် ဆို​ပြီး​ဘေး​က​နေ မ​ခွာ​တော့ ဘဲ အိမ်​အထိ ပြန်​လိုက်ပို့ သွား​တယ်​လို့​ဆို​ပါ​တယ်. . 


သွေး​ဆူ​အောင်​ပြော​ပေး မှ ကြိုက်​တဲ့ ခေတ် . . ဆဲ​မှ ကြိုက်​တဲ့ ခေတ် မှာ အဖေ​ဟာ သူ​ယုံကြည်​တာ​ကို​ဘဲ သတ္တိ ကောင်း​စွာ ပြော​ခဲ့​ပါ​တယ်. . ဆဲဆို​ခြင်းလုံး​ဝ မ​ပြု​ခဲ့​ပါ. . ခေတ်​အခြေအနေ​က​လဲ အဖေ့ လို သတိပေး​စကားပြော​သူ​တွေ ကို ပရိသတ်​က လုံး​ဝ လက်မ​ခံ ကြ​တဲ့​အချိန် ပါ​ခင်ဗျား. . . . နောက်ဆုံး အဖေ​ကြုံ​တဲ့ 

ပွဲ​တစ်​ပွဲ မှာ​တော့. ဗီ​လိမ် အခန်း​မှာ သရုပ်ဆောင်​တာ​များ​တဲ့ ရုပ်​ရှင်မ​င်း​သမီး တစ်​ယောက်​က စစ်​တပ်​ကို အ​တော့် ကို​ပက်​ပက် စက်စက် . . အမူ​အယာ​နဲ့ တ​ကွ စင်​ပေါ်​က ဆဲ ပြတာ ကို တွေ့ ပြီး . . နောက်​မှာ တော့ ​နို​င်​ငံ​ရေး တရား​ပွဲ ကို လုံး​ဝ မ​လိုက်​တော့​ပါ​ခင်ဗျား. . .. . သူ​အ​တော်​စိတ်ပျက်​သွား ပုံ​ရ​ပါ​တယ်. 

ငါ့​လ​ခွီး. . ဆဲ​လိုက်​တဲ့ ကောင်​မ​ကွာ . .ထမိန်​လှန်​သ​လို အမူ​အယာ​တွေ​နဲ့ ပါ ဆဲ ပြ အောက်​က​လဲ မြောက်​ပေး​ကြ . . ကြည့်​ရင်း ငါ​မျက်နှာ​တွေ ပူ ပြီး ရှက်​လာ​တာ​ကွ . . . အဲ့​ဒီ့​နောက် . . ဟာ. . . . ငါ​တော် ပြီ ငါ ဒီ​လို​ခါ​တော်​မှီ​တွေ​နဲ့ တ​စင်​ထဲ လုံး​ဝ မ​ပြော​တော့ ဘူး​ကွာ . လို့. ချက်​ခြင်း​ဆုံးဖြတ်ချက် ချ ပစ်လိုက်​တာ ကွ. ဆို​ပြီး . . . တရား​ပွဲကိုလုံး​ဝ မ​လိုက်​တော့​ပါ​ခင်ဗျား. .ဆရာ​သော်​အကြိမ်ကြိမ် လာ​ခေါ်​သော် လဲ လုံး​ဝ မ​လိုက်​ခဲ့​တော့​ပါ. . 


၁​၉​၈​၈ နှစ်​ကုန် ​၈​၉ လောက်​မှာ တော့ NLD ကို စတင် ဖွဲ့​စည်း ချိန်​မှာ ဆရာ​သော် ဟာ. . အဖေ့ ကို နာ​ယ​က ထဲ မှာ ဝင်​ဖို့ တစ်​ခေါက် ပြန်လာ​ခေါ်​ပါ​တယ်. . အဖေ ဆရာ​သော့် ကို ပြန်ပြော​လိုက်​တဲ့​စကား​လေး​က . လူ​ငယ်​တွေ သတိ ထား ကြ​ဖို့ ကောင်း​လှ ပါ​တယ်. . 

ဗိုလ်​မှူး . . နို​င်​ငံ​ရေး​လောက​ဆို​တာ. . . ဝင်​လိုက်​ထွက်​လိုက် . ရစ်​သီရ​စ်​သီ လုပ်​လို့​ရ​တာ မဟုတ်​ဘူး.. ဝင်​ရင်​တ​ဆုံး​ဝင်​ရ​တာ . ကျွန်တော် လုံး​ဝ ကို ​နို​င်​ငံ​ရေး ကို စိတ်​မ​ဝင်စား​တော့​လို့​ပါ​ဆို​ပြီး အတင်း ငြင်း လွှတ်​ပါ​တယ်

. . နို​င်​ငံ​ရေး​အ​တွေ့ အ​ကြုံ သိပ်​ကြီး​တဲ့ ဆရာ​မြ က လဲ . အဖေ့ ရဲ့ စကား​ကို လုံး​ဝ ထောက်ခံ ခဲ့​တယ် လို့​ဆို ပါ​တယ်. .

အပါး​မ​ဝ​သေး​တဲ့ ကျွန်တော်​နဲ့ ကျွန်တော့ အမ​က တော့. . . ဘယ်​တုန်း​က​မှ ​နို​င်​ငံ​ရေး​အကြောင်း မ​ပြော ခဲ့ ဘူး​တဲ့ သူ​တွေ က​ရုတ်​တရက် စင်​ပေါ် ရောက်လာ.​နာမည် တွေ ကြီး​လာ​တာ​တွေ​ကို​တွေ့ ရ​တော့ . . အစဉ်​အဆက် ဆို​ရှယ်​လစ်​ခေတ် က​တည်း က အစိုးရ ကို တွယ်​ခဲ့ တဲ့ အဖေ့ ကို နေရာ​တစ်​နေရာ​မှာ နာမည်ကြီး​စေ​ချင်​ကြ မိ​ပါ​တယ်. အဖေ​ရယ် လုပ်​ပါ့​လား လို့ သူ့​ကို တိုက်တွန်း ကြ​တဲ့ စကား​မျိုး မ​ကြာ​ခဏ ပြော​မိ​ကြ​ပါ​တယ်. .


အဖေ က တော့ လုံး​ဝ ပြတ်သား​ပါ​တယ်. . . လူ​လေး​တို့​နား​မ​လည်​သေး​ပါ​ဘူး​ကွာ လို့ ဘဲ ကျွန်တော့ ကို ပြန် ပြော​ပါ​တယ်... 

၁​၉​၈​၉ ခု​နှစ်​ကုန်​လောက်​မှာ . ပါ​တီ​တာဝန်​တွေ ထမ်း​ရင်း . .ဆရာ​သော်​အိမ် ကို​တစ်​ခေါက်ရောက်​လာ​ပါ​တယ်. . သူ​က ရွှေဘို​သား​ဖြစ်​တော့ မြန်မာ​နို​င်​ငံ အထက်​ပိုင်း . . စစ်ကိုင်း .​ရွှေဘို ဘက်​ကို စည်း​ရုံး​ရေး တာဝန်​ခံ အဖြစ်​နဲ့ . ခရီး သွား​ရာ​မှာ အဖေ့ ကို လိုက်​ခဲ့​ဖို့ လာ​ခေါ်​တာ​ပါ. . အဖေ က​လုံး​ဝ ငြင်း​လွတ်​ပါ တယ်. . ဆရာ​သော်က . . ကို​အောင်​သင်း လိုက်​ခဲ့​စမ်း​ပါ​ဗျာ .​ခင်ဗျား​ဘာ​မှ ပြော​စရာ​မ​လို​ပါ​ဘူး . . ကျုပ်​ဘဲ​ပြော မှာ​ပါ​ဗျ. . . ကျုပ်​က ခင်ဗျား နဲ့ ခရီးသွား​ရ​တာ​ကို​ပျော် နေ​တာ . . ခင်ဗျား​အတွက်​ကုန်ကျ စရိတ် အားလုံး ကျုပ်​တာဝန်​ယူတ​ယ်​ဗျာ .​ဒါ . . ပါ​တီ​က စရိတ်​မဟုတ်​ဘူး ကျုပ်​စရိတ်​ဗျ. ဆို ပြီး အဖေ့ ကို တစ်​ခါ ပြန်လာ​ခေါ် ပါ​တယ်. . အဖေ​က မ​လိုက်​ဖို့ အတင်း ဆက်​ငြင်း​တော့ . . ဆရာ​သော်​လဲ အ​တော်​စိတ်ဆိုး လာ ပြီး . ပြန်သွား​ပါ​တယ်. . .


ဆရာ​သော်​ပြန်သွား​ပြီး . မော်​မော် က ဆရာ​သော့် ကို အား နာ​စရာ​ကောင်း​လိုက်​တာ အဖေ ရယ် . သူ​က တကယ် လိုက်​စေ​ချင်​လို့​ဟာ​ကို . အလွတ်​သဘော​ဘဲ​ဟာ.​တစ်​ခေါက်​လောက် . လိုက်​သွား လိုက် လဲ.​ဘာ​မှ မ​ဖြစ်​ပါ​ဘူး . ဆရာ​သော် နဲ့ အဖေ ဒီ​လောက်​ရင်းနှီး​နေ​တာ လူ​တိုင်း​သိ​နေ​တာ ဘဲ ကိုး. . ဆို​တော့ . . အဖေ က မော်​မော့် ကို လှမ်း​မ​န့် ပါ​တယ်. . ဒါ ​နို​င်​ငံ ရေး​အတွက်​သွား​တဲ့ ခရီး မော်​မော်. . လူ​ချင်း ခင် လို့ လိုက်​တယ် ဆို​ပေ​မယ့်. . ငါ ​နို​င်​ငံ​ရေး​သမား မဟုတ်​ဘူး. . အတူတူ သွား ရင် ငါ ​နို​င်​ငံ​ရေး ရော​လုပ်​နေ ပြီ . ဘဲ ပြော​ကြ​မှာ . ငါ​နို​င်​ငံ​ရေး​ကို လုံး ဝ. . စိတ်​မ​ဝင်စား​တော့ ဘူး . . နို​င်​ငံ​ရေး​ကို ပါ​မိ​မှာ စိုး​လို့ ငါ့ ရဲ့ လက်​ကို ရေဆေး ပြီး ထွက်​လာ​ပြီး​သား. . အနံ့ မစင်​မှာ စိုး​လို့ ငါ့ လက်​ကို အကြိမ်ကြိမ် ဆပ် ပြာ​နဲ့​ဆေး​ထား​တာ. . အခု အချိန်​ကျ မှ ငါ ပြန်​မ​လုပ်​နို​င်​ဘူး. . . နို​င်​ငံ​ရေး​ရဲ့ သဘော မှာ. . အ​ဖြောင့် သွား လို့ မ​ရ​တဲ့ သဘော​တွေ ရှိ တယ်. . ငါ့​စိတ်​နဲ့ ဖြစ်​မှာ မဟုတ်​တာ ငါ​သိ​ပြီး​သား.. . အဲ့​ဒီ့ တော့ . .ငါဟာ​နို​င်​ငံ​ရေး​သမား​ကောင်း​တစ်​ယောက် ဘယ်​တော့ မှ ဖြစ်​မှာ မဟုတ်​ဘူး​ဆို ပြီး. . . ဆို​ပြီး မော်​မော့် ကို ရှင်း​ပြတာ တွေ့ ရ​ပါ​တယ်. . .

 (ဒီ ဆုံးမ စကား ဖေ​ဖေ့ ကို ပြော ခဲ့ သူ​က တော့ ဘ​ဘ​ဦး​အောင်​သန်း​ဘဲ ဖြစ်​ပါ​တယ်. . . မောင်​အောင်​သင်း မင်း​က ရိုး​လွန်း ဖြောင့် လွန်း​တယ်​ကွ ​နို​င်​ငံ​ရေး က အဲ့​ဒီ့​လောက် ဖြောင့် လို့ မ​ရ​ဘူး​ကွ. မင်း​ဒုက္ခ ရောက်​လိမ့် မယ်. . မင်း​က လှေ​ကြီး​ထိုး ရိုး​ရိုး​ဘဲ ဘဝ မှာ ကြီးပွား​မယ့် ကောင်​ပါ​ကွာ လို့ ပြော​ဘူး​ပါ​သ​တဲ့) 


အဲ့​ဒီ့​နောက်​ပိုင်း ဆရာ​သော် လုံး​ဝ မ​လာ​တော့ ဘဲ . . အဖေ​နဲ့ ဆရာ မြ ဘဲ တောက်​လျှောက် အတူ တွဲ တာ​တွေ့ ရ​ပါ​တော့​တယ်

၁​၉​၉​၀ ခု​နှစ်​ထဲ တရက်​မှာ. . ဆရာ​သော် အိမ်​ကို ရောက်လာ​ခဲ့ ပါ​တယ်. . အလုပ်​အတူ တွဲ လုပ်​ရ​တဲ့ သူ​တွေ​ကို စိတ်ပျက် လာ​ပုံ​ရ တယ် လို့ အဖေ ပြန်ပြော​ပြ​ပါ​တယ် . . 

ကျုပ် ခင်ဗျား ကို လွမ်း​လွန်း​လို့ လာ​တာ ကို​အောင်​သင်း​ရဲ့ လို့ ဆို​ပါ​တယ်. . . အဖေ ကတော့ ဆရာ​သော် ပြော သ​မျှ ကို နားထောင် နေ ပြီး. . နောက်ဆုံး ဆရာ​သော် ပြန်​ဖို့ ထ​ချိန်​မှာ. . တံခါး​ဝ ရောက်​တော့. . ရုတ်​တရက် လှည့် လိုက်​ပြီး. . တ​ခါး​ဘောင် ကို ကိုင်​ရင်း. . 

ကို​အောင်​သင်း ခင်ဗျား ပြော​တဲ့ စကား​လေး မှတ်မိ လား​ဗျ. . နို​င်​ငံ​ရေး​ဆို​တာ ​ဟော့​သ​လို ရစ်​သီရ​စ်​သီ လုပ် လို့ မ​ရ​ဘူး​ဆို​တာ​လေ ဆို ပြီး . . သူ့​ရဲ့ သိပ်​မ​သန်​တဲ့ ခြေထောက် ကြီး ကို ကြမ်းပြင် မှာ ဝိုင်း​ကာ . . ဝိုင်း​ကာ​လုပ် ပြ​တယ် လို့ ဆို​ပါ​တယ်. . . . အဲ့​ဒါ သိပ် မှန်​တယ် ကို​အောင်​သင်း​ရယ်. . ကျုပ်​ကတော့ . . ခြေ နှစ်​ဖက်​လုံး ဝင်​လိုက်​မိ​ပြီ​ဗျာ. . ဘာ​တွေ ဆက်​ဖြစ်​အုန်း​မ​လဲ မ​သိ​တော့​ဘူး. . .ကိုင်း. .ကျုပ်​သွား​တော့​မယ်​ဗျာ ဖြစ်​သ​မျှ အကြောင်း​ပေါ့ ဗျာ. . ဆို ပြီး . . နောက်ဆုံး ​နူ​တ်​ဆက် သွား တယ် လို့ ဆို​ပါ​တယ်. . 

အဲ့​ဒါ​ဟာ အဖေ . . ဆရာ​သော့် ကို နောက်ဆုံး တွေ့ လိုက်​ရ​ခြင်း​ပါ​ဘဲ. . 


ဒီ​အကြောင်း​ကို အဖေ ဟာ. . သူမ​ဆုံး ခင်​နောက်ဆုံး အချိန်​ထိ. . အကြိမ် ​၂​၀ ထက်​မန​ည်း​သတိ ရ​တိုင်း ကျွန်တော့​ကို ပြန်ပြော​ပြ လေ့ ရှိ ပါ​တယ်. . 

အဲ့​ဒီ့​နောက်​ပိုင်း​မှာ​တော့ ဆရာ​သော့် ကို ဘဝ​တက္ကသိုလ် ထဲ​ကို ပို့ လိုက်​တယ်​လို့ ကြား​ပါ​တယ်. . . .အ​ထူး​တိုက်​မှာ ထား​တယ်​လို့​သိ​ရ​ပါ​တယ်. . . 

ထိုင်​ခုံ မ​ရှိ​ရင်​ထိုင်​လို့​မ​ရ​တဲ့ ဆရာ​သော် . . ကု​တင်​မ​ရှိ ရင် အိပ်​လို့​မ​ရ​တဲ့ ဆရာ​သော်. . 

ဘေး​အ​ကူမ​ရှိ​ရင် အိမ်သာ​တောင် တတ် လို့​မ​ရ​တဲ့ ဆရာ​သော်. . ထောင်​ထဲ မှာ​ဘယ်​လို နေ​ပါ​လိမ့် လို့​စဉ်းစား​လိုက်​တိုင်း. . သွေး​ထဲ မှာ ဖျင်း​က​နဲ့ ဖြစ်​သွား သည် အထိ ကျွန်တော် အကြိမ်ကြိမ် ခံစား​ခဲ့​ရ​ဘူး​ပါ​တယ်. . 

သူ အ​ထဲ ကို​ရောက်​သွား ပြီး သိပ် မ​ကြာ​ခင်​မှာ ဘဲ သူ့ ရဲ့ ပထမ​ဇနီး ဆုံး ပါ​တယ်. . လက်ထိပ်​တန်းလန်း​နဲ့ . .ဇနီး အသုဘ ကို လာ​ပို့​ခဲ့​တယ်​လို့ ဆို​ပါ​တယ် . 

အဲ့​ဒီ့​နောက် . . သူ့​ဘေး အခန်း​မှာ နေ​တဲ့ သူ​ကို(ဆရာ​မင်း​သိင်္ခ လို့ ထင်​ပါ​တယ် အဖေ့ ကို မေး​ဖို့ အမှတ်​တ​မဲ့ ဖြစ်​သွား လို့​ပါ.​သူ ကိုယ်တိုင်​လာ​ပြော​ပြ လို့​သိ​ရ​တာ​ပါ.. ) .

ကျုပ် ဒီ​ဆေး​တွေ မ​သောက်​တော့​ဘူး​ဗျာ. . . ဆက်​သောက်​နေ​ရင် ဆက် အသက် ရှည်​နေ​လိမ့် မယ်. .မြန်​မြန်​သေ မှ မြန်​မြန် ဝဋ်ကျွတ် ပြီး ဒီ​ခွေး သား​တွေ ကို ချ​ဖို့ ကျုပ် ပြန်​ပြီး မွေး​မယ်​ဗျာ . . ဆို ပြီး . . သူ့​ရောဂါ​အတွက် ပုံ​မှန် သောက်​နေ​တဲ့​ဆေး တွေ ကို ရပ် ပစ် ​လို​က်​ပါ​သ​တဲ့. . 

အဲ့​ဒီ့​နောက် တစ်​လ​ကျော် လောက်​မှာ . . ဆရာ​သော် ဆုံး​သွား တယ် လို့ ကြား​ရ​ပါ​တယ် ခင်ဗျား. .( .၁​၉​၉​၁ ခု​နှစ် ဇွန်​လ​ပါ)

အင်မတန် ရင်နာ​ဖို့ ကောင်း​ပါ​တယ်. .ကိုယ့်​ရဲ့ အဖေ . . ဘကြီး တစ်​ယောက် ဆုံး သ​လို ရင်​ထဲ​မှာ ကျင်​နေ​အောင် ခံစား​လိုက်​ရ​ပါ​တယ်​ခင်ဗျား. . (အဲ့​ဒီ့ သ​တင်း​ကို ကြား ချိန်​ကတော့ ကျွန်တော် လဲ တီ​ကောင် ကိစ္စ နဲ့ အ​ထဲ​မှာ​မို့​ပါ)


ဘာ​ဝေဖန်​ချက်​မှ မ​ပေး လို . . မ​ရေး​လို​တော့ ပါ. . . ဖြစ်​စဉ် အတိုင်း ဘဲ တင် ပြ လိုက်​တာ ဟာ . အကောင်း​ဆုံး ဘဲ ဖြစ်​မှာ မို့ ပါ. . 

အဖေ ဟာ . . ဆရာ​သော်​ဆုံး တဲ့ အချိန်​မှာ . . သူ့​ရင်​ထဲ​မှာ. . ဘယ်လောက်​ထိ. . ခံစား​သလား ခဲ့ ရသ​လဲ ဆို​တာ ကို. . ၁​၉​၉​၅ လောက်​က သူ ချောင်းသာ သွား ရင်း ဆောင်း​ပါ​လေး​တစ်​ပုဒ်​ရေး​ခဲ့​ပါ​တယ်. . အဲ့​ဒီ့ အ​ထဲ မှာ. . လွန်​ခဲ့​တဲ့ ​၁​၀ နှစ်​လောက် က .​ချောင်းသာ​ရွာ​ကို ရောက်​ခဲ့​စဉ် က BT ကြီး (နာမည် ရင်းတောင်​ရေး​ခွင့် မ​ပေး​တဲ့ ခေတ်​ပါ) ပြော​ပြ တဲ့ သူ့ ရဲ့ ပင် လယ်​အ​တွေ့ အ​ကြုံ​ကို ပြန်​ပြီး လွမ်း​ရင်း​မျက်ရည်ကျ မိ​တယ်​လို့ ဆို​ပါ​တယ် . . လှိုင်း​လုံး​တွေ ကြားမှာ . . တိုက်​ရေ​ယာဉ်​လေး တစ်​စီး ကို သူ မြင်​ယောင် လာ​တဲ့ သဘော​မျိုး​လေး လွမ်းဆွတ်​စွာ ရေး​တာ တွေ့ ရ​ပါ​တယ်. . ( ၁​၉​၈​၆​ခု​နှစ် လောက်​မှာ ချောင်းသာ ကို အဖေ​နဲ့ အတူ​ရောက်​ခဲ့​စဉ် တိုက်​ရေ​ယာဉ် ​၁​၀​၃​အကြောင်း အဖေ့ ကို ပြော​ပြ ခဲ့​တာ​လို့​ဆို​ပါ​တယ်. . အဖေ က ဒီ​စာအုပ် ခင်ဗျား ရေး ကို ရေး​ရ​မယ်​ရေး​သင့် တယ် ဆို​ပြီး အတင်း တိုက်တွန်း​လွန်း​လို့ သူ​ရေး ဖြစ်​သွား တာ​ပါ). . .

ကျွန်တော် အဖေ့ ရင်​ထဲ​မှာ ဘယ်လောက်​တောင်​ခံစား နေ​ရ မ​လဲ ဆို တာ . အဲ့​ဒီ့​စာ ကို ​နို​င်​ငံ​ခြား မှာ ဖတ် နေ​ရင်းတောင် တန်း​သိ​ခဲ့​ပါ​တယ် ခင်ဗျား. . 

ကျွန်တော် ဒီ​လို​အကြောင်း အရာ​တွေ ကို သိပ် မ​ရေး​ချင် ပါ. . ဒီ​လောက်​နဲ့ ဘဲ ရပ် ပြီး . . အဖေ​နဲ့ အရမ်း ရင်းနှီး ခဲ့ တဲ့ စာရေး​ဆရာ တွေ အကြောင်း ကျွန်တော်​တို့ မိသား​စု အကြောင်း​တွေ​ကို​ဘဲ အရ​င်​ရေး​ပြ​ပါ​ရ​စေ. . 


**********


မ​ပြော​မ​ဖြစ်​လို့ ပြော​ပြ ရ​တဲ့ အကြောင်းအရာ က​လွဲ​လို့ ​နို​င်​ငံ​ရေး​နဲ့​ပတ်သက်​တဲ့ အကြောင်း​တွေ သိပ်​မ​ရေး​ချင်​ပါ.. အကယ်၍​များ​ကျွန်တော့​ဆီ​က ​နို​င်​ငံ​ရေး​နဲ့ ပါ​တ်​သက်​တာ​တွေ​တော့​သိ​ရ​တော့​မယ် ဆို​တဲ့ အထင်​နဲ့ ​မျော်​လင့်​နေ​ကြ​တာ​မျိုး ဆို​ရင်​တော့ စိတ်​အာသာ​ပြေ အောင် ဖြည့်စွမ်း မ​ပေး​နို​င်​တဲ့ အတွက်​ကြို ပြီး တောင်းပန်​ထား​ပါ​ရ​စေ. . . .


နောက်​ပြီး အခု​ရေး​နေ​တာ​က ဆရာ အောင်​သင်း​အကြောင်း​ဆို​တော့ သူ့​အကြောင်း​တွေ​ကို​ဘဲ တတ်​နို​င်​သ​လောက် ပြည့်​ပြည့် စုံ​စုံ.​လေး ဖြစ်​အောင် ရေး ပေး​ရ​မယ့် တာဝန် ရှိ​တယ် လို့ ယူဆ​မိ လို့ ပါ ခင်ဗျား


အဲ့​ဒါ​ကြောင့် ပထမ​ပိုင်း​တွေ​မှာ မ​ပါ​ခဲ့​သေး​သော.. .ဘယ်​သူ​မှ​လဲ​မ​သိ​သော . အဖေ့ အကြောင်း​လေး​တွေ​ကို​နည်း​နည်း​လောက် ပြန်ပြော ပြ​ပါ​ရ​စေ. . 

အဖေ့​ရဲ့ ဖ​ခင်​က တော့ ဦး​ညီ​မောင် ဖြစ် ပြီး မိ​ခင် ကတော့ ဒေါ်​ရွှေ​ကြင်​ပါ. အမေ​က ရှ​မ်း​စပ် တယ်​လို့ ဆို​ပါ​တယ်. မြေ​ပြန့် ​ရှ​မ်း​တွေ​ဖြစ်​ဟန်​တူ ပါ​တယ်. . . ကျွန်တော်​နှစ်​ယောက်​လုံး​ကို မ​တွေ့​ဘူး​လိုက်​ပါ. . မြင်​ဘူး​သ​မျှ အဖေ့​ဘက်​က အမျိုး တွေ အားလုံး​ကတော့ ထောင်​ထောင် မောင်း​မောင်း အသား​ဖြူ​ဖြူ တွေ ပါ. ... အ​တော် ချော ကြ​တာ​တွေ့​ရ​ပါ​တယ်. . အဖေ တို့ တ​မျိုး​လုံး မှာ အဖေ အရပ် အ​ပု ဆုံး လို​တောင်​ထင်​မိ​ပါ​တယ် 


အဖိုး​က ပန်း​တိမ် လုပ်​တယ်​လို့ ဆို​ပါ​တယ်​အဖေ​လဲ ပန်း​တိမ်ကော​င်း​ကောင်း လုပ်​တတ်​ပါ​တယ်. . အမေ့ အတွက် သူ​လုပ်​ပေး​ထား​တဲ့ . .နီလာ နှစ်​လုံး​ကပ် ရွှေ လက်​စွပ်​ကလေး ကို အမေ့ ဆီ​က အမွေ တောင်း​တော့ . အမေ​က ကျိုက်​ထီး​ဆောင်း​ဆရာတော်​တည် တဲ့ ဘုရား​ဌာပနာ​ထဲ​မှာ လှူ လိုက်​ပြီ လို့​ဆို ပါ​တယ် .​ကျွန်တော် ဘဲ​ရီး​ဆောရီး ခြင်း​ဖြစ် သွား​လို့ အမြန်​ပြန်​ပြီး သတိထား သာဓု ခေါ်​လိုက်​ရ​ပါ​တယ်​ခင်ဗျား. . . .


အဖေ့​ကို​မွေး​ပြီး​ချိန်​မှာ ထူးခြား​တာ​လေး​တစ်​ခု ဖြစ်​ပါ​သ​တဲ့. . . . အဖေ ​၅ ရက်​သား​လောက်​မှာ. . . အဖွား က နေ့​လည်​ခင်း အပေါ့ အပါး သွား​ဖို့ အိမ်​အောက်​ကို ဆင်း ပြီး ပြန်​တက် လာ​ချိန်​မှာ . . အဖေ့ အောက် မှာ. . အဝါ​အနက်​ကြား ငန်းတော်ကျား မြွေ တစ် ကောင်​က ဝင် ခွေ​နေ ပြီး ကလေး​ကို သူ့​ကိုယ်​ပေါ် ပင့်​ထား ပါ​သ​တဲ့. . 

အဖွား လဲ . . လန့်​အော်​ပြီး. . အဖိုး နဲ့ ရပ်​ကွက်​ထဲ​က သူ​တွေ​ကို လှမ်း​အော် အ​ကူ အညီ တောင်း​ပါ​သ​တဲ့. . အားလုံး ရောက်လာ​ချိန်​မှာ. . . ဒါ​က သူတော်ကောင်း​မြွေ. ရွှေ​ရည် ငွေ​ရည်​ ​ဖြန်း​ပေး ရ​တယ် ဆို​တော့ မှ. . ဖလား​ထဲ​မှာ လက်​ဝတ်​ရတနာ​တွေ ထည့် ရေထ​ည့် ပြီး. . မေတ္တာပို့ ရေ​ဖြန်း​ပေးလိုက်​တော့​မှ. မြွေ​က ဖြည်း​ဖြည်း ခြင်း ဖြည် ပြီး . . အိမ်​အောက် ကို ဆင်း သွား ပါ​သ​တဲ့. .. .


အဲ့​ဒီ့ ည​မှာ​ဘဲ အဖွား​က ကလေး​ကို သေး​စို​တာ တို့ ဘာ​တို့ ဖြစ်​မှာ စိုး လို့. ကလေး ကို စမ်း လိုက်​တဲ့ အချိန်​မှာ. . ပျော့ က​နဲ့ ထပ် စမ်း​မိ​ပါ​သ​တဲ့. . . အဲ့​ဒါ​နဲ့ . . အဖွား​က အဖိုး​ကို. . . ကို​ညီ​မောင် ထ​အုန်း . ကလေး​အောက်​မှာ . . ဟို​အကောင် ထပ် ရောက်​နေ​ပြ​န်ု​ပီ ဆို ပြီး မီးခွက်​တွေ​ထွန်း ပြီး နောက်​တစ်​ကြိမ် ရွှေ​ရည်​ငွေ​ရည် လောင်း လိုက် မှ ပြန်​ဆင်း​သွား ပါ​သ​တဲ့ ခင်ဗျား. . .


အဲ့​ဒီ​အကြောင်း ကို အဖေ က ကျွန်တော့ ကို​ပြော​ပြ​တော့ . ငါ​လဲ ဘယ်​သိ​မှာ တုန်း . သူ​တို့ ပြန်ပြော​ပြ လို့ သာ သိ​ရ​တာ​ပေါ့ ကွ. . ဒါ​မျိုး​ဆို​တာ​က . . စာ​ထဲ​ထည့်​ရေး​လို့ ရ​တာ မျိုး​မှ မဟုတ်​တာ . . ထည့်​ရေး​ရင် ငါ​လဲ ပေါ​တော​တော ဖြစ်​ကုန်​မှာ ပေါ့ ကွ လို့ ပြော​ပါ​တယ်. . .အခု​တောင် သားအဖ ခြင်း​မို့ ကပ်​ကြွား လို့ ရ​တာ​လေ​ကွာ တဲ့


အဲ့​ဒီ့​မှာ​တင် ကျွန်တော်​လဲ . . ဟာ. . ငါ​လဲ အ​ချဉ်​မှ မဟုတ်​တာ . ထူးခြား​မှူ့ ရှိ​ကို​ရှိ ရ​မယ် ဆို​ပြီး. . ဘေး​မှာ ဟင်းရွက်​သင်​နေ​တဲ့ အမေ့​ကို .​အမေ ကျွန်တော့​ကို မွေး​တုန်း​က တော်​လဲ​သံတွေ ဘာ​တွေ မ​ကြား​ဘူး လား​ဆို​တော့ မ​ကြား​ပါ​ဘူး​တဲ့. 

မိုးကြိုးပစ်​တာ​တွေ ဘာ​တွေ​ရော ရှိ​လား​ဆို​တော့. . . . မ​ရှိ​ပါ​ဘူး​တဲ့. . ကျွန်တော် . . . နည်း​နည်း နင် သွား​တယ်. . .အမေ​က​လဲ​ဗျာ ဆို​တော့ . . အမေ​ရော အဖေ​ရော ရယ်​နေ​ကြ​ပါ​တယ်. . .ပြီး​မှ အေး​ဟဲ့ ထူးခြား​တာ လို့​ပြော​လို့​ရ​တာ တစ်​ခု​တော့ ရှိ တယ်. . နင့်​ကို မွေး​တုန်း​က မေမြို့ စစ်ဆေး​ရုံ​မှာ. .ငါ​က ဗိုက်​တွေ ဘာ​တွေ လဲ​သိပ်​မ​နာ​တော့ မ​မွေး​လောက်​သေး​ဘူ​ဆို​ပြီး. . . ငါ့ကို​မွေး​စင်​ပေါ် တင် ပြီး ဆရာဝန် ဆရာ​မ​တွေ​က အခန်း​အပြင် ဖက် ထွက်​စကားပြော​နေ​ကြ​တာ​ဟဲ့. . . ငါ​လဲ . . ဒီ​အတိုင်း နေ​နေ တုန်း ဗိုက်​ထဲ မှာ နည်း​နည်း​လေး. ရစ်​သ​လို ဖြစ်​လို ညစ်​လိုက်​တာ. နင့်​ခေါင်း​ကြီး​က ပြူး​က​နဲ့ ထွက်​လာ​ပါ​လေ​ရော. . . အဲ့​ဒီ့​တော့ မှ လန့် ပြီး. . အပြင်​က ဆရာ​မ​တွေ ကို အတင်း​လှမ်း​အော်​ခေါ်​တော့​မှ. . ပြေး​ဝင်​လာ​ကြ ပြီး. . နင့် ကို ကမန်းကတန်း​မွေး လိုက်​ရ​တာ ဟဲ့. . . . ငါ​သာ ညှစ်​ချ လိုက်​ရင် နင်​တော့​သေ​ပြီ တဲ့. . .အောက်​က သံ​မံ​တလင်း​ဟဲ့​တဲ့ 

ဟာ​ဗျာ. ... အမေ​က​လဲ လို့ ကျွန်တော် က​စိတ်ပျက်​လက်ပျက်​ပြော​လိုက်​တော့​ပြော​လိုက်​တော့ . . အဖေ​ရော..​အမေ​ရော. . .တ​ဟား​ဟား ရယ်​နေ​ကြ​ပါ​တယ်၊


ကျွန်တော် တကယ်​ကို​မေး​ခဲ့​ဘူး​တာ​ပါ ခင်ဗျား. .ကိုယ်​က​လဲ အရမ်း​ထူးခြား ချင်​နေ​တာ​ကိုး. ရယ်​စရာ လေး​ကို သတိရ​လိုက်​လို့​ပါ. . 

အဖေ့​ရဲ့ အသက် ​၁​၁ နှစ်​မှာ. . အဖေ့ အမေ​ဆုံး ပါ​တယ်. . မ​ဆုံး ခင်​မှာ. . အဖေ့ ရဲ့ အ​ဒေါ်. သူ့​ညီမ. ဒေါ်​ခင်​သု​ကို(ကျွန်တော် တို့ ကတော့ မေမေ​သု လို့ ဘဲ ခေါ်​ပါ​တယ်. .အဖေ​ကတော့ မမ​သု လို့​ခေါ်​ပါ​တယ်) ဟဲ့. . ခင်​သု. . အကြီး​ကောင် မောင် အောင်​သင်း​ကို သေချာ ဂရု စိုက် အ​ငယ်​ကောင်​က (ဦး​လေး​ကို​သန်း​ကြွယ်) လည်​တယ် နေ​တတ်​တယ်. အောင်​သင်း​ကြီး​က အ​တယ် ဟဲ့ လို့ မှာ သွား ခဲ့ ပါ​သ​တဲ့. . . . 


အဲ့​ဒီ​အကြောင်း. . အဖေ​က ကျွန်တော့ ကို အကြိမ်​ပေါင်း​များ​စွာ ပြော​ခဲ့​ဘူး​ပြီး.​ပြော​လိုက်​တိုင်း သူ့ အမေ က သူ့ ကို အဲ့​ဒီ့ လို့ မှာ သွား​တယ် တဲ့ ဆို​တဲ့ မိ​ခင်​မေတ္တာ ကို ငတ်​နေ​ခဲ့ တဲ့ ကလေး​တစ်​ယောက်​ရဲ့ မျက်နှာ မျိုး​လေး​ကြည်နူး​နေ​သ​လို​လေး ဖြစ် ဖြစ်​သွား​တာ ကို ကျွန်တော် အ​မြဲ သတိပြု မိ​ခဲ့ ပါ​တယ်. . . . 

သူ့​မှာ လဲ အမေ ရှိ​ခဲ့ ဘူး​ပါ​တယ် ကွ​လို့ ကျွန်တော့ ကို ကြွား​တာ​များ လား လို့ သူ​မျက်နှာ ကို ကြည့်​ရင်း​ကျွန်တော် အ​တော်​စိတ်​မ​ကောင်း​ဖြစ်​ခဲ့​ဘူး​ပါ​တယ်


အဲ့​ဒီ့​နောက်​သိပ် မ​ကြာ​ခင်​မှာ ဘဲ အဖိုး​က ဒေါ် သက်​ငွေ ဆို​တဲ့ အမျိုးသမီး​နဲ့​နောက်​အိမ်ထောင်​ပြု ပါ​သ​တဲ့. အဲ့​ဒီ့​မိထွေး မှာ လဲ​သား နှစ်​ယောက် ရှိ​ပါ​သ​တဲ့. . . အဖေ​တို့​နဲ့ ငယ်​ငယ် ကတည်းက အတူ ဆော့ နေ​တဲ့ သူငယ်ချင်း​တွေ ရွယ်​တူ​တွေ ပါ​ဘဲ တဲ့. . ဦး​ဖုန်း​မို နဲ့

ဦး​သန်း​ညွန့် လို့​ခေါ်​ပါ​တယ်. . 

အဖေ့​ရဲ့ စိတ်လေ လူ​လွင့် စ​ဖြစ်​တဲ့ အချိန်​က အဲ့​ဒီ့​မှာ စ​တယ် လို့ ပြော​ပါ​တယ်. . အိမ်​ကို ပြန် တဲ့​အချိန်နည်း​လာ​ပြီး. . . အ​ဒေါ်​အိမ်​နဲ့ လမ်း​ပေါ်​မှာ ဘဲ အနေ​များ လာ​ပါ​တော့ တယ်. . .

ကျွန်တော် က အဖေ့ ကို မိထွေး က နှိပ်စက် လို့​လား​ဆို​တော့. . ဖြည်း​ဖြည်း​ခြင်း​စဉ်​စား​ပြီး. . မ​နှိပ်စက်​ပါ​ဘူး​ကွ.. . ဖုန်း​မို​ရယ် . သန်း​ညွန့် ရယ် ငါ​ရယ် သန်း​ကြွယ်​ရယ်​ကို​လဲ အားလုံး​တစ်​တန်း​ထဲ ထား​တာ​ဘဲ. . ထမင်းစား​လဲ အတူတူ ဘဲ . . အားလုံး​ညီတူ​ညီမျှ​ပါ​ဘဲ​ကွ. . . ဆူ​စရာ​ရှိ လဲ အကုန်​အတူတူ ဆူ တာ​ပါ​ဘဲ လို့ ပြော​ပါ​တယ်. . နောက်. . . အဖွား​ကြီး​က ငါ့​အပေါ် လဲ ကောင်း​ပါ​တယ်​ကွ . . မုန်း​လဲ​မမုန်းပါ​ဘူး. . .. နောင် အဖေ​ဆုံး​တော့ ငါ​လဲ တစ်​လ ကို အစိ​ပ်​ပုံ့​မှန်​ထောက်​ခဲ့​ပါ သေး​တယ်. . .သန်း​ညွန့် က လဲ စိတ်​ဖောက်​ပြန်သွား​တော့ အဖွား​ကြီး အ​တော်​ဒုက္ခ ရောက်​သွား​တယ် လေ​ကွာ. . ... လ​တိုင်း​ငါ​ပေး​တဲ့ . . ပိုက်ဆံ​လေး လာ​ရင် သူ​က ပိုက်ဆံ​လေး​ကို နဖူး​တို​တို့ ပြီး ငို​တယ်​လို့​ပြော​တယ်​ကွ . . . ဖုန်း​မို​က​လဲ ထောက်​ပုံ​ရ​ပါ​တယ်​ငါ​တတ်​နို​င်​တာ​က​လဲ ဒီ​လောက်​ဘဲ မဟုတ်​လား. . 


ဒါ​ထက် အဖေ . က အဖိုး​ကို စကားမ​ပြော တော့ ဘူး​လိုလို ဘာ​လိုလို လဲ​ပြော သေး​တယ်နော် ဆို​တော့. . စကားမ​ပြော​တာ မဟုတ်​ပါ​ဘူး​ကွာ. ... စကား​သိပ်​မ​ပြော​ချင် တော့​တာ. . အဲ့​ဒါ​နဲ့ သူ​နဲ့ မ​တွေ့ အောင် ရှောင်​နေ​လိုက်​တာ​ပါ. . အဖေ မျက်နှာချင်းဆိုင်​က လာ​တာ​တွေ့ ရင် ငါ က နီး​ရာ အိမ်​တစ်​အိမ် ဒါ​မှ မဟုတ် လ​မ်​ချိုး​တစ်​ခု​ခု ထဲ ဝင်​နေ ပြီး အဖေ ကျော် သွား မှ . .ပြန်​ထွက်​လာ​ပြီး ကိုယ့် လမ်း ကိုယ်​ဆက်​သွား​တာ​မျိုး​ပါ. . . . အရေး​အကြောင်း​ရှိ လို့ အဖေ​က ငါ့ကို စကားပြော ချင်​လို့ မှာလိုက် ရင်​တော့ သွား​ပြီး လို​အပ်​တဲ့​စကားပြော​လိုက်​တာ​မျိုးရှိ​ပါ​တယ်​ကွ. . ဟာ အဖေ က လဲ ကြောင်​လိုက်​တာ ဆို​တော့. . . အေး​ကွာ. . ငါ​လဲ ဘာ​ဖြစ်​လို့ အဲ့​ဒီ့​တုန်း​က ဒီ​လို​လုပ်​မိ မှန်း ကို မ​သိ​တော့​ပါ​ဘူး​ကွာ . .တဲ့. .


မှတ်မိ​တာ​လေး တစ်​ခု​က. .. .လမ်း​ပေါ်​မှာ​ဘဲ အ​မြဲ ကျင်လည်​နေ​တဲ့ ငါ​က ဆယ်​တန်း​အောင်​တယ် ဆို​တဲ့ သ​တင်း လဲ ကြား ရော. . သူ​က ပတ်​ကား​ဖောင်​တိ​န်​လေး​တစ်​ချောင်း . . ဝယ်​ပြီး ငါ့ ကို ပေး​ဖို့ အ​တော် လိုက်​ရှာ လိုက်​ရ​တယ်​ကွ အဲ့​ဒီ့ အချိန်​က သူ​လဲ အ​တော်​စီ​ပွား​လျော​နေ​ပြီ. .သူတော်​တော် အားထုတ်​ပြီး ဝယ်​ထား​တာ ငါ​သိ​တယ်. .. နောက်ဆုံး​တွေ့​လို့. . သူ​ပေး​တာ ကို ငါ​က မ​ယူ​တော့ သူ​အ​တော်​စိတ်​ထိ ခိုက်​သွား​ဟန်​တူ တယ်​ကွ. . . အဲ့​ဒါ​နဲ့ ငါ​လဲ . . . အင်တင်တင် လုပ်​ပြီး ယူထား​လိုက်​ပါ​တယ်​တဲ့. . .

ကျွန်တော်​က. . ဟာ. . .အဖေ​က လဲ ဆိုး​လိုက်​တာ​ဗျာ ဆို​တော့ . . သူ​က. . . ငါ​လဲ ဘာ​ဖြစ်​လို့ အဲ့​ဒီ့ လို လုပ်​မိ မှန်း စဉ်းစား​လို့ ကို မ​ရ​ဘူး​လို့ ဆို ပါ​တယ်. . . ငါ. . ဘာ​ကို မ​ကျေနပ်​နေ မှန်း ငါ့ဟာ​ငါ​ကို မ​သိ​တာ လို့ ဆို​ပါ​တယ်. . 


ဒါ​ဖြင့် အဖေ က မေမေ​သု နဲ့ ဘဲ နေ​တာ ပေါ့​ဆို​တော့. . အင်း. . နေ​တယ် ဆို​တာ က​လဲ စား​ချိန်​နဲ့ အိပ်ချိန်​လောက်​ဘဲ ပြန်​ပြီး တစ်​နေ ကုန်​က တော့. . ကို​ကျော်​စိ​န့် အိမ်​မှာ စာ သွား​ဖတ် ချင် ဖတ်. . တခြား စာ​သမား​တစ်​ယောက်​ယောက် အိမ် မှာ . . စကားပြော စာ​ဖတ် နေ လိုက်​တာ​ဘဲ များ​ပါ​တယ် လို့ ပြော​ပါ​တယ်​ခင်ဗျား. .


ဒီ​နေရာ မှာ .​အဖေ့​ကို စောင့်ရှောက်​ခဲ့​တဲ့ . မေမေ​သု အကြောင်း​ကို နည်း​နည်း​ပြော​ပါ​ရ​စေ. . 

အင်မတန် ချော​၍ အင်မတန် ခက်ထန် သော မျက်နှာ မျိုး ရှိ​ပါ​တယ် .​ပိန်​သွယ်​သွယ် နဲ့. အသား ဖြူ ပြီး နေထိုင်​လှုပ်ရှား ​မူ့ သိပ် သိမ်မွေ့ ပါ​တယ်. .ပင်​နီ​ဖျင်​ချော အပါး​လေး​တွေ ကို ဘဲ ဝတ်​လေ့ ရှိ​ပါ​တယ် . . ဘ​ဘ​ဦး​ကွန့် နဲ့ အိမ်ထောင်ကျ ပြီး. . သားသမီး ​၇ ယောက် ပြန်​မွေး ပါ​တယ်. . . အဖေ့ ကို​တော့ အကြီး ဆုံး သား အဖြစ် သတ် မှတ်ထား​ပါ​တယ်. .

အဖေ ​နို​င်​ငံ ရေး နဲ့ တောင်​တွင်း​ထောင်​ထဲ ရောက် နေ ပြီ​ဆို​တဲ့​သ​တင်း ကြား​ချိန်​မှာ . . . အမ​ရေ. . အမ. . မှာခဲ့ တဲ့ ကြား​က ဖြစ်​ရ လေ​ခြင်း​ဆို . . ပြီး ​ဒါး​တစ်​လက် ဆွဲ ပြီး. . ထောင် ကို ဝင်​ရမ်း​တယ်​လို့ ကြား​ပါ​တယ်. . အင်မတန်​ဒေါသ ကြီး​လွန်း​လို့ ရပ်​ကွက်​က ဝင် ထိ​မ်း ယူ​ရ​တယ်​လို့​အဖေ ပြန်ပြော​ပြ ပါ​တယ် ခင်ဗျား. . 

နေ​အုန်း​ကွ . . မမ​သု တင် ဒီ​လို မဟုတ်​ဘူး. . ငါ့ကို ကာလသား​ကြီး​တွေ​က အ​နို​င်​ကျင့် လိုက်​လို့.. ငါ​က ငို​ပြီး ပြန်လာ​တော့. . . ဒေါ် သက်​ငွေ​က လဲ ​ဒါး​ဆွဲ ပြီး အဲ့​ဒီ့ ကာလသား​တွေ​ကို လိုက်​ခုတ်​ဘူး​တယ်​ကွ. .

ဟား. . . အဖေ့ အုပ်ထိန်း​သူ​တွေ​က​လဲ ကြမ်း​လှ ချီ​လား ဆို​တော့. . သဘောကျ​ပြီး. ရယ်​နေ​ပါ​တယ်. . 


ကျွန်တော် အရွယ်ရောက်​တော့ အဖေ့ ရဲ့ မိထွေး က​ဆုံး​သွား​ခဲ့​ပါ​ပြီ. . အိမ်​ရယ်​လို့ မ​ရှိ တဲ့ မြေကွက်လပ် ကလေး​ထဲ​မှာ. . ပုဆိုး အပေါက်​အ​ပြဲ​တွေ ဝတ်​ထား ပြီး အဖေ့ ရဲ့ အိမ်​ဝိုင်း​လေး​ထဲ​မှာ. . စိတ်​မ​မှန်​တော့​တဲ့ ဦး​သန်း​ညွန့်​ဆို တဲ့ လူကြီး တစ်​ယောက်​ကို​တွေ့​ရ​ပါ​တယ်. . မ​ကျဉ်း​မ​ကျယ် ဝိုင်း​ရဲ့​ထောင့်​မှာ. . . ဆာ​လာ​ဖျ​ဉ်​အိတ် ကလေး​တွေ ကာ ပြီး အိပ်​တဲ့​နေရာ​လေး တစ်​ခု​ဘဲ တွေ့​ရ​ပါ​တယ်​ခင်ဗျား. . 


ဦး​လေး​ကို​သန်း​ကြွယ်​က အိမ်​ဝိုင်း​ကို ရောင်း​ပြီး. . အမွေ ခွဲ ဖို့ အဖေ့ ကို ပြော​တဲ့ အချိန်​မှာ . . အဖေ ဟာ. . . ဒေါသကြီး​စွာ​နဲ့. . .. မောင်​သန်း​ကြွယ် သန်း​ညွန့် ကို မ​လုပ်​ကောင်း​ဘူး​ကွ​နော် . လို့​ပြော​ပါ​သေး​တယ်​ပြီး​မှ ဝိုင်း တစ်ဝက်​ကို မင်း​ရောင်း​ပြီး​ယူ​လိုက်​ပါ​ဆို ပြီး. .. ပြော​လိုက်​ဟန်​တူ​ပါ​တယ်. .

နောက်​တစ်​ခေါက် ကျွန်တော်​ပြန်​ရောက်​တဲ့ အချိန်​မှာ​တော့ .​အိမ်​ဝိုင်း​ခပ်​ကျဉ်း​ကျဉ်း လေး ဖြစ် သွား တာ​တွေ့​ရ​ပါ​တယ်. .. အဲ့​ဒီ့​နောက်​ပိုင်း​တော့ အိမ်​ကိစ္စ ဘာ​မှ ပြော​သံ​မ​ကြား​ရ​တော့​ပါ. . .ဦး​သန်း​ညွန့် သေ ပြီး​နောက် ဦး​ဖုန်း​မို ဆက်ခံ လိုက်​ဟန်​တူ​ပါ​တယ်. . . 

ကျွန်တော်​ငယ်​ငယ် က အဲ့​ဒီ့ ပေါင်း​ပင် အ​ရိုင်း​လေး​တွေ ပေါက်​နေ​တဲ့ မြေကွက်လပ်​ထဲ​မှာ လှူ​ပ်​ရှား​နေ​တဲ့ စိတ်​မ​နှံ့ တဲ့ လူကြီး​တစ်​ယောက် ကို သူ​ဘာ​လုပ်​နေ​ပါ​လိမ့် ဆို ပြီး အ​ကြာ​ကြီး​ထိုင်​စပ်​စု​ဘူး​ပါ​တယ်​ခင်ဗျား. . 


အဖေ​ဟာ​တောင်​တွင်း​ကြီး​က နေ ​၁​၉​၅​၈​လောက်​က စ ခွာ လာ​ပြီး. အလည်​သဘော​လောက်​ဘဲ​ပြန်​တာ​တွေ့​ရ​ပါ​တယ် . ၆​၃ ခု​နှစ်​နောက်​ပိုင်း​မှာ တော့ တောင်​တွင်း​ကို လုံး​ဝ မ​ပြန်​တော့ ပါ​ဘူး​ခင်ဗျား . . အနှစ်​နှစ်​ဆယ် နီးပါး​လောက်​လုံး​ဝ မ​ပြန်​တော့​ဘဲ. ၁​၉​၇​၉. အဖိုး​ဆုံး​ခါ​နီး မှာ ​၂ ရက်​လောက်​ဘဲ တောင်​တွင်း​ကြီး​ကို တိတ် ဆိတ်​စွာ ဝင်​ပြီး တိတ်ဆိတ်​စွာ ပြန်လာ​ခဲ့​တယ်​လို့​ဆို ပါ​တယ်.(သူ့​ရဲ့ အလုပ်​ပြုတ်​ထား​ခါ စ ပါ) .

အဖိုး​က အဖေ​ရောက် လာ​တော့ သူ့​ကို အဖေ လို့ ခေါ်​ခိုင်း လို့ . သူ​က အဖေ လို့ ခေါ်​ပေး​ခဲ့​ကြော​င်း ပြန်ပြော​ပြ​ပါ​တယ်​ခင်ဗျား. . 

ဒီ​အကြောင်း​တွေ ကို သူ​ဘယ်​သူ့​မှ မ​ပြော​ခဲ့​ဘူး​တာ​သေချာ​ပါ​တယ်. . ကျွန်တော်​မေး​တော့​လဲ. . ဝေ့လည်​လည် တွေ လျှောက်​ပြော​တာ တွေ့ ရ​ပါ​တယ်. . တောင်​တွင်း​ကို သူမ​ပြန်​ချင်​ခဲ့​ဘူး​တာ​သေချာ​ပါ​တယ်. . ရှက်​ခြင်း​နာ​ကျည်း​ခြင်း​တို့ ရှိ​ခဲ့​ဟန်​တူ​ပါ​တယ်. 


နောင်တ​စ်​ချိန် မြန်မာ​တစ်​နို​င်​ငံ​လုံး​မှာ ဦး​အောင်​သင်း မ​ပါ​ရင် ဟောပြော​ပွဲ မ​လုပ်​လောက်​သည်​အထိ အောင်မြင်​မူ့ အ​တော် ကြီး​ချိန်​ကျ တော့​မှ. . တောင်​တွင်း​ကြီး​က သူ့​ကို ဟောပြော​ပွဲ ဖိတ်​ပါ​တော့​တယ်. . အဲ့​ဒီ့​အချိန်​ကျ​မှ​ဘဲ သူ​လည်း​ရွှေ​ဘ ပုံစံ​နဲ့. . တောင်​တွင်း​ရွှေ​ပြည် ကို ခန့်​ခန့် ညား​ညား ပြန်​ပြီး ပြည်​တော်ဝင် သွား​တာ တွေ့ ရ​ပါ​တယ်​ခင်ဗျား


ဆက်​ပါ​အုန်း​မည်

ဆရာ​မြိုင်

(ဒီ​နေ့ အဖေ့ ရဲ့ ​၉​လ ပြည့် မို့​အဖေ့ အကြောင်း အမှတ် တ​ရ​လေး​တွေ​ဘဲ တင်​ပေးလိုက်​ပါ​တယ်)


July 29, 2015


[ မှတ်မိမှတ်ရာစုစည်းမှုများဘလော့ဂ်မှကူးယူပါသည်။ဘလော့ဂ်ဂါအားကျေးဇူးတင်ပါသည်။]


No comments:

Post a Comment