#ဆရာဦးအောင်သင်း
( အပိုင်း-၂)
#အောင်မြိုင်သင်း
၁၉၇၈ နဲ့ ၇၉ တွေ ဟာ. . အဖေ့ အတွက် .ဗေ ဒင် သွားမေးမယ် ဆိုရင်တော ကံကြမ္မာ ဂြိုလ်စီး ဂြိုလ် နင်း မကောင်းခြင်း. . မဟာ ဘုတ် ရွဲ့ စောင်းနေခြင်း ဆို တဲ့ နှစ် တွေ ဖြစ် ဖို့များမယ် ထင် ပါ ရဲ့. .
အဖေ ဟာ စာပေ ဝေဖန်ရေး ကို ဖိဖိစီးစီး. . ရေး လာ ပြီး နောက် ပိုင်း တက္ကသိုလ် က မိတ်ဆွေ ဟောင်းတွေ ထက် ရူမဝ က စာပေ အသိုင်းအဝိုင်းမိတ်ဆွေ တွေ နဲ့ ပို ပြီး နီးကပ် လာ တယ် လို့ ထင်မိ ပါတယ်. . စာပေ လောက အတွင်း အချင်းချင်း မှာ တော့ အဖေ့ နာမည် အတန် အသင့် သိ နေ ကြ ပေ မယ့် သာမန် စာ ဖတ် သူ တွေ မသိ တဲ့ အချိန် မျိုး ပါ. . . .
သို့သော် စာပေ သမား တွေ ထဲ မှာဘဲ အဖေ့ ဟာ ချစ်ခြင်း မုန်းခြင်းတွေ ကို တော့ စတင် ရ ရှိ နေ ပြီ ဖြစ် ပါတယ်. . အဖေ့ ရဲ့ စနစ် ကျ သော ဝေ ဖန်ရေးအောက် မှာ. . လက်ခံသူတွေ ရှိသလို. . ဝတ္ထု တစ်ပုဒ်တောင် မရေးဘူး ဘဲ နဲ့. . လာ ဝေ ဖန် နေ ရ အောင် ဒီကောင် က ဘာကောင် မို့ လဲ ဆိုတဲ့. . လက်ရိုး ဝတ္ထု ရေး ဆရာ တွေ ရဲ့ အဆဲ ကို စတင် ရရှိ လာချိန်တွေပါ. . .
အနုပညာ ဖန်တီးသူ နဲ့. ဘာကြောင့် ဒီ ဖန်တီးထားတဲ့ အနု ပညာ ဟာ ကောင်းရ သလဲ . . ဘယ် စကားလုံး ကြောင့် ခွန်အား ပိုကြီး သွား သလဲ. ဘာ့ကြောင့် ညံ့ သွား ရ သလဲ. ဆို တဲ့ ပညာ ရှင်တွေ ရဲ့ ချဉ်း ကပ်ပြ ခြင်း ဝေဖန် ထောက်ပြခြင်း ကို လက်မခံ နိုင် သေးတဲ့ အချိန်မျိုးပါ . မြန်မာ့ စာပေလောက ရဲ့ သက်တမ်း နု နေသေးချိန် ဖြစ် ဟန် တူ ပါတယ်. .
သူ့ အတွက် မိတ်ဆွေ ကောင်းတစ်ယောက် တိုး လာပါတယ်. . နောင်တစ် ချိန် မှာ အဖေ့ ကို အချစ် ဆုံး ဖြစ် လာ မယ့် သူ. . အဖေ့ အပေါ် အကြွင်း မဲ့ ယုံ ကြည် တဲ့ လေးစား သူ ကတော့ ဦးလေး ကို စန်းမြင့် (ရူမဝ မောင် မြင့် မြတ်) ပါ. . သူ က ရှူ မဝ မှာ လဲ လက်ထောက် အယ်ဒီတာ လုပ်တယ် ထင် ပါ တယ်. . . ဦးလေး ကိုစန်းမြင့် ကြောင့် ဘဲ စာရေးဆရာ အနုပညာ သမား တော်တော် များများ နဲ့ သိလာရတယ် လို့ ယူဆပါတယ်. . . သူ့ကြောင့် ဘဲ သဘင် လောက ထဲ က ပြဇာတ် ဒါရိုက်တာ မောင်ယဉ် အောင် နဲ့ အဖေ သိ ပြီး မြို့တော် သိန်းအောင် ဇာတ် ပွဲ လက် မှတ် တွေ ဘာတွေ ရ လို့ ကျွန်တော် တို့ မိသားစု လိုက် သွား ကြည့် ခွင့် မကြာခဏ ရ ပါတယ်. .
မောင် ယဉ် အောင် က သူ့ ပြဇာတ် တွေ ကို ဝေဖန် ပေး ဖို့ အဖေ့ ကို ကြည့် စေချင်တာ မျိုးပါ အဖေ ကတော့ ကြည့် ခဲ လှပါတယ် . .အမေ နဲ့ ကျွန်တော် တို့ ဘဲ သွား ကြည့် လိုက် ကြ တာ များ ပါတယ်.
ပထမဆုံး သွား ကြည့်ဘူး တဲ့ အချိန် မှာ ရယ်စရာလေးနဲ့ တွဲ ပြီး မှတ်မိ တာ လေး တစ်ခု ပြော ပြ ပါ့ မယ်. .စမ်းချောင်း ပဒုမ္မာ ကွင်းမှာ ပါ
ကျွန်တော့ အနေ နဲ့ ဇာတ် တစ်ခု ရဲ့ နောက်ခန်း ထဲ ကို ပထမဆုံး ရောက်ဘူး တာပါဘဲ. . အဖေ နဲ့ ကပ် လိုက်သွား လို့ ပါ. . .အဝတ် အစားတွေ တို့လို့ တွဲ လောင်း . . စွပ်ကျယ် နဲ့ မိတ်ကပ် အဖွေး သားနဲ့ သူတွေ. အမျိုးသား အမျိုး သမီး တွေ အများ ကြီး ပါ. . .ထောင့် မကျတကျ နေရာ တစ်ခု မှာ တော့ နည်းနည်း ရှင်း ထား ပြီး. . စာရေး ဆရာ တွေ အုပ်စုလိုက်ကြီး မတ်တပ် ရပ် တဲ့ သူ ရပ်. . . ဇာတ် သေတ္တာကြီး တွေ ပေါ် မှာ ထိုင် ကြ တဲ့ သူထိုင် နဲ့ အရက်ဝိုင်း တစ် ဝိုင်း ရှိ ပါတယ်. . စာရေးဆရာ ၁၀ ယောက် လောက် ရှိ မယ် ထင်ပါရဲ့. . . ဆရာဒေါင်းနွယ်ဆွေ ကို တော့ သေချာ မှတ်မိ ပါ တယ်. . သူ့ ပုံစံ က ခပ်ညို ညို ဝ ဝကြီး ပါ. . နူတ်ခမ်းမွှေး အရှည် ကြီးကို တယု တယ ထား တဲ့ လူ မျိုး ဖြစ်ဟန် တူ ပါတယ်. . . သူ့ နူတ်ခမ်းမွှေး ကို လဲ မကြာ ခဏ သပ်လေ့ ရှိ ပါတယ်. . . ကျွန်တော် က ဦးလေး ကို စန်းမြင့် ပေးတဲ့ အာလူးကျော် နဲ့ အမြီး လေးတွေ စားရင်း( အခု လို ဆို ရင်တော့ ဒီ လောက်နဲ့ ဘယ်ရ လိမ့် မတုန်း) လူကြီး တွေ ကြား ထဲ မှာ ရော ထိုင်နေ ပါတယ် . .
ရုတ် တရက် ဆရာ ဒေါင်းနွယ် ဆွေ ထအော် လိုက်တဲ့ အသံ ကို ကြားလိုက် ရ ပြီး. . စတင် ဆဲ ရေး တိုင်းထွာ ပါတော့ တယ်. . . ဆံပင် မီးလောင် လို့ ညော် တဲ့ ညော် နံ့ ကြီး ချက် ခြင်း ထွက် လာ ပါတယ်. . . ဆရာ ဒေါင်းနွယ် ဆွေ ကို သေ ချာ ကြည့် လိုက်တော့ . . မျက်နှာ ပျက် တယ် ဆို တာ ဒါ မျိုး ဆို တာကို သဘော ပေါက် သွား ပါတယ်. သူ့ ရဲ့ နူတ် ခမ်း မွှေး တစ်ခြမ်း က တော်တော် များ များ မီးလောင် သွား တော့. . ဖိုးဝ ရုပ် မှာ နူတ် ခမ်း မွှေး ဆွဲ ပြီး မှတစ်ခြမ်း ပြန်ဖျက် ထား ခံ ရ သလို ပါဘဲ. အတော် ရယ်စရာကောင်းပါတယ်. . .
ဖြစ်ပုံ က ဒီလို ပါ. . အဲ့ ဒီ့ အချိန် က ခု ခေတ် လို gas. မီးခြစ်တွေ ဘာ တွေ မရှိ သေး ဘဲ. ဓာတ်ဆီ မီးခြစ်. နဲ့ ယမ်း မီး ခြစ် မျိုး တွေ ဘဲ သုံး တဲ့ အချိန် မျိုး ပါ. . . ဦး လေး ကို စန်းမြင့် က ဆေးတံ သမား ပါ( နောက်တော့ ဆေး ပြင်းလိပ် ဖြစ် သွား ပါတယ်) သူ့ မီးခြစ် က အတော် ထူး ဆန်း ပါတယ် ကျွန်တော် လဲ ခု ချိန် ထိ နောက် ထပ် မတွေ့ ဘူးသေးပါ. . ဇစ်ပို မီးခြစ် ကို ဆေးတန် သမားတွေ အတွက် သီး သန့် ထုတ် ထား တာ မျိုး ပါ. . မီးခြစ် အဖုံး ကို ဖွင့် လိုက် ရင် အလည် မှာ မီးစာ အပြင် ထောင့် မကျ တကျ လေး မှာ. . စတီး ပိုက် ပြွန် ပေါက်စလေး ရှိ ပါတယ်. . သာ မန် မီးညှိ သူ တွေ အတွက် မီးစာ က မီး တောက် ကို ညှိ လိုက် ရုံ ပါဘဲ. . ဆေးတန် သမား တွေ အတွက် ဆို ရင် တော့ မီးခြစ်ကလေး ကို စောင်းပြီး အဲ့ ဒီ့ ပိုက် ပြွန်ထိပ် ကလေး ကို ၃ စက္ကန့် လောက် အပူ ပေး လိုက်ရင် ဖောက် ဆို ပြီး တစ်လက်မ ခွဲ လောက် ရှည် တဲ့ . . မှူတ်မီး ကလေး ပန်း ထွက် လာ ပြီး ဆေးတန် ကို မီး ညှိ တာ မျိုး ပါ. . . အဲ့ ဒါကို ဆရာ ဒေါင်း နွယ်ဆွေ က မသိ တော့. . အတော် တိုနေ ပြီ ဖြစ် တဲ့ သူ့ ဆေး လိပ် ကို ကပ် ညှိ နေ တုန်း ခုန က ပိုက် က မီး ထွက် ပြီး သူ့ နူတ် ခမ်း မွှေး တော်တော် များ များ ပါ သွား တာ ပါ ဘဲ ခင်ဗျား. . အဖေ နဲ့ စာရေး ဆရာတွေ လဲ ဝိုင်း ရယ် ကြ ဦးလေး ကို စန်းမြင့် လဲ တဟီးဟီး ရယ် ရင်း မီးခြစ် အကြောင်း မပြော လိုက်မိ လို့ ပါ ဆို ပြီး တောင်း ပန် ကြ နဲ့. အတော် ဝရုန်း သုန်းကားဖြစ် သွား ပါ တယ်. . . ဆရာ ဒေါင်း လဲ သူသိပ်တန်ဖိုးထားတဲ့ နူတ်ခမ်း မွှေး ပါသွား တော့ မျက်နှာကြီး စူပုတ်ပြီး အဲ့ ဒီ့ ည က အတော် ချစ် စရာကောင်းတဲ့ မျက်နှာ ကြီး ဖြစ် သွား ပါတယ် ခင်ဗျား. . .ကျွန်တော် က တော့ သူ့ ကို ကြည့် ကြည့် ပြီး ကြိတ် ရယ် ခဲ့ တာ မှတ် မိ ပါ တယ်. . .
(အဖေ့ အကြောင်းရေး ရင်း ဖောက် သွား တာ မဟုတ် ပါ ခင်ဗျား. . သတိ ရ တာ လေး တစ်ခု ကို ပြောပြ ချင်လာလို့ပါ ခွင့် လွှတ် ကြပါ. . . ဦးလေး ကိုစန်းမြင့် က တော့ အဖေ့ အရင် ၁၀ နှစ်လောက် စော ပြီး ဆုံး ပါတယ်. .သူ့ ညီ လို ဖြစ်နေ ခဲ့ တော့ . အဖေ တော်တော် စိတ်မကောင်း ဖြစ် တယ် လို့ သိရ ပါ တယ်. . နေ မကောင်းတော့ လဲ အဖေ တတ် နိုင်သလောက် စောင့် ရှောက် ပေး ခဲ့ တယ် လို့ ကြားလိုက် ပါတယ် ခင်ဗျား. . )
************
သူ့ရဲ့ စာရေးပုံ ရေးနည်းကို လူအတော် များများ စိတ်ဝင် စားကြ ပါတယ်. ..ဘာကြောင့် လဲ ဆိုတော့ သူ စာရေး ရင် ဆက်တိုက် ချ ရေး တတ် တာ များ ပါတယ်. . အမှား ပြင်ဆင်မူ့ အတော် နည်းတာ တွေ့ ရပါတယ်. . ကျွန်တော် ငယ်ငယ် က သူစာရေး ထား တဲ့ စာရွက် ကလေးတွေကို အမြဲ မြင်နေကြပါ . . လျောက် လွှာ စာ ရွက် တွေကို ကလစ် ဖိုင် လေး မှာ ထပ် ပြီး သူ့ လက် ရေး သေးသေး. ရှင်းရှင်း ကျဲကျဲ လေးတွေ နဲ့ ရေးထား တာ တွေ့ရင်. . တစ်မျက် နှာလုံး မှာ.မှ . စာ တစ်လုံးစ နှစ် လုံး စ ဘဲ ပြင်တာ တွေ့ ပါ တယ် . ဒါမှ မဟုတ် အပိုဒ် လိုက် ဖြတ် လိုက်တာ မျိုး ဘဲ တွေ့ ဘူး ပါတယ် . .. . သီးသန့် အစ အဆုံး ပြန်ပြင် ရေး တယ် ဆို တာ. . . ရှိကောင်း ရှိ နိုင်ပေမယ့် မတွေ့ ဘူး သလောက် ရှား ပါတယ်. . . .
ဆရာ က စာရေး တာ တစ်ခါ ထဲ ချ ရေး လိုက်ရုံ ဘဲ နော် လို့ သူ့တပည့် တော် တော် များများ က အံ ဩ ချီးကျူး ကြတဲ့ အခါ သူပြန် ဖြေ တဲ့ အဖြေ က သိပ် စိတ် ဝင် စားဖို့ ကောင်းပါတယ်. . . စာရေးဆရာ လုပ် ချင် သူ များ သတိထား သင့် ကြ ပါတယ်. .
ငါက. . စာ ကို သာ လက် နဲ့ နောက်ဆုံး မှ ချ ရေး တာ ကွ တဲ့. . ငါ့ စိတ် ကူး ထဲ မှာ . . အကြိမ်ပေါင်းများ စွာ ချရေး လိုက် ပြန် ဖျက် လိုက် နဲ့ ဘယ်နှစ်ကြိမ် ရေးပြီးခဲ့ မှန်းတောင် မသိတော့ ပါ ဘူး ကွာ တဲ့. . . မှတ်သားစရာကောင်းလှပါတတယ်
ဒီနေရာ မှာ. . ဆရာ ကြီးရွှေ ဥဒေါင်း နဲ့ စာရေးပုံ သွား ဆင်တာ ကို တွေ့ ရ ပါတယ်. . . ဆရာ ကြီးရွှေ ဥဒေါင်း ကလည်း. . စာကို ချရေး ပြီး ရင် နောက်တစ်ခေါက် ပြန်ပြင် ပြီး ကူး ရေး ရတာ မျိုး မရှိ သလောက် နည်း ပါ တယ်တဲ့. . ပြန်ကူးရေး ရမှာ လည်း အင်မတန် ပျင်း တယ် လို့ ဖတ်ဘူး ပါ သဗျ. . . (စကားချပ်). . .
သူဟာ စကားပြောစရာ ကိစ္စ တစ်ခုခု ပရီစင်တေးရှင်း တစ် ခုခု. ဟောပြောပွဲ တစ်ခုခု ကို လုပ်တော့မယ်. . ပြောတော့မယ်. . ဆို ရင် လဲ သူ့စိတ်အတွင်း မှာ အကြိမ်ကြိမ် လုပ် ခဲ့ ပြီးသား ပြောခဲ့ပြီးသား ဖြစ် လိမ့် မယ် ဆို တာ ကိုတော့. . ကျွန်တော် ယုံ တယ် ခင် ဗျ. . ဘာကြောင့် လဲ ဆိုတော့. . . သူ စင် ပေါ် တက် ပြီး ၂ နာရီလောက် ပြော ဘို့ အတွက် ပြင်ဆင်ထား တာဟာ visiting card. ၂ ဆ လောက်ဘဲ ရှိ တဲ့ . . ကဒ်ထူ ပြား လေး ပေါ် မှာ. . စာ ၅ လုံး. . ၆ လုံး လောက် ဘဲ ပါတဲ့ စာကြောင်း ၂ကြောင်းက နေ ၄ ကြောင်း ထက် ဘယ်တော့ မှ ပို တာ မတွေ့ ဘူး လို့ ပါ ခင်ဗျာ. . . .နောက် ပိုင်း အသက် ကြီး လာတော့ . . ကဒ် တစ်ခု မှာ စာ ခေါင်း စဉ် လေး တစ်ကြောင်း ကို ဘဲ လက် ရေး ကြီးကြီး နဲ့ ရေး ထား ပြီး ကဒ် ကလေး ၁၀ ခု လောက် ကို နံပါတ်စဉ်တပ် ပြီး သရေ ပင် နဲ့ စီး ထား လိုက်တာ ပါဘဲ. . အဲ့ လို အထုပ် ကလေး တွေကို သူ့ ကုတင် ဘေး က ကြွက် လျှောက် တန်းလေး ပေါ် တင် ထား လိုက် တာ ပါ ဘဲ ခင် ဗျ. . . ၁၀ ထုတ်လောက် ရှိ ပါ တယ် . . ခေါင်းစဉ် လေး တွေ က တော့ . . လူ ငယ် နှင့် ရသ စာပေ. . လူ ငယ် နှင့် ဝတ္ထုစရိုက် လူ့ စရိုက် . . စသည် ဖြင့် ပါ. . . နောက်မှ ဒီ အကြောင်း လေး တွေ ကို သီးသန့် ရေး ပြ ပါ့ မယ်. . .
၁၉၇၉ ဒီဇင်ဘာ လ. လောက်မှာ သူ့ရဲ့ ပထမ ဆုံးလို့ယူဆရတဲ့ စာ ပေ ဟောပြော ပွဲတစ်ပွဲ ဖိတ် ခံ ရ ပါ တယ်.. ရန်ကုန် နားက မြစ်ကမ်းပါး နဲ့ ကပ် ရက် မြို့လေး တစ်မြို့ပါ
.
တကယ့် နာမည် ကြီး စာရေး ဆရာတွေ နဲ့ ပါ. . . ဆရာ ချစ်ဦး ညို ပါ ပါ တယ်. .
အဲ့ဒီ့ ခေတ် ရဲ့ စာပေ ဟော ပြော ပွဲ လေး တွေ အကြောင်းပြော ပြ ပါ့ မယ်. . စာရေး ဆရာ တွေ က အုပ်စု နဲ့ အနေ များ ကြ ပါတယ် . ဥပမာ မန်ဒလေး အုပ်စု . . ရူ မဝ အုပ် စု စ သည် ဖြင့် ပါ. . . နောင် နှစ် အတော် ကြာထိ လဲ ရှိ ကြ ပါ တယ်. . . အခု ချိန် လဲ ရှိ နေကြ လိမ့် အုံန်း မယ် လို့ ယူဆမိ ပါတယ်. . .
ကျွန်တော် တွက်တာ မမှား ရင် ရူမဝ နဲ့ ပတ် သက်တဲ့. . သူ တွေ နဲ့ ညပ် ပြီး . . ပါ သွား ဟန် တူ ပါ တယ်. သူ့ ဘဝ ရဲ့ ပထမ ဆုံး ဟောပြော ပွဲ လို့ တောင် ထင် ပါတယ်( မမေး လိုက်မိ လို့ ပါ . အခြား အကြောင်း တွေ- ဖြစ်စဉ် တွေ က ပို အရေး ကြီး နေ လို့ပါ). . သူက အဖြည့် ခံ. .ထမင်းဆုပ် ဟင်းဆုပ် အဖြစ် ပါ သွား တာ မျိုး .ဖြစ်ဟန်တူ ပါတယ် .
နောက် ပြီး အဲ့ဒီ့ခေတ် ရဲ့ စာပေ ဟောပြော ပွဲ က. . .အခု ခေတ် လို စာ သမား ချည်း ဘဲ သီး သန့် မဟုတ်ဘဲ. . ရုပ်ရှင် မင်သား မင်းသမီး. . အဆိုတော် တွေ ကို ပါ ရော ညှပ် ပြီး ခေါ်. တတ် ကြတာပါဘဲ (အဲ့ ဒီ့ အတွက် အတော် စိတ်ညစ်စရာ ကောင်းတဲ့ ပွဲ မျိုး တွေ မြင်ခဲ့ ဘူး ပါတယ်. .မင်းသားမင်းသမီး တွေ့ မြင်ဘူး ချင် လို့ လာတဲ့ ကလေး တွေ တရုန်းရုန်း ဖြစ်တဲ့ နောက် ပွဲ ပျက် ပြီ ပေါ့ဗျာ) . . ၄ ယောက် က နေ ၇ ယောက်ထိ ခေါ် တတ် ကြ ပါ တယ်. .
အဖေ က အဲ့ လို ပွဲ မျိုး ကို ညပ်ပြီး ပါ သွာ တာ မျိုး ပါ
စာပေ ဟောပြော ပွဲ အစီ အစဉ် ဟာ များ သော အားဖြင့် စာရေးဆရာ ထဲက ဝါစဉ် ကြီး နာမည် ကြီး သူတွေက နောက်ဆုံး မှာ အလှည့် ယူ ကြတာ များ ပါတယ်. . . . အဲ့ဒီ့ နေ့ က. . အဖေ က လူသစ် ဆိုတော့ အလည် လောက်မှာ ဟောတယ် လို သိရ ပါတယ်. . . သူက တော့ သူ့ တာဝန် အတိုင်း ရသ စာပေ ကို အောက်က ပရိသတ် တဝါးဝါး တဟားဟား ဖြစ်သည်အထိ ပြော ပြီး အောက် ကို ပြန်ဆင်း လာ ပါ တယ် . . သူ့ စိတ်ထဲ မှာ လဲ သူ့ ကို ခေါ် လာ တဲ့ သူ တွေ အတွက် အကောင်းဆုံး လုပ် ပေး လိုက်နိုင်တဲ့ အတွက် ပျော်နေ ဟန် တူ ပါ တယ်. . သူ့ နောက် က မင်း သားကြီး နဲ့ နာမည် ကြီး စာရေးဆရာ ၂
ယောက် လောက် ကျန်ခဲ့ ပါတယ်. .
အားလုံး ပွဲ ပြီး လို့. မြစ်ကမ်း ဘေး က ဟော ပြော ပွဲ စီစဉ်တဲ့ အိမ် မှာ စာရေးဆရာတွေ ရော. . ပွဲ စီစဉ် တဲ့ သူတွေ ရော. . အား လုံး စုပြီး စားသောက် နေ ကြ တဲ့ အချိန်မှာ. . .အကြောင်း အရာ တစ်ခု ကို ဆွေး နွေး နေ ကြ ပါ သတဲ့. . အဲ့ ဒီ့ အချိန် မှာ အဖေ က လဲ ပြုံးပြံး ပြုံးပြုံး နဲ့ နား ထောင် နေ ရင်း. . သူ နား လည် တဲ့ အစိတ် အပိုင်း တစ်ခု ကို ဝင် ရှင်း ပြ မလို့ လုပ် တဲ့ အချိန် မှာ. . ကျွန်တော် သိတာက. လို့ ဘဲပြောရုံ ရှိ သေး တယ် .ရုတ်တရက်. . . သူတို့ အား လုံး ထဲ က နာမည် အကြီး ဆုံး စာရေး ဆရာ ကြီး က. . ဒေါသ တကြီး နဲ့. . . မင်းစောက် ပါးစပ် ပိတ် ထား လိုက် စမ်း. . စောက်စကားဝင် မပြောနဲ့. . ဆို ပြီး. . အား လုံး ရှေ့ မှာ .လက်ညိုးငေါက်ငေါက် ထိုး ပြောချ လိုက် ပြီး တခြား လူ တွေ ကို ဘဲ ဆက် စကား ပြော စေ ခဲ့ ပါ တယ်. . .
ဒီ ရိုက် ချက် ဟာ. . . သူ့ ဘဝ ရဲ့ အပြင်း ထန် ဆုံး ခံလိုက်ရတဲ့ ရိုက်ချက်ပါ. ...
အင် မတန် ပညာ မာန် ကြီး လွန်း တဲ့သူ. မဟာဝိဇ္ဇာ မှာ ငါ့ အထက် မှာ မျဉ်း ကြောင်း တောင် မရှိ ဘူး ကွ လို့. .အမြဲ ဂုဏ် ယူ ဝံ ကြွား နေ ခဲ့ တဲ့ စာပေ ပညာရှင်ကို သာမန် နာမည်ကြီး စာရေး ဆရာ တစ်ယောက် က လူ ကြား ထဲ မှာ. . . သောက် ရှက် ဗြန်းဗြန်း ခွဲ ချ လိုက် ခြင်း ပါ. . . သူရဲ့ ဒေါသ ထွက် ခြင်း နဲ့ ရှက် ခြင်းကြောင့် . . အသား ဆတ်ဆတ် တုန် ပါ သတဲ့. . . သိပ် ဒေါ သ ကြီး လွန်း ခြင်း ရှက် လွန်း ခြင်း တို့ ကြောင့် . မျက်ရည် ပေါက်ပေါက်ကျ ပါ သတဲ့ အဲ့ ဒီ့ အိမ်ထဲ မှာ ဆက် မနေ တော့ ဘဲ အိမ်ထဲ က ထွက် ပြီး အိမ် နောက်က မြစ် ကမ်း သစ် ပင် အောက် ကလေး မှာ တစ်ယောက်ထဲ သွား ထိုင် နေ ပါ သတဲ့. . . . အတန် ကြာတော့ မှ . ဦးလေး ချစ်ဦးညို က လိုက် လာ ပြီး. . အဖေ့ ကို . . . ဆရာ ရယ် ဒီ လို ဘဲ ဖြစ် တတ် ပါတယ်. . . အဆင် မသင့် လို့ ပါ. . ဘာညာ .ဆို ပြီး နာကြည်းမူ့ကြောင့် မျက်ရည်ကျနေတဲ့ အဖေ့ ကို ဖြောင်း ဖျ ပြန် ခေါ် ပြီး အိမ် ပြန် ခဲ့ ပါ သတဲ့ ဗျား. . .
အခု ကျွန်တော် ပြော ပြ တဲ့ အကြောင်း အရာ အား လုံး ဟာ.၂၀၀၉ လောက်ကျ မှသူပြန်ပြောပြ တဲ့ အကြောင်းလေးနဲ့ ဆက်စပ် တွေး ယူ လိုက်ခြင်း ပါ. . .
ဖြစ်ရပ် အမှန် ဆို တာ ဟာ. . ဆရာချစ်ဦး ညို ရေး ခဲ့ တဲ့ အောင်သင်း ပရို ဖိုင် ကို ဖတ် ရင် သိ နိုင် ပါ တယ်. .
ဆရာချစ်ဦးညိုကတော့. . နောက်ကို ငါ ဒီဆရာ ရဲ့ နောက် မှာဘယ်တော့ မှ မနေ တော့ ဘူး လို့အဲ့ ဒီ့နေက အဖေ့ ဟောပြောချက် အပြီး မှာ ဆုံးဖြတ် လိုက် တယ် လို့ ဆိုပါတယ်. .
အဲ့ဒီ့ အကြောင်း ကို သူ ကျွန်တော် တို့ မိသားစု ဝင် တစ်ယောက် ကို မှ မပြောပြ ခဲ့ ဘူး ပါ. .
တစ်မိသားစု လုံး က အဲ့ဒီ့ စာရေး ဆရာ ကြီး ရဲ့ .စာဖတ် ပရိသတ် ဖြစ် နေ ခဲ့ လို့ ပါဘဲ. .. သူ့ စာတွေ က မဂ္ဂဇင်း မှာ အခန်း ဆက် ပါ နေ တော့ ကျွန်တော်တို့ မောင်နှမ အားလုံး ကရယ်ရလို့ စောင့် ဖတ် နေ တဲ့ အချိန် ပါ..
.
ကျွန်တော်တို့ ရင် ထဲ မှာ ဖခင်ကိုစော် ကားလိုက်သူ ဖြစ် လို့ . . . ထို စာရေးဆရာ ရဲ့ စာ ကို ချစ်ခြင်းမုန်းခြင်း ဝင် သွား မှာ ကို စိုး ရိမ် လို့ မပြော ခဲ့ ဟန် တူ ပါ တယ်. . ဒါမှ မဟုတ် ရင် . . ဖခင် တစ် ယောက် ရဲ့ ကျ ဆုံး ခန်း ကို သူ့ သားသမီး တွေ ပါရော ပြီး စိတ် ဒဏ်ရာ ရ သွား မှာ စိုး လို့ မပြော ခဲ့ တာ လဲဖြစ်နိုင်ပါတယ်. .
ဒါဟာ .ရုပ်ရှင် ဇာတ် လမ်း တစ် ခု မှာသာ ဆို ရင်တော့ . ရွှေ ဘ ရဲ့ နောက် ဆုံး . ခံ လိုက် ရ တဲ့ဇာတ်အနာဆုံးအ ခန်း ပါ ဘဲ ခင်ဗျား. .
( ဒီနေ့ အဖေ့ ရဲ့ ၈ လ ပြည့် ကလေး မို့ အရမ်း ပင်ပမ်းနေတဲ့ ကြားက အမှတ် တရ ဖြစ်အောင် အပြီး ရေး လိုက် ရ တာ ပါ ခင်ဗျား. အမှား ပါရင် ခွင့် လွှတ်ပါ)
*********
အဲ့ဒီ့ စာရေး ဆရာ ကြီး နဲ့ ဖြစ်လိုက်တဲ့ ဖြစ်ရပ် ဟာ . . ရုတ်တရက် ကြည့်လိုက် ရင် သူ့ ကို ပက်ပက် စက်စက် နှိမ် ခံ လိုက် ရ တဲ့ အတွက် အင်မတန် ဇာတ်နာ သွား တယ် ဆိုနိုင်ပါတယ် . . သို့ပေမယ့် ကျွန်တော် အခု ပြန် ဆန်းစစ် ကြည့် တဲ့ အခါ မှာ. . ဒီဖြစ်ရပ်ကြောင့် ဘဲသူဟာ. သူ့ ဘဝ အတွက် အကောင်း ဆုံး စိတ် ခွန် အား နဲ့ ပြောင်းလဲမှူ့ . .ရှင်းလင်းစွာ ရပ်တည်မူ့ တို့ ကိုစတင်သတိထား မိ စေ သွားတယ် . . . သတိပေးခံ လိုက်ရတယ် လို့ ထင် ပါ တယ်. .
သူဟာ တစ်ယောက်ထဲ ဘဲ နေ ပါတော့ တယ်. . . သူဖြတ် သန်း သွား တဲ့ စာပေ လမ်းကြောင်း တစ်လျှောက် မှာ. .သူ့ မှာ ဂိုဏ်း ဂဏ . အုပ် စု လုံး ဝ မရှိ တော့ ပါ. .မထားပါ
စာပေ လော က ထဲ ကို စာ ချည်း သီး သန့် ဝင် ပါ တယ်(ငါက စာပေ လောကထဲကို စာချည်း ဘဲ သီးသန့် ဝင်တာကွ ဆိုတဲ့ စကား ကိုသူ အင်မတန် ကျေနပ် ဟန် နဲ့ ကျွန်တော့ကို အကြိမ်ကြိမ် ပြောခဲ့ဘူး ပါတယ်)
. .
စာပေ လောကထဲ က သူ တွေ ကို မိတ်ဆွေ အဖြစ် သာ သာမန် ပေါင်းသင်း ပါတော့ တယ်. . . သူငယ် ချင်း ပေါင်း . . ပေါင်း သူ တစ်ချို့ ရှိ ပေ မယ့် ငယ်စဉ် ကတည်း က သိခဲ့ ကြ သူ များ ပါတယ်. . . ကျွန်တော် မှတ်မိ သလောက် . . ဆရာ ငြိမ်း ကျော် . .တက္ကသိုလ် မင်းမော်. . တက္ကသိုလ် ဝင်းမွန်. . တို့ ပါ. . .တစ်ချို့ ကို ရုတ်တရက် မမှတ် မိ လို့ ပါ. . . .
အဲ့ဒီ့ ဟော ပြော ပွဲ က ပြီး သွား ပေမယ့် . . မပြီး တာ က စာသမား ပရိသတ် တွေ ပါ . . သူတို့ ဆရာ အောင် သင်း ဘယ်သူ ဆို တာ သိသွား ခဲ့ ကြ ပါပြီ. . အဲ့ ဒီ့ အကျိုး ဆက်က တော့ သူတို့နဲ့ နီး စပ်တဲ့ စာသမားတွေ . နဲ့. သူတို့ ကိုယ်တိုင် လုပ် တဲ့ စာပေ ဟောပြောပွဲ တွေ မှာ. . . ဆရာအောင် သင်း ကို မပါ ပါအောင် လုပ်ကြတော့ တာ ပါဘဲ. . .
ဆရာအောင်သင်းဟာ အဲ့ဒီ့ ခေတ် အနေ နဲ့ ဆို အရမ်းကို စော ခဲ့ တဲ့ စာပေသီးသန့် ဟောပြောတဲ့ ပညာရှင် ပါ. . . သာမန် လူ ပြိန်းပရိသတ် ကို အဆင့် မြင့် စာပေ ရဲ့သဘော ကို နားလည်အောင် သင်ပေး လိုက်နိုင်သူ. . . သင်ပေးဖို့ အားထုတ်ခဲ့သူ လို့ ကျွန်တော် မြင်ပါတယ်
အဲ့ဒီ့ ခေတ် မှာ ရှိ ခဲ့ တဲ့. . စာရေးဆရာ အများ စု ဟာ. . သူတို့ ရေး ခဲ့ တဲ့ ဝတ္ထု သူတို့ခံစားရတဲ့ ဝတ္ထု တွေ အကြောင်း ကို ဘဲ. . အဓိကထားပြီး စင်ပေါ်က ပြောနေ ကြတာ တွေ့ ရပါ တယ်.
ထပ်မံ လမ်းသစ်ထွင်ခြင်း မျိုး သိပ်မရှိ ပါ. .
အဲ့ဒီ့ အချိန် မှာ . . ဆရာ အောင်သင်း က ရသ စာပေ. ရဲ့ သဘော တရား ကို တက္ကသိုလ် စာသင်ခန်း မှာ ကျောင်း သားတွေ ကို သင် ပေး သလို မျိုး ရပ်ကွက်ထဲမှာ စင် ပေါ် ကနေ သင် ချ ပစ်လိုက် တာ ပါ ဘဲ. .
ရသ ဆို တာ ဘာလဲ. . . ရသ ဆို တာ . နှစ်သက်ခြင်း နှင့် တကွ ဖြစ်သော စိတ် ခံ စား မှူ့ ဆိုတာ က စ ပြီး. . ခင်ဗျား တို့ စဉ်းစားကြည့် ပေါ့
စိန်မြင့် ရဲ့ အဖေ တစ်ခု သား တစ် ခု . . နောက်ဆုံး အခန်း မှာစိန်မြင့် ကို ကားတိုက် ခံလိုက်ရတယ်. . သူ သေ ငယ်ဇော နဲ့ မျော နေ တုန်း သူ့ အာရုံ ထဲ မှာ. . . .. ဟိုး. . . အဝေး ကြီး ကနေ . . တုတ် တုတ် ဗြုန်း . . တုတ် တုတ် ဗြုန်း ဆိုပြီး. . . ရှင်လောင်း လှည့် လာ တာ မြင် လာ တယ်. . အဖေ နေ ရာ မှာ လဲ သူဘဲ.. အမေ နေ ရာ မှာ လဲ သူ ဘဲ. ဘီးဇပတ် ကြီး နဲ့ ပုဝါ ကြီး စုံချ လို့. . .အုန်းပွဲ ကြီး ကို ရွက် ထား သေး . .သာမန် အချိန်မှာ. . စိန် မြင့် ကို ဒီ လို ပုံ ကြီး နဲသာ မြင်လိုက်ရ ရင် ပရိသတ် တွေ ရယ်လိုက်ကြ မယ့် ဖြစ်ခြင်း. . . . . .ဒါ ပေမယ့် အဲ့ ဒီ ရုပ် ရှင် ကြည့်နေစဉ်မှာ . . ဘယ်သူ မှ မရယ်နိုင်ဘူး. တစ်ရုံ လုံး တိတ် ဆိတ် ပြီး. .. အချို့ အမျိုး သမီး တွေ က တရူံ့ ရူံ့ စငိုနေ ကြ ပြီ. . .
ကျုပ် တို့ ယောက်ျား တွေ က တော့. . . ယောက်ျား ဆို တာ မျက်ရည် မကျ ရ ဆိုတဲ့. . ဘယ် အကောင် ထုတ် ခဲ့ မှန်း မသိတဲ့ ဥပဒေ အရ. .အဲ့ဒီ့ . ဥပဒေ အူကြောင်ကြောင် အရ. . အပေါ် က မျက် ရည် မထွက် ရ တော့ အောက်ဖက် လှည့် လာ ပြီး. . နှာ ရည်တွေ ဘာ တွေ တင်း လာ. . . ခေါင်း ကို ဟို ဘက် ချိုး လို က် ဒီ ဘက် ချိုး လိုက် နဲ့. အာရုံ ပြောင်း နေ ရတာပေါ့ဗျာ. . . . . အဲ့ လို ဖြစ်နေ တုန်း . ရုတ်တရက် ရုပ် ရှင် ပြီး ဘီ ဆို ပြီး . . ရုံ က မီး တွေ လဲ ဖွင့် လိုက်ရော. . .အဲ့ ဒီ့ မှာ မပျောက် တဲ့ ဖိ နပ်ကို အတင်း ကုန်း ရှာ ကြ တော့ တာ ဘဲ. . ဟယ် ငါ့ ဖိ နပ် ဘယ် ပျောက် သွား ပါလိမ့် တို့ ဘာ တို့ ဆို ပြီး အတင်းတွေ ခေါင်းငုံ့ ပြီးဟော့သလို ဟော့သလို ( မျက် ရည် ကို လက် မောင်း နဲ့ သုတ် ပြ ဟန်ပြု) ပြီး မှ အပြင် ထွက် နိုင်ကြ တော့ တာ ကိုး ဗျ. .
အဲ့ ဒီ့ ရုပ်ရှင် သွား ကြည့် တဲ့ မိန်းမ က အိမ် ကို ပြန် လာ . ဘေး အိမ် က နေတဲ့ မိန်းမ ကို အဲ့ ဒီ့ ရုပ် ရှင် အကြောင်း . .. အားရ ပါးရ ပြန်ပြောပြ ရင်း . . . ကောင်းလိုက်တာကောင်မရယ် . ငါ့မယ် ငို လိုက်ရတာ. . . .
ဟော(စကားကို ရုတ်တရက် ရပ်) သူပြော တဲ့ စကား ကို သေချာ နား ထောင် ကြည့်. . . . ကောင်းလိုက်တာ ကောင်မ ရယ်. . ငါ့ မယ် ငို လိုက်ရတာ . . . . . ငိုလိုက်ရတာ ကို ကောင်းတယ် တဲ့ . . . ဒါ . . ရသ ဘဲ.အဲ့ ဒါကို ရသ လို့ခေါ်တယ်. . ခင်ဗျား တို့ အဖွား သေတယ်. . . ငို လို့ ကောင်းလိုက်တာ ကွာ.. . ငါ့ အဖိုး သေ မှ ထပ်ပြီး အပြတ် ငို ပစ်လိုက်အုံး မယ် လို့ ဘယ်သူ မှ မပြောကြ မစဉ်း စားကြ ဘူး.. မဟုတ်လား . .. . .
စင်ပေါ် နဲ့စင်အောက် ရယ်သံတွေ တဝေါဝေါ နဲ့. . သိပ် ပျော်စရာ ကောင်း ခဲ့ တဲ့ အချိန်တွေ ပါ. . အခုပြန် စဉ်းစားမိရင်တောင် သူ့ ရဲ့ ဟောပြောမူ့ နဲ့ ဟာသတွေဟာ အရမ်းဖြူစင်ပြီး ပျော်စရာ ကောင်း လှ ပါတယ်. .
၁၉၈၀ နောက် ပိုင်းက စ ပြီး သူ့ ရဲ့ နာမည် . . နဲ့ သူ့ ရဲ့ ဟော ပြော ချက်တွေ ဟာ . ပရိ သတ် ကြားထဲ မှာ မမေ့ နိုင် လောက်အောင် ဖြစ်လာ ပါတော့ တယ် . . သူ့ရဲ့ နာမည် လည်း တစစ အောင်မြင် လာ ပါတော့ တယ်ခင်ဗျား. . အော်.
အရေး ကြီး တာ တစ်ခုပြောပြရ အုံး မယ်
အဲ့ ဒီ့ ဟောပြောပွဲ အောင်မြင်မူ တွေ ရဲ့ နောက် မှာ. . သူ့ ရဲ့ ဟောပြောပွဲ တစ်ပွဲ ပြီး တိုင်း အဲ့ဒီ့ ပွဲ ရဲ့ လို အပ် ချက် တွေ . အားသာ ချက်တွေ. . အားနည်း ချက်တွေကို လှို့ ဝှက်စွာ. အနီး ကပ် ကြီးကြပ် ပြီး အပြု သဘော နဲ့ ဝေ ဖန် ပြီး တောက်လျှောက် အကြံပေး ခဲ့ သူ တစ်ယောက် ရှိ ခဲ့ ပါတယ်. . . .
အဲ့ ဒီ့ သူ ကတော့ . . . အခု သူ့ အကြောင်း တွေ ကို ရေး ပြ နေ တဲ့ ကျွန်တော် ပါဘဲ ခင်ဗျား. . .. .
(မရယ်ကြ နဲ့ နော်. တကယ် ပြောနေ တာ. . .ရယ်ချင်စရာတော့ ကောင်းသပေါ့ဗျာ. . . smile emoticon smile emoticonsmile emoticon smile emoticon )
**********
ဆရာ အောင် သင်း ရဲ့ အကြံ ပေး က ကျွန်တော်လို့ ပြော လိုက်တော့ အား လုံး စိတ် ထဲမှာ အတော် ယားကျိကျိ ဖြစ် သွား မှာ ဘဲ. . . ဖြစ်လောက် ပါတယ်. . . တကယ် က ဒီလို ဗျ. . . ကျွန်တော် က ၉ တန်း နှစ် ၁၉၈၀ -၈၁လောက်က စ ပြီး ၁၉၈၈ ရန် ကုန် မှာ. . လုပ်ခဲ့တဲ့ ပွဲ တိုင်း လိုလို မှာ သူနဲ့ အတူ ကျွန်တော် ပါလေ့ ရှိပါ တယ်. .
ပထမပိုင်းတော့. အဖေ ပြော တာ ကို နား ထောင် ချင်တာ ရယ်. . တခြား စာရေး ဆရာ တွေ ဘယ် လို ပြော သလဲ ဆို တာရယ် ကို စပ်စု ချင်တာ လောက်ပါဘဲ . . နောက်ပိုင်းမှာ တော့ အဖေ့ ရဲ့. .အနီးကပ် စောင့်ရှောက်သူ ဒါမှ မဟုတ် . အဖေ့ ကို အရမ်း အောင်မြင် စေချင် သူ တစ်ယောက် ဖြစ် သွား ခဲ့ တယ်လို့ ထင်ပါတယ် .ပွဲ ပြီး လို့ အိမ် ပြန် ရောက် ရင် . .မနက် . . ၂. နာ ရီ ၃နာရီ လောက် အထိ ကျွန်တော် တို့ သား အဖ ၂ယောက် ထိုင်ပြီး. . အဲ့ဒီ့ ည ရဲ့ ပွဲ အကြောင်း ပြန် ပြော ဝေဖန် ကြ လေ့ ရှိ ပါတယ်. . အဲ့ဒီ့ ပွဲ ရဲ့ ပရိသတ် အခြေ အနေ . . .ပရိသတ် တုန့် ပြန်မှူ့. .(အဖေ က အဲ့ ဒီ့ လို သူ့ ကို အပြု သဘောနဲ့ ချီးကျူး ဝေဖန်တဲ့ စကား မျိုး ပြော ရင် သိပ်ကျေနပ် ဟန် တူ ပါတယ် . . လူကြီးတွေရဲ့ သည်းချေ ကြိုက် ကို ကျွန်တော် က လည်း အသက် ခပ် ငယ်ငယ် ကတည်းက နား လည် နေခဲ့ ပုံ ရပါတယ် ) ..
အဖေ နဲ့ မရင်း နှီးသေး တဲ့. . အဖေ ဟောပြော မူ့ ကို မကြား ဘူးသေးတဲ့. စာရေး ဆရာ နာမည် ကြီး တွေ ပါ လာ ရင် . . သူတို့ ရဲ့ မျက် နှာ ဖြစ်ပျက် သွား ပုံ. . အံ ဘြသွား ပုံ တွေ . (ရိုးသားစွာ ရယ်မောလက်ခံ တာ လား.. . အောင့် သက်သက် နဲ့ ရယ်နေ တာ လား..က အစ) တစ်ခု မကျန် ကျွန်တော် က အဖေ့ ကို ပြန် ပြော ပြ လေ့ ရှိ ပါ တယ်. . အင်ဖော်မာ ပေါ့ဗျာ. . . သူကလည်း . . ကျွန်တော့ ရဲ့ သတင်း ပို့ ချက်ကို သေသေ ချာချာ. . . နား ထောင် နေ လေ့ ရှိ ပါတယ်. . အဲ့ဒါတွေ ဟာ . . အဖေ့ အတွက် တော်တော် အရေး ပါ စေ ခဲ့ တယ် ဆို တာ ကို ကျွန်တော် သိပါတယ်. . . . . . .ဥပမာ . အဖေ က ရုပ်ရှင် ဖက် က လူ တွေ ဘာတွေ ပါလာရင်. . နည်းနည်း စိတ်ပျက်တတ်တယ်. . . . ဒါပေမယ့် ဦး မြတ်လေး ကို ကျ တော့ သူတော်တော် ခင်တယ် ခင်ဗျ. . . ဦးမြတ်လေး က လဲ အဖေ့ ကို တန်ဖိုး ထား ဟန်တူ တယ်. . . ကျွန်တော့ ရဲ့ ကျပ်ချက်တွေ ပေါ့ ဗျာ. . .
နောက်ပိုင်းကျတော့ ကျွန်တော်က ဝေဖန်ချက် တွေကို ပါ ဝင် ပြော တော့တာ ပါဘဲ .
အဓိက အဖေ့ ရဲ့အားနည်း ချက် ၂ ခု ရှိ တာ ကို ကျွန်တော် သွား တွေ့ ပါတယ်. . . အဲ့ဒီ့ ၂ ခု ကတော့ .
စကားစ မပြော ခင် စင်အောက် မှာ ဖြစ်လိုက်တဲ့ ခံစား မူ(mode) က စင် ပေါ် ကို တက်ပြီး . ဟော ပြော မွူ့ ရဲ့ အစ ပိုင်းလေး တွေ အထိ ပါ သွား တတ် တာတွေ့ ရပါတယ်. . စင်အောက်မှာ ဖြစ်လာခဲ့ တဲ့.ဒေါသထွက်စရာ စိတ် အနှောက် အယှက် ဖြစ်စရာ တွေ ကို စင်ပေါ် မှာ စကားစ ပြော နေ သည် အထိ အဲ့ဒီ့ ခံစား မူ့ ပုံ သတန် တော်တော် နဲ့ မပျောက် တတ် တာ မျိုး ပါ ခဏ ကြာ မှ. . ပုံ မှန် ပြန် ရောက် တတ် ပါတယ် . .အဲ့ဒါ .ပထမ အချက် ပါ . .
ဒု တိယ အား နည်း ချက် ကတော့ . . အရေး ကြီး အကြောင်း အရာ. . အတွေးစ တစ် ခု ကို စကားပြောရင်း ဆက် ပြီး စဉ်းစား မိသွားရင် ပရိသတ် ကို ပြော ပြ နေ တာ ဆို တဲ့ အဖြစ် ကို မေ့ လျော့ သွား တတ် ပြီး. .serious ကျမ်း ပြု ဆွေးနွေးနေ တဲ့ ဟောပြော ပွဲ လို မျိုး ဆက် ပြော နေ ပါတော့ တယ်. . ရယ်စရာ မပါတော့ ပါ. . . စာ ဖတ် အား သိပ် ကြီးတဲ့ သူ တွေ အတွက် အကျိုး များ သလောက်. . သာမန် ပရိသတ် တွေ အတွက် နားမလည်ခြင်း တွေ ဖြစ် သွား စေပြီး. . အင်မတန် ပျင်း သွား ကြ တာ မျိုး ကို တွေ့ ဘူး ပါတယ်..
ကျွန်တော် ဆရာ ကြီး လုပ် တယ် ဆို တာ . . အဲ့ဒီ့ နေ ရာ တွေ မှာ ပါ. . .
တခါတရံ. . . အဖေ နဲ့ စာ ပေ တိုက်ပွဲ တွေ လက်ရှိ ဖြစ် နေ တဲ့ သူတွေ နဲ့. . တချို့ ပွဲ တွေ မှာ သွား ဆုံ ရင် ကျွန်တော် က အင်မတန် မျက်နှာ ခက်ထန်နေတဲ့ အဖေ့ ဘေး မှာ ဘဲ သွား ထိုင် ပြီး စကားပြော ပေး နေလိုက် ပါတယ်.(ပုံ မှန်မှာ ကျွန်တော် ပရိသတ် ထဲ မှာ ဘဲ အမြဲနေ . နေကြ ပါ). . အဖေ့ ရဲ့ စင်ပေါ် က. ဟောပြောမွူ့ က မှ အဲ့ဒီ့ ပွဲ ရဲ့ ရလဒ် မဟုတ်လား ခင်ဗျာ . . .
ဒေါသ နဲ့ စင်ပေါ် တတ် သွား မှာ စိုး လို့ပါ.(ဖြစ်ခဲ့ ဘူး တဲ့ ပွဲ တွေ ကို မြင်ဘူး ထား တာ ကိုး. . . ကြုံ မှ ကျွန်တော် ပြောပြ ပါ့ မယ်) .ဒီလောက်ပါဘဲ .
စကားပြောခြင်း အနု ပညာ နဲ့ ပတ် သက် ရင်တော့ ကျွန်တော် အဖေ့ ကို လုံး ဝယုံပါတယ်( နောက်မှ ကျွနိတော် နား လည် ခဲ့ တဲ့ စကားပြော ကောင်းခြင်း ဆို တာ ဘာ လဲ ဆိုတာ ကို အသေး စိတ် ဆွေးနွေး ပြပါ့ မယ်)
ကျွန်တော့ တစ်သက် မှာ သူ့ ထက် စကားပြော ကောင်းတဲ့ သူ မတွေ့ ဘူး ပါ.. .( ကိုယ့် အဖေ မို့ အရမ်းကြွား လွန်း သလို ဖြစ်နေ တာ မဟုတ် ပါ . ကျွန်တော် ပွဲ ပေါင်းများစွာ ဖြတ် သန်းခဲ့ ဘူးပါတယ်) စကားပြော သိပ်ကောင်းတဲ့ စာရေးဆရာ တွေ အများ ကြီး တွေ့ ခဲ့ ဘူးပေ မယ့်. . သူတို့ ကောင်းပုံက တစ်မျိုး ပါ. . စကားလုံး လှလှ တွေ ကို ရွတ် ဆို ပြ ခြင်း. . စိတ်ဝင်စားစရာ အကြောင်းတွေ ကို ပြော ပြ ဖို့ ကျိုးစားခြင်း. . ကာယံ မိ သော မြန်မာ တို နှစ်သက် လှ တဲ့ အသံ သာ တွေ ကို သံစဉ် တစ်ပိုင်းတစ်စ နဲ့ ရွတ် ဆို ပြ ခြင်း. . တွေ ပို များ ပါတယ်. .
စာ ရွက် ကို ရှေ့ မှာ ချ ပြီး(စင်ပေါ် အထိ လဲ ပါ ပါ တယ်). သူတို့ အိမ်မှာ လျှာ ခလုပ် မတိုက်အောင် လေ့ကျင့် လာ ခဲ့ တယ် ဆို တာ ကျွန်တော် ငယ်ငယ် ကတည်း က တန်း သိတယ် ဆိုရင်. ခင်ဗျား တို့ ယုံ မယ် မထင် ဘူး. ပထမ ပိုင်း ပွဲ တွေ မှာ မချောမွေ့ သေး ဘဲ. . ၃ .၄ ပွဲ လောက် ကျ မှ စကားချော သွား ကြ တာ မျိုး ပါ. . .
ကျွန်တော် အခု ရေး နေ တာ တွေ ကို အဲ့ဒီ့ ဆရာ . . ဆရာမတွေများ တွေ့ တွေ့ ရင် . . ရယ် ပြီး တော့ . . အောင်မြိုင်သင်း ဆိုတဲ့ အကောင် တော်တော် မလွယ်တဲ့ ကောင်. . . ငါ နရင်းအုပ် ချင် လာ ပြီ ပြော ရင် လဲ . . ကျွန်တော် ပြုံး ပြုံး ကြီး ခံ ဖို့ အသင့် ပါ ခင်ဗျ. (တစ်ချို့ ကျွန်တော့ ဝါလ် ပေါ်မှာ တကယ် ရှိ ပါတယ်.အဖေ့ သူငယ်ချင်း တွေ ပါ . အဖေ မရှိ တော့ ဒီ အဖိုး ကြီး ဒီ အဖွား ကြီး တွေ ကို ဘဲ အစား ထိုး ပြီး ပို ချစ် ရ မှာ မဟုတ် ပေ ဘူး လား ခင် ဗျာ . . . ဖားတာ. . . ဖား တာ. . . ဆဲ မစိုး လို့) . .
အဖေ က အဲ့ ဒီ့ လို ကျင့် ထား တာ မဟုတ် ဘူး ဗျ. ပါရမီ ကို ပါလာ တာ. . . သူ့ ဆောင်း ပါးလေး တစ်ပုဒ် ထဲမှာ. .သူက .ဝတ္ထု တစ်ပုဒ် ကို ဖတ် ပြီး. . သူ့ မိတ် ဆွေ အကို အရွယ် လောက် လင်မယား မိ သားစု ကို အဲ့ဒီ့ ဝတ္ထု အကြောင်း ပြန်ပြော ပြ တော့ သူ့ မိတ်ဆွေ အကို ကြီး က ကောင်း လွန်း လို့ . . စာအုပ် ပါ ဝယ် ပြီး ဖတ် ပါ သတဲ့. . ဖတ် လဲ ပြီး ရော . . အောင် သင်း ရာ .ဝတ္ထု က မင်းပြော သလောက် တောင် မကောင်းပါ ဘူး ကွာ ဆို ပြီး ပြန်ပြော ပါ သတဲ့. . . သူ့ အသက် ၁၅ နှစ်လောက် မှာ ကတည်း က. . ဒီလို ဖြစ်ရပ် မျိုး . ကြုံ ဘူး ပြီး သား သူ ဟာ. . သူ့ အသက် ၅၀ တန်းလောက် ရောက်တဲ့ အချိန် မှာရှိနေ မယ့် သူ့ရဲ့ စကားပြောကောင်းခြင်း ကို ခန့် မှန်း လို့ ရအောင် ပါ. .
နောက် ထူး ဆန်း တာ တစ်ချက် က . . သူ့ရဲ့. ဦးနှောက် မှတ်ဥာဏ် ရဲ့ အမြန်နူန်း ပါ . ဘယ်လောက် မြန် သလဲ ဆို တာ . သူ နဲ့ အနီး ကပ် နေဘူး တဲ့ သူ တိုင်း သိ ပါ တယ်. . အသက် ၈၇ နှစ် ၈၈ နှစ် အစ ပိုင်းလောက် ထိ . . . ကြိုက် တဲ့ အချိန် မေး လိုက် ရင် ၃စက္ကန့်လောက်အတွင်း . သူ ၁၀ နှစ် သားက က ကဗျာ တစ်ပုဒ် ကို သည်၏ မလွဲ ချက်ခြင်း ရွတ် ဆို ပြ နိုင်ပါတယ်. .
ဒါ ကတော့ ထူး ခြား တဲ့ သူ့ ရဲ့ အတိတ်ကံပါ. အတု လိုက်လုပ်ဖို့ မလွယ်လှပါ ..လူ ရှေ့ မှာ ချက်ခြင်း လက်တန်း ပြန်ပြောနိုင်တဲ့ ဒီအရည်အချင်းကို. . အမွေ စာအုပ် နဲ့ အချို့ သော အင်တာဗျူး တွေ မှာ မြင်နိုင်ပါတယ်
တဖြည်းဖြည်း နဲ့ ကျွန်တော်ဟာ. . သူ့ ရဲ့ အကြံ ပေး သူ ဖြစ်မှန်းမသိဖြစ် လာ ခဲ့ တယ် ဆို တာ ကိုလည်း အခု မှ ရေးရင်း ပြန်စဉ်း စားရင်း ပြော လိုက်မိတာ ပါခင်ဗျ. . အဲ့ဒီ့ အချိန် တုန်း က တော့ ဒီလို သိ လို့ ရယ် ဘယ် ဟုတ် ပါ့ မတုန်း . .ကိုယ်က လဲ ကလေး သာသာ ဘဲ ရှိ သေး တာကိုး . . ဒါပေ မယ့် သူ က ငယ်ငယ် ကတည်း က ကျွန်တော့ ကို အတန် အသင့် ယုံ ဟန် ရှိ ပါ တယ်. . . . ကိုယ့် အဖေ ကို မအောင် မြင်စေ ချင် တဲ့ သား ဘယ် ရှိ ပါ့ မတုန်း ဗျ
တစ်ချို့ ပွဲ တွေ မှာ စာရေး ဆရာ များ လို့ စကားပြော ချိန် မရ တဲ့ အခါ မျိုး မှာ . သူဖြုတ် ချ မယ့် စကားပြော ဂွင်တွေ ကို ကျွန်တော် အများ ကြီး ဝင် ပြီး လျှာ ရှည် ဘူး ပါ တယ်. . သူ က ကျွန်တော့ ကို တိုင် ပင် ပြီး မှ စင်ပေါ် တတ် သွား တာ မျိုး ပါ. . . ဥပမာ. . ဝတ္ထု တစ်ပုဒ် ဇာတ် လမ်း တစ် ခု ရဲ့ အား ပြိုင် မူ့ ကို ဖြစ်စေ တဲ့ အကြောင်း . ကို ဖန် တီး ပြ တဲ့ သူ့ရဲ့ ဥပမာဂွင် ၅ မျိုး လောက် ရှိ တယ် ဆို ရင် ကျွန်တော် က ကျွန်တော် အကြိုက် ဆုံး ဥပမာ ကို ပြော ခိုင်းဖို့ ကျိုး စား တာ ပါဘဲ.. . . ကဲ . ဆရာ အောင်သင်းရဲ့ စကား ပြော ဟန် ကို ရေး ပြ ဖို့ ကျိုး စား ကြည့်ပါ့မယ် . .
ခင်ဗျား တို့ ဝတ္ထုတစ် ပုဒ် ကို ဖတ် တယ် ဆို ပါ စို့.. ဝတ္ထု မှန် ရင် အား ပြိုင် မူ့ ပါ ရ တယ်. . အား ပြိုင် မူ့ မပါ ရင် ဘယ် ဖတ် လို့ ကောင်း တော့ မလဲ. . ဆိုပါစို့. . .
(သူဟာ မျက် နှာ ကို ရုတ်တရက် တည် လိုက် ပြီး)
ဒီမယ် မမြ မေ . . ကျုပ် တော့ ခင်ဗျား ကို ချစ်နေ မိ ပြီ ဗျာ. လှဖေ သည် မြမေ ကို ပြော လိုက်ရာ. .
မြမေ က. . .ကျွန်မ က လဲ ရှင့် အပြော စောင့် နေ တာကြာလှပြီ ကို လှ ဖေ ရဲ့. . .
လှဖေ က. .ဒါဆို ကိုယ် တို့ လက် ထပ် ကြ ရအောင်နော်. . .
ကောင်းသား ဘဲ(ရယ်သံ များ). .
ဝတ္ထု ကို အဲ့ လို ရေး တဲ့ နောက် . . . သွား ပြီ ပေါ့ ဗျ. . ဝတ္တု ကောင်း တစ်ပုဒ် ဟာ . . အားပြိုင် မူ့ ပါ ကို ပါ ရ တယ်. . .
( သူ့ မျက်နှာ ကို တည် လိုက်ပြီး)
ကျွန်တော် မမြ မေ ကို ချစ် မိ နေ ပြီ မမြ မေ. . လှဖေ သည် မျက် နှာ ကို အောက် ချ လျက် အသံ တိုးတိုး ဖြင် ဆိုလိုက် ရာ. . .
မြမေ က . . ရယ်ချင် စရာ တစ် ခု ကို တွေ လိုက် ရ သော မျက်နှာ ပေး ဖြင့်. .. . အော်. . . . . ရှင် က ကျွန်မ ကို . . ချစ် တယ်. . . .ဟုတ်လား. . .
လှဖေ သည် ခေါင်းငုံ့ လျက် က. . ဟုတ်ပါတယ် မမြ မေ. .
မြမေ သည် . . . အမဲရိုး နှယ်. . . ဟင်း အိုး မှ အား မနာ. . . လို့ ပြော လိုက် ရင် ရှင် သိပ် နာ သွား လိမ့် မယ် ထင်တယ်နော. .
[ အဲ. .အဲ . အဲဒါ ဆို စာဖတ် နေ တဲ့ သူ က နည်းနည်း စိတ်ဝင်စား လာ ပြီ . .( ရယ်ရင်းပြော)] . .
လှ ဖေ သည် ဆတ် ကနဲ့ ဖြစ် သွား ပြီး. . . . ဒီမယ် မမြ မေ. . . ယောက်ကျား တစ်ယောက် က မိန်းမ တစ် ယောက် ကို. . . . ချစ်လို့ . . ချစ်တယ် ဆို တဲ့ အကြောင်း ပြော မိ တာ. . . ဒီလောက် အထိ . . နှိမ့်နှိမ့် ချချ မပြော သင့် ပါ ဘူး. မမြမေ. .လှ ဖေ သည် ဒေါသ ကို ချုပ် တည်း ထား ဟန် နှင့် ပြော လိုက်လေ၏. .
မြ မေ က. . .ဒီလို ပြော မှ တန် တဲ့ သူ မျိုး ကို ဒီလို ဘဲ ပြော ရ မှာ ဘဲ ရှင့် . . .
လှ ဖေ က နောက် ဆုံး ခေါင်း ကို ငုံ့ ၍. . ကျွန်တော် မမြ မေ ရဲ့ မာန ကို နားလည် ပါ ပြီ မမြ မေ. . . ကျွန်တော့ ကို သွား ခွင့် ပြု ပါတော့. . . . လှ ဖေ သည် နောက်သို့ လှည့် ထွက် သွား ပြီး. . . ခြေ လှမ်း ၃ လှမ်း လောက် အရောက် တွင်မှ ဆတ် ကနဲ့. မြ မေ ဘက် သို့ လှည့် ၍. . .
ယောက်ကျား ဘုန်း ကား မဆုံး စား နိုင် ဆို တဲ့ စကား ရှိ ပါ တယ် မမြ မေ. . . . . . ကျုပ် ကို ဒီလို ပြော ခဲ့တဲ့ အတွက် ကြောင့်. ခင် ဗျားတစ်နေ့ နောင်တ ရ စေ ပါမယ် နောင် တစ်ချိန်မှာ. .ခင်ဗျား ကျုပ် ရှေ့ မှာ ဒူး တုပ် ပြီး နေ ရစေ့မယ်. .ဒါဘဲ ကျုပ် သွား မယ်. . . လှဖေ က လှည့် ထွက် သွား.
လေ၏
(သူ့ ရဲ့ မူ ရင်း အသံ တိုင်းပြန် ပြောင်းပြီး) .
ဒီလိုနဲ့ လှ ဖေ က အလုပ်တွေအရမ်း ကျိုးစား မယ် . အရမ်းတွေ အောင်မြင်လာ မယ် . မြမေ ကို ပြန် ချဉ်း ကပ် ဖြည်းဖြည်း ခြင်းအဆင်ပြေ သွား. . . . ဒီ လို မှ ဖတ်လို့ကောင်းတဲ့ ပုံမှန် ဝတ္ထု တစ်ပုဒ် ဖြစ်လာမှာ ပေါ့ ဗျ. . .အားပြိုင်မူ့မပါရင် ဘယ်နှယ့် လုပ် အရသာရှိပါ့ မတုန်း.
(တဆက်ထဲ ပြော)
အဲ နောက်တစ်မျိုး တော့ ရှိ သေး တာပေါ့လေ. .
ဒီမယ် မမြ မေ ခင်ဗျား ခု လိုစကားမျိုး ကျုပ် ကို ပြော ခဲ့ တဲ့ အတွက် ကြောင့် တစ်နေ့ သော အခါ ကျ နောင်တ ရစေရမယ် ကျုပ် ရှေ့ မှာ. . ဒူး တုပ် ပြီး နေ နေ ရ စေ မယ် ဆိုပီး ထွက် သွား. . .
တစ်ပတ် လောက် ကြာတော့ မှ ဘုန်းကြီး ဝတ် ပြီး ပြန်ရောက် လာ. . . ( ရယ် သံများ) ပြော တဲ့ စကားက. . . ဘယ်နှယ့် လဲ ဒကာမ ကြီး မမြ မေ. ခင်းဗျား ခုတော့ ကျုပ် ရှေ့ မှာ . . ဒူး တုပ် ပြီး နေ ရ ပြီး မဟုတ် လား. . (ရယ်သံ များ တဝေါဝေါ) ဆို ပြီး ပြော ရင် လဲ. . . ရ ပါတယ် ဟာသ ဝတ္ထု ဖြစ်သွား တာ ပေါ့ ဗျာ. . ဟာသ ဝတ္ထုဆို တာ .မထင် တဲ့ အပေါက် က ထွက် သွား ရင် ဟာသ ဝတ္ထု ဖြစ် သွား တော့ တာ ဘဲ. .
သူ့ ဟော ပြော ဟန်လေး တွေ. . ကို တကယ် လွမ်းမိ ပါတယ်. .ဒီ . . ရသ စာပေ ဂွင် ကို . . ၁၉၈၈ နောက်ပိုင်း မှာ လုံးဝ မပြော တော့ ပါ. . . . ဗွီ ဒီယိုတွေ ဘာ တွေ က လဲ မပေါ် သေး တော့. . . သူ့ ရဲ့ live ဟန်ပန် တွေ ကို မမြင်ရ တော့ ဘူး ပေါ့ ခင်ဗျား . နှမျော စရာ ကောင်းလှ ပါတယ်. .
သူ့ရဲ့ ပထမ ဆုံး ဗွီဒီယို က တော့. . .၉၄ ခုနှစ် မန်းဒလေး မျက်မမြင် ကျောင်း ပွဲ ပါ ဘဲ. . ဘဘ ဦးမြသန်း . .ဆရာကျော် ရင် မြင့် တိုနဲ့ အတူ ပါ. . .
တကယ် တန်း အဲ့ ဒီ့ တိတ်ခွေ က လဲ ၂၀၀၀ ခု နှစ် ကျော် မှ မှို အလိမ်းလိမ်း နဲ့ ဖြစ်နေ လို့ ကျွန်တော် ကိုယ်တိုင်ကမန်းကတမ်း မှို သွား ဆေး ပြီး vcd. Version. ပြောင်း ပေး ခဲ့ ရ တာ ပါ ခင် ဗျား . ၂၀၀၈ . ၂၀၀၉ ခုနှစ်လောက်ကျ မှ. . ညီမလေး တစ် ယောက် ကို အကူ ညီ တောင်း ပြီး. . Youtube မှာ တင် ပေး ခဲ့ ရ တာ ပါ. . . နို့ မို့ ဆို အဲ့ ဒီ့ အစော ဆုံး သူ့ ရဲ့ အတတ် ကြွ ဆုံး အချိန် တွေ ရဲ့ ဟန် ပန် ကို တောင် မြင် လိုက် ရ မှာ မဟုတ် ပါ. .
ရှေ့ ဆက် ပြီး သူနဲ့ တကယ် တွဲ ခဲ့ တဲ့ စာရေး ဆရာ တွေ အကြောင်း ကို ဆက် ပါ အုံး မယ်. .
(ဖုန်း နဲ့ ရိုက်တော့ အား နည်း ချက် တွေ က တော့ များ မှာ သေ ချာ သဗျို့.edit သေချာ မလုပ် နိုင်ခဲ့ ပါ . ခွင် လွတ် ကြ ပေ ရော့)
**********
သူ့ရဲ့ ပထမ ပိုင်း ဟော ပြော ပွဲ တွေမှာ. . သူနဲ့ တွဲ နေ ကြ သူရယ်လို့ သိပ်မရှိ သေး ပါ . . လာခေါ်တဲ့ သူ နောက်ကို အတန် အသင့် မေးပြီး ဘယ်သူတွေပါ လဲ. . သူနဲ့ ထိပ်တိုက် စာပေတိုက်ပွဲ ဖြစ် နေ သူတွေ ပါ လား. . မပါရင် သာမန် ပွဲ အခြေ နေ လောက်ဘဲ မေးပြီး လိုက်သွား တာ ပါ ဘဲ.
.
အမြဲတွဲ နေကြ သူ ရယ် လို့ သီး သန့် သိပ် မရှိ သေး ပါ. . သူများ ခေါ် မှ လိုက်ရ တဲ့ အချိန် မျိုး ပါ. . သူက ပွဲ ကို ရွေးချယ်ခွင့် အတူ ပြော မယ့် သူတွေကို ရွေးချယ်ခွင့် မရ သေး ချိန်တွေပါ(နောက်ပိုင်းမှာ အဖေ ရွေး ချယ် ခွင့် ရ လာ တယ် လို့ ဆိုလိုချင်တာပါ) . .
ဒါပေမယ့် သူ့ ကို တောက်လျှော က် တွဲ ခေါ် ပြီး စင် ပေါ် ကို အမြဲ ပါစေချင် သူ တစ်ယောက် က တော့ . . ဦးလေး ချစ် ဦးညို ပါ. . . ဦးလေး ချစ်ဦးညို က အဲ့ဒီ့ အချိန် မှာ . . လင်ကာဒီပ ချစ် သူ နဲ့. နာမည် အကြီး ဆုံး ရောက် နေ ခဲ့ ပါ ပြီ. . အဖေ က တော့ စာ အနေ နဲ့ လူမသိ ဘဲ အဟော အပြော အနေ နဲ့ နားထောင်ဘူး တဲ့ သူ ကြိုက် တယ် ဆို တဲ့ အချိန်မျိုးလောက်ဘဲ ဖြစ်ဟန်တူ ပါတယ်. . မီဒီယာခေတ် မဟုတ်လို့ . သူ့ ကို လူ သိပ် မသိကြ သေးပေမယ့်. . .ဦးလေး ချစ်ဦးညိုက . ဟောပြောပွဲ တွေမှာ အဖေ့ ကို နောက်ဆုံး မှာ ဘဲ အမြဲထား ပြီး . . . . စင်ပေါ် က နေ ဆင်း ခါ နီး တိုင်း.. လေးစားစွာ . .မိတ်ဆက် ပေး သွား လေ့ ရှိ တာကို မှတ်မိ ပါတယ်. .
အခု ကျွန်တော့ နောက် က ဆက် ပြီး ဟော ပြော မယ့် ဆရာ အောင်သင်းဆို တဲ့ ပုဂ္ဂိုလ် ကြီးက တော့ အဟော အပြော မှာ တကယ့် ထိပ် ဆို တဲ့ လူ ဘဲ ဗျို့ ဆက် ပြီး နားထောင် ဖြစ် အောင် သာ နား ထောင်ကြပေရော့ ဆို ပြီး သူနဲ့ အဖေ လူလဲ ခါ နီးစင်ပေါ်ကနေ . မိတ်ဆက် ပေး သွား တာမျိုး ပါ. . .
ကျီးနဲ့ဘုတ် လို. ဘဝ တစ်လျောက်လုံး. . ချစ်ခင်စွာ ဆက် ဆံ သွား ခဲ့ သူ ပါ. . . သူက အဖေ့ ထက် လဲ အသက် ၂၀ နီးပါးလောက် ငယ် ပါတယ် တစ်ဦးကို တစ်ဦး အင်မတန် တွယ်တာ ကြ တာ ကို တော့ အထူး ပြောစရာ မလိုပါ ခင်ဗျား. . . .သူတို့ နှစ်ယောက်ရဲ့ သိပ်ချစ်စရာ ကောင်း တဲ့ လူကြီးလူကောင်း ဆန် လှတဲ့ ဖြစ်ရပ်ကလေး တစ်ခုကို မှတ်မိ လာ လို့ ပြောပါရစေ . . .
၁၉၈၂-၃ လောက် က စတယ် ထင်ပါတယ်. .ဆရာ ချစ်(ဆရာချစ် လို့ဘဲ သုံးပါ့ မယ်) က သဘင် မဂ္ဂဇင်း မှာ အယ်ဒီတာ လုပ်နေပြီး. အဖေ့ ကို သဘင် မဂ္ဂဇင်းမှာ. .အောင်သင်း အကြိုက်ဆုံး ဝတ္ထု တို ဆိုတဲ့ ကဏ္ဍ လေး တစ်ခုတာဝန်ယူ ဖို့ အကူအညီတောင်း ပါတယ် တစ်လ အတွင်း ထွက်တဲ့ မဂ္ဂဇင်း အုပ် အစိတ် လောက် မှာ ပါတဲ့. .ဝတ္ထု တို အပုဒ် ၁၅၀ ကျော် လောက် ကို ဖတ် ပြီး မှ အကြိုက်ဆုံးတစ်ပုဒ် ကို ပြန် ရွေး တဲ့ ကဏ္ဍ လေး ပါ. မြန်မာ နိုင်ငံရဲ့.ရသ စာပေ ဖွံဖြိုးမှူ့ရဲ့ အမြင့်ဆုံး အချိန် လို့ တောင် ထင်မိပါတယ်
. . . အဖေ့ ကြောင့် ဘဲ စာပေ ဝါ သနာရှင် တိုင်းလိုလို ဒီ ကဏ္ဍ ကို စောင့် ဖတ် ကြတဲ့ အကျင့် တိုး လာ သည် အထိ ပါဘဲ. . ဆရာ အောင်သင်း ဒီ လ ဘယ်သူ့ ကို ရွေး မလဲ ဆို တာ မျိုး ကြို ပြီး တစ်ပေး ကြ တာ မျိုး အထိ ကြား ခဲ့ ဘူး ပါ တယ်. . စာရေး သိပ်ကောင်း တဲ့ စာရေး ဆရာ အသစ် တွေ လဲ အများ ကြီး . ဒီ ကထွက်လာ စေပါတယ် ခင်ဗျား
ကျွန်တော် တို့ မောင် နှမ တွေ ရဲ့ တာ ဝန်ကတော့. .စာအုပ်တိုက် က ပို့ လိုက်တဲ့ တစ်လ မဂ္ဂဇင်း တွေထဲက . ရှိ သမျှ ဝတ္ထု တိုတွေ ကို . စောင့် ဖတ် ကြ. . ပြီးရင် အဖေ့ ကိုပြန်ပြော ပြ . . အဖေ က လဲ ကိုယ်တိုင် ဖတ် ပြီး ကြိုက်တဲ့ဟာ လေး တွေ ကို မှတ် ထား. . .. . တစ်မိသားစု လုံး က စာဖတ်ဝါ သနာပါတော့ပျော်စရာ လည်းကောင်းပါတယ် . . အဖေ လဲ အတော် ပင်ပမ်း ပါတယ်. . . . . တစ်ချို့ လုံး ဝ တန်း မဝင်တဲ့ . . စာ အမျိုး အစား နဲ့ မဂ္ဂဇင်း မျိုး ကို တော့ နောက်ဆုံး မှ ဖတ် ဖြစ်ကြတာ များ ပါ တယ်. အဖေ အရမ်း အချိန် မရ တော့ ရင် တော့ ကျွန်တော် တို့ မောင်နှမ တွေ ဘဲ ဖတ် ပြီး တော့ ပယ် ခိုင်း လိုက် ရ တာ ပါ ဘဲ. . . အော်. . ပြော ဖို့ မေ့ လို့ ပါ. . . ကျွန်တော့ အမ က လဲ မော်မော်သင်း ဆို တဲ့ အမည် နဲ့ စာရေး ပါသဗျ. . စာရေး လဲ အင်မတန် ကောင်း ပါသဗျ. . . (ရွူ့မဝ ဝတ္ထု တို များ ထဲမှာ သူ့ ရဲ့ ဝတ္ထု တို ၂ ပုဒ် ကို တွေ့ နိုင်ပါတယ် . . မြတ်မိခင် စာပေ ပြိုင်ပွဲ ဆိုလား. . အဲ့ဒီ့ မှာ လဲ ပထမ ဆု ကို ဝင် ယူ လိုက် သေး တယ် လို့ ကျွန်တော့ ကို ကြွား ပါသဗျ)
တစ် ခု သော လ မှာ . . ဆရာ ချစ် က သဘင် မှာ ဝတ္ထု တိုလေး တစ် ပုဒ် ရေး လိုက် ပါ တယ်. . ဝတ္ထု နာမည် က ဗျဂ္ဃ ပါ(စာလုံး ပေါင်းတွေ က တော့ စုတ်ပြတ် နေ ပြီ . . အဖေ သိရင် တော့ ဆဲတော့မှာဘဲ) အာဏာ ပါးကွက်သား တစ်ယောက် အကြောင်း ရေးထားတဲ့ဝတ္ထု တိုလေး ပါ . . . ဖတ်ရင်း
ရင်ထဲ နင့် သွား လောက် အောင် ကောင်း ပါ ပေ တယ်. . . အဖေ့ ကို ကျွန်တော် တို့ အား လုံး က အဲ့ဒီ့ ဝတ္ထု တိုလေး ကို ရွေး ပါ အရမ်း ကောင်း လွန်းလို့ ပါ ဝိုင်း ပြောတဲ့ အခါ မှာ . . အဖေ လဲ အဲ့ဒီ့ လ ရဲ့ အကောင်းဆုံး ဆို တာ သိ ပေမယ့်. . နေ အုန်းကွ. . ငါ
ကလဲ သဘင် မှာ ရေး နေ တာ. . ချစ်ဦး ညို ကလဲ အယ်ဒီတာ. . သူ နဲ့ ငါနဲ့ အရမ်း ခင် ကြတာ . . စာပေလော က တစ် ခု လုံး သိကြတယ် ကွ . . ကိုယ့် အချင်းချင်း ပြန် ပြီး ချီးကျူး မြောက်ပင့် နေ ကြ တယ် ဆို ပြီး ပြောခံ ရ ရင် ရှက်စရာ ကောင်းလှတယ် ဆို ပြီး. . သူတော်တော် စဉ်းစား ရ ကြပ်နေ တာ ကို မှတ် မိပါတယ်. . .
ဒါပေမယ့် နောက်ဆုံး. . သူဆုံး ဖြတ် ချက် ချ လိုက်ပါ တယ်. . . ငါ့ လိပ်ပြာ ကို ငါ လုံတယ်. . ငါ့ ရဲ့ စာပေပေါ် မှာ ထား တဲ့ စိတ်က လိပ်ပြာ သန့် တယ် ဆို ပြီး . . ဆရာ ချစ် ရဲ့ ဗျဂ္ဃ ကို ဘဲ အဲ့ဒီ့လ ရဲ့ အကြိုက်ဆုံး ရွေး လိုက် ပါ တယ် ခင်ဗျား. . .
အဲ့ဒီ့ စာမူ သွားပို့ တော့ ဆရာချစ် က . . ဒီလ ဆရာအောင်သင်း ဘယ်သူ့ ကို ရွေး သလဲ ဆိုတာ ကို သိချင် လွန်းလို့ . . စာမူ ကို တထိတ်ထိတ် နဲ့ ဖွင့်ဖတ် ပါ သတဲ့ . . သူနဲ့ လူချင်း ခင် လွန်းတော့ ဆရာ မရွေး လောက်ဘူး ဆို တာ သိပေမယ့် မယုံ ရဲရဲ မျော်လင့် နေမိပါ သေးသတဲ့. . နောက်ဆုံး. . သူ့ ရဲ့ ဝတ္ထု တို ကို ရွေး လိုက်တာ ကို တွေ့ လိုက် တဲ့ အချိန်မှာ ရင်ထဲ မှာ ကြည် နူး လွန်း လို့ . . မျက်ရည်များ တောင် လည် ပါ သတဲ့. . (ဆရာချစ်က စိတ်ထားသိပ် နူးညံ ပါတယ်) . . .
ဒီနေရာ မှာ တစ်ခု သတိထား စရာ က ဆရာချစ် လို ပုဂ္ဂိုလ် တောင် အဖေ့ ရဲ့ အကြိုက်ဆုံး ဝတ္ထု တို ကဏ္ဍ ကို ရွေးချယ်ခံ ချင် စိတ် ရှိ နေ ရင် ဆရာအောင်သင်း ရဲ့ စာပေ ဘြဇာ ဘယ်လောက် ကြီးနေ ပြီ ဆို တာ ခန့်မှန်း လို့ ရ နိုင် အောင် ပါ .
နောက်တစ်ခု မှတ်မိ တာ က တော့ . အဖေ ဆရာ ချစ် ကို စ တာ လေး ပါ( တခြား လူ စတာ ကို အဖေ ပြန်ပြော တာ လား . . အဖေ စ တာ လား မသေ ချာ ပေမယ့် အဖေ ဖြစ် မယ် လို့ ဘဲ ထင် ပါတယ်)
အဖေက ဆရာချစ်ကို
အပြင်လူ တွေ နဲ့ တွေ့ ရင် ချစ်ဦးညို လို့ ခေါ်လေ့ ရှိ ပြီး. . ၂ ယောက်ချင်း စကား ပြော ရင် တော့ ဆရာချစ် နာမည် ရင်း ကျော်စွာ ကို ဘဲ ခေါ်လေ့ ရှိပါတယ်
ကိုကျော်စွာ. . ခင်ဗျား က စာရေး ကောင်းတော့. . ဒသဂီရိ က မင်းသားဖြစ်သွား ပြီး . ရာမ ကဗီလိန် တောင် ဖြစ် သွား တာ. . . နောက်ထပ် ဇာတ် လမ်း တစ်မျိုး တောင် ခင်ဗျား အတွက်စဉ်းစားထား တယ်. . ဘာ တုန်း ဆရာ ရဲ့ . ဆိုတော့. . ခင် ဗျား . . ဗုဒ္ဓ. ကို ဗီလိန်လုပ် ပြီး ဒေဝဒတ် ကို မင်း သား လုပ် ပြီး ထပ် ရေး ကြည့် ပါ့ လား လို့. အကြံပေး လိုက် ပါသတဲ့. . ဆရာချစ်က ပြာပြာ သလဲ. . ဟား. . အဲ့ဒါ တော့ မလုပ် ပါနဲ့ ဆရာ ရယ် ဆို ပြီး. .ရယ်ရင်း တောင်းပန်ပါသတဲ့. . . အဲ့ဒီ့ အကြောင်း ကို အိမ် မှာ အဖေ ပြန်ပြော ပြ လို့ ရယ်ကြရ ပါသေးတယ်
မှတ်မိတာလေးပါ
၁၉၈၁ လောက်ထိ သူ့ မှာ အဖွဲ့ ရယ်လို သီး သန့် မရှိ ပေမဲ့ . ၈၂ လောက်မှာ တော့ စ ပြီး ဆရာ ချစ်ရယ် အဖေ ရယ် ဆရာမ စမ်းစမ်းနွဲ့ (သာယာ ဝတီ)ရယ် ၃ ယောက်စတွဲ မိ ပါပြီ. .
သူတို့ ၃ ယောက် အတွဲ ကို တော့ ကျွန်တော် က . . ဆင် မျောက် ခါ. . အဖွဲ့ လို့ နာမည် ပေး ချင်ပါ သဗျ. .
တစ်ယောက်ကို တစ်ယောက် သိပ် တန်ဖိုးထား လေးစားကြ လို့ ပါ ဘဲ. . . အဖေ့ ရဲ့ နောက်ဆုံး ချိန်တွေ အထိ သူတို့ တွေ အဆက် အသွယ် မပြတ် ခဲ့ ကြ ပါ. . . သူတို့ ၃ ယောက် တွဲ ပြီးဟော တဲ့ ပွဲပေါင်းများ စွာ ကျွန်တော် လိုက်ခဲ့ ဘူး ပါတယ်. . . အပေး အယူ အင်မတန် မျှ ကြ သူ တွေ ပါ. .. . တစ်ယောက် ကို ဖိတ် ရင် ကျန်တဲ့ ၂ ယောက် အား မအား အရင် မေး ကြ ပါ တယ် . . မအား တော့ မှ. တခြား တစ်ယောက် ၂ ယောက် လောက် ကို ထပ်ထည့် ကြ တာ များ ပါတယ်. ပွဲ လဲ အင်မတန် လှပါတယ်. .
ဒီနေရာ မှာ စာ ပေ ဟော ပြော ပွဲ အကြောင်း လေး နည်းနည်းပြော ပြ ပါ့ မယ်. များ သော အား ဖြင့် ဟိုဘက်ခေတ်က စာပေ ဟောပြော ပွဲ လုပ်တဲ့ စာပေဝါသနာရှင် လူ ငယ်တွေ ဟာ. . ရပ် ကွက်ပံ ပိုး မူ့ အားနည်းရင် အင်မတန် မျက် နှာ ငယ် ကြ တာ တွေ့ ရပါ တယ် . . ပိုက်ဆံ မရှိ ကြ လို့ ပါ . . . စာရေး ဆရာ တွေ ကိုလည်း ဘာ မှ သိပ် မပေး နိုင် ကြ ပါ. . အချို့ ပွဲ တွေ မှာ အိပ် စိုက်တွေ များ လွန်း လို့ ဖြူကာ ပြာ ကာ ကျ သွား တဲ့ သူ တွေ တောင် တွေ့ ဘူး ပါ တယ်. စာရေးဆရာတွေလဲ ကိုယ့် စားရိတ်နဲ့ ကိုယ် အိမ်ပြန် လာ ရ တာ မျိုး အထိ ဖြစ်တတ်ပါတယ်
စာရေး ဆရာ ကို လုံချည် တစ်ထည် တဘက် တစ်ထည် . ဖန်မြေ မှန်မြေ က ထုတ်တဲ့ ရေတကောင်းတွေ မျိုး လောက် ပဲ ပေး နိုင် လိုက် ကြ တာ မျိုး ပါ. .(သက်သေ အဖြစ် အိမ် မှာ အများ ကြီး ကျန် နေ ပါ သေးတယ်)..
ပိုက်ဆံ ထည့် ပေး တဲ့ ပွဲ အင်မတန် နည်း ပါ တယ်. ပိုက်ဆံ ထည့် ပေး နိုင်ရင် လဲ တစ်ရာ နှစ်ရာ လောက် ပါ ဘဲ(အဲ့ဒီ့ ခေတ် ရဲ့ ငွေတန် ဖိုး အနေ နဲ့ တော့ အရမ်း နည်း တယ် ပြော လို့ မရ ပါ) . တစ်ခါတစ်လေ . မြေပဲ တို့ . ဆန်အိတ်တို့ . ငှက်ပျော ဖီး ကြီးတွေ လောက် ဘဲ လက်ဆောင် ထည့် ပေး လိုက်နိုင်တဲ့ ပွဲ မျိုး ထိ တောင် ကြုံ ခဲ့ ကြရ ပါတယ်.
အခု ခေတ် တော့ ပိုက်ဆံ ထည့် ပေးနေ ကြ ပြီ လို့ ကြား ရတော့အင်မတန် ဝမ်းသာမိပါ တယ်. .
စာရေးဆရာဆိုတာ က လည်း. . စာဘဲ ရေးတတ် တာ ကိုး ဗျ. ဘယ်ကလာ အပိုဝင်ငွေ ရှိ မှာ တုန်း. . . စီးပွား ရေးတွေ ဘာ တွေ လုပ်တတ် ကြ တာ မျိုး မှ မဟုတ်ဘဲ ကိုး.. လုပ်ရင်လဲ ကွဲ ကြတာ ပါဘဲ. . . စီးပွား ရေး လုပ်ရင်း စာရေး နေ တဲ့ သူ ဆို တာ. . ကိုယ့် စာအုပ် ကိုယ်ထုတ် တာ မျိုး လောက်သာကိုးဗျ.. စားဖို့သောက်ဖို့လောက်တယ်ပေါ့ဗျာ. .ဘယ်လိုလုပ် မတရား ချမ်း သာမှာ တုန်း . ဒီလို အပြင် ဝင်ငွေလေး တွေ နဲ့ မှ လဲ မိသားစု စားစရိတ်ကလေး ပြန်ကာမိတာပေါ့ ဗျ. . ဒါ အမှန်ပါ. . . ဝမ်းသာစရာကောင်းလှပါတယ်. .
တစ်ခု တော့ ရှိ တာ ပေါ့ လေ . . အခု နောက် ပိုင်းမှပေါ်လာတဲ့ စာရေးဆရာလေးလို စာလည်းရေး see you at the top တွေ ဘာ တွေလည်း ရွတ်ပြ သင်တန်းတွေ ဘာ တွေ ဖမ်း ဖွင့် လိုက် နိုင်တာမျိုး . . စီးပွားရေး လုပ်ငန်း လို လုပ် သူတွေ ရှိ လာ တာ တော့ အားရ သဗျာ. ဝမ်းသာသဗျာ ကျေနပ်သဗျာ နည်းနည်းတော့ အဆဲ ခံ ရ တာ ပေါ့လေ. .တကယ် စီး ပွား ဖြစ် သွား တာ ဆို ရင် တော့ သာဓု ပါဗျာ. . မဟုတ်ပေဘူး လား. .ကဲ. . အဲ့ လိုလမ်းကို ကျန်တဲ့ စာရေးဆရာ တွေ လဲ. . လိုက်လုပ်နိုင်ရင် ချမ်း သာ သွား ကြ မှာ မဟုတ်ပေဘူးလား. . ကောင်းပေစွ. .
အဖေ့ အကြောင်းရေးရင်း ဘယ်တွေ ရောက် ကုန်မှန်းတောင် မသိတော့ ဘူး. .
တော်ဘီ. .
နောက်နေ့ မှ အိမ် ရဲ့ စီး ပွား ရေး အခြေအနေ လေး ပြော ပြတော့ မယ်
ဆက်ပါ အုန်းမည်
ဆရာမြိုင်
(Edit လဲ မလုပ် နိုင် အချိန်လဲမရှိ အလုပ်ကလဲများ. . ရေးချင်တာ လဲ လက်ကရွ နေတော့.စာကတော့ ရွဲနေပြီ သီးခံ ကြလော့)
[ မှတ်မိမှတ်ရာစုစည်းမှုများ ဘလော့ဂ်မှကူးယူပါသည်။ဘလော့ဂ်ဂါအား ကျေးဇူးတင်ပါသည်။]
No comments:
Post a Comment