" မြသန်းတင့်ပြောတဲ့ စာရေးဆရာ စာဖတ်ဆရာ "
**********************************
✍🏾 စာရေးဆရာ ဖြစ်ဖို့ အရည်အချင်း သုံးမျိုး လိုအပ်တယ်။
၁ ။ ဘက်စုံပညာရေး ( အထွေထွေ ဗဟုသုတ-
စာမျိုးစုံ ဖတ်ထားတာနဲ့ ဘဝအတွေ့အကြုံ စုံလင်တာ )
၂ ။ ရသပညာ ( ရသအပေါ် အမြင် စူးရှ ထက်သန်မှု )
၃ ။ ဒဿန ( အတွေးအခေါ် )
✍🏾 စာရေးဆရာ ရေးသမျှ အကောင်း အညွန့်တွေချည်း ဘယ်
ဖြစ်နိုင်မှာလဲ။ ရွက်ကြမ်း ရေချိုတွေလည်း ပါမှာပေါ့။
လွှင့်ပစ်ရမယ့်
အပုပ်အဆွေးတွေ မဟုတ်ရင် ပြီးတာပါပဲ။
အဆိပ်အတောက် တွေ
ကို ရေးသားပြီး မဝေငှမိဖို့ လည်း လိုအပ်ပါတယ်။
✍🏾 စာရေးဆရာဟာ အောင်မြင်လာရင်
ကိုယ့်ကိုယ်ကိုယ် အထင်
ကြီးလာ တတ်တယ်။ ယုံကြည်မှု လွန်ကဲလာ
တတ်တယ်။ ငါရေး
သမျှ စာတွေကို လူတွေက ကြိုက်ကြမှာပဲလို့
ထင်လာတတ်တယ်။
ကြိုးစားအားထုတ်မှု လျော့နည်းလာတယ်။ အဲဒီမှာ
စာရေးဆရာရဲ့
ကျဆုံးခန်း အစပြုတော့တာပဲ။
✍🏾 အောင်မြင်မှု အထဲမှာ အဲဒီအောင်မြင်မှုကို
ဖျက်ဆီးမယ့် မျိုးစေ့
ပါလာတတ်တယ်။ ဒါကြောင့် စာရေးသူဟာ
အောင်မြင်မှုကို အထူး
သတိထားရလိမ့်မယ်။ စာရေးသူဟာ အောင်မြင်မှုကို ကြံ့ကြံ့ခံနိုင်
သလိုပဲ ဝေဖန်မှုတွေ ကိုလည်း ကြံ့ကြံ့ခံနိုင်ဖို့ လိုအပ်တယ်။
✍🏾 ကိုယ်ရေးတဲ့ စာကို စာအုပ်အဖြစ်
ထုတ်လိုက်ပြီးရင် စာဖတ်
ပရိသတ်က ပိုင်သွားပြီ။ သူတို့ ကြိုက်နိုင်သလို
မကြိုက်ရင်လည်း
ရတယ်။ ဝေဖန်ချင်တယ် ဆိုရင်လည်း ကြိုက်သလို
ဝေဖန်ပိုင်ခွင့်
ရှိတယ်။ ဝေဖန်တာ မခံချင်ရင် ကိုယ့်စာကို မထုတ်ဘဲ ကိုယ့်ဘာ
သာကိုယ် တစ်ယောက်တည်း ဖတ်နေ။
စာအုပ်လည်း မထုတ်နဲ့။
ဘောဂဗေဒ စကားအရ ပြောရရင် စာရေးဆရာဟာ
ထုတ်လုပ်သူ။
စာဖတ်ပရိသတ် တွေက စားသုံးသူတွေ။
✍🏾 စားသုံးသူ တစ်ဦးဟာ ရောင်းကုန် ပစ္စည်းက
ို ကောင်းတယ် မကောင်းဘူး၊ ကြိုက်တယ် မကြိုက်ဘူး
ပြောပိုင်ခွင့်ရှိပါတယ်။ ဝေဖန်
ရေးဆရာတို့၊ စာဖတ်သူတို့က စာအုပ်တွေကိုဝေဖန်
နိုင်ခွင့်ရှိတယ်။
သူတို့ဝေဖန်ရေးဟာ ဓမ္မဓိဌာန်ကျတဲ့ ဝေဖန်မှုလား၊
ပုဂ္ဂလဓိဌာန်ကျ
တဲ့ ဝေဖန်ရေးလား ဆိုတာကိုတော့ ကိုယ့်ဘာသာ
ချိန်ကြည့်။
✍🏾 စာရေးဆရာ ဖြစ်ချင်တဲ့သူဟာ စာမဖတ်လို့
မဖြစ်ဘူး။ ဒါဟာ
ကကြီးခခွေးပဲ။ စာဖတ်တာကို ဝါသနာပါလာတော့
စာရေးချင်လာ
တယ်။ ပြောချင်လာတယ်။ ပြင်းပြတဲ့ ဆန္ဒတွေ ပေါ်လာတယ်။ ဒီ
အခါမှာ စာကို စရေးဖြစ်တာပဲ။ ပထမတော့
ဘယ်လိုလုပ်ကောင်း
နိုင်ဦးမှာလဲ။ ချက်ချင်းကြီး ဘယ်ပြည့်စုံနိုင်မှာလဲ။
ရေးရင်း ရေးရင်း
နဲ့ တဖြည်းဖြည်း တိုးတက်လာမှာပေါ့။ ဝါသနာရှိပြီး
ကိုယ်ကလည်း
အားထုတ် လေ့ကျင့်နေမယ် ဆိုရင် အတတ်ပညာ တစ်ခုဟာ ဖွံ့ဖြိုး
တိုးတက် လာရတာပဲ မဟုတ်လား။
✍🏾 စာရေးဆရာ ရယ်လို့ ပရိသတ်က
အသိအမှတ်ပြုတာ ခံလာ
ရပြီဆိုရင် အဲဒီ စာရေးဆရာအဖို့ အရေးကြီးတဲ့ ဆုံးဖြတ်ချက် တစ်
ခုကို ချရတော့မယ်။ ဘာလဲ ဆိုတော့ အပျော်တမ်း
စာရေးဆရာပဲ
လုပ်မလား၊ စာရေးခြင်းနဲ့ ပဲ အသက်မွေးတဲ့ စာရေးဆရာလုပ်မလား
ဆိုတာပဲ။ ဒါဟာ စာရေးဆရာတိုင်း တွေ့ရတဲ့ ပြဿနာပဲ။ စာရေး
ဆရာတော့ဖြစ်ပြီ။ ဒါပေမဲ့ စာရေးခြင်းနဲ့ ပဲ
အသက်မွေးသွားဖို့ ဆုံး
ဖြတ်မလား မဆုံးဖြတ်ဘူးလား။ ဒါကို ကိုယ့်ကိုယ်ကိုယ် မေးရတယ်။
✍🏾 စာရေးဆရာ ဆိုတာ ဘာအာမခံချက်မှ ရှိတဲ့အလုပ် မဟုတ်ဘူး။
အဆင်မသင့်ရင် ငတ်နိုင်တယ်။ ဆင်းရဲနိုင်တယ်၊
ဘဝပါ ပျက်သွား
နိုင်တယ်။ စာရေးဆရာအဖြစ်လည်း အောင်မြင်ဦးမှ၊
အောင်မြင်ခဲ့
ရင်လည်း ဒီအောင်မြင်မှုကို အရှည်တည်အောင် ထိန်းသိမ်းတတ်မှ။
ဘာမှ မသေချာဘူး။ ဒီတော့ ဖောင်ဖျက်ပြီးကူးရဲအောင် သတ္တိတော့
မွေးရတယ်။ 👌🏼
✍🏾 ဘဝမှာ တစ်ခုကို လိုချင်ရင် တစ်ခုကို
ပေးရမယ်။ တစ်ခုရချင်
ရင် တစ်ခုကို စွန့်ရမယ်။ စာရေးခြင်းနဲ့ အသက်မွေးတဲ့ အခါကျ
တော့ ထင်တဲ့အတိုင်း ငတ်တစ်ခါ ပြတ်တစ်လှည့်ပါပဲ။ ကျွန်တော်
ပြောချင်တာက စာရေးခြင်းနဲ့ အသက်မွေးတဲ့ စာရေးဆရာတွေ
ကိုပဲ ပြောချင်တာပါ။ စာရေးခြင်းနဲ့ အသက်မွေးတဲ့
စာရေးဆရာ
မှာ ကောင်းတာတွေ ရှိသလို၊ မကောင်းတာတွေလည်း ရှိတယ်။
✍🏾 ကောင်းတာတွေကတော့ လူထုနဲ့ နီးစပ်တယ်။ အထက်တန်း၊
အလယ်တန်း၊ အောက်တန်း စတဲ့ ဘဝအမျိုးမျိုး၊ အလွှာအသီးသီး
က လူတွေနဲ့ တွေ့ထိလို့ရတယ်။ အဲဒီ ဘဝတွေမှာ
ကျင်လည်နိုင်
တယ်။ ကိုယ့်မှာ ဘာမှ အတားအဆီး အဟန့်အတားမှ မရှိဘူး။ အ
ချုပ်အနှောင်မရှိဘူး။ လွတ်လပ်တယ်။ ကြိုက်တဲ့နေရာ
ကြိုက်တဲ့
အချိန်မှာ အလုပ် လုပ်နိုင်တယ်။ အငတ် ခံနိုင်ရင်
မလုပ်ဘဲလည်း
နေလို့ရတယ်။ ကိုယ့်ဆန္ဒကို လွတ်လပ်စွာ ဖော်ထုတ်နိုင်တယ်။
ကိုယ်မှန်တယ် ထင်တာကို ထုတ်ဖော်နိုင်တယ်။ အမှန်တရားကို
လွတ်လပ်စွာ ရှာဖွေနိုင်တယ်။
✍🏾 စာရေးဆရာဟာ အမှန်တရားကို ရှာဖွေနေတဲ့ အနုပညာရှင်
အဘိဓမ္မာဆရာဖြစ်တယ်။ သူဟာ အမှန်တရားကို ရှာနေတဲ့နေရာ
မှာ အဘိဓမ္မာဆရာရဲ့ အလုပ်ကို လုပ်နေပြီး တင်ပြတဲ့ နေရာမှာ
အနုပညာရှင်ရဲ့ အလုပ်ကို လုပ်နေသူ ဖြစ်တယ်။ ဒါဟာစာရေးခြင်း
နဲ့ အသက်မွေးတဲ့ စာရေးဆရာရဲ့ တစ်ပန်းသာမှု၊ အခွင့်သာမှုပဲ။
✍🏾 ဒါပေမဲ့ မကောင်းတဲ့ အချက်တွေ၊ တစ်ပန်းရှုံးတဲ့ အချက်တွေ
လည်း ရှိတယ်။ စာရေးခြင်းနဲ့ အသက်မွေးတဲ့ စာရေးဆရာဟာ
အတွေ့အကြုံ အသစ်တွေကို နောက်ထပ် ဖြတ်သန်းခြင်း မပြုနိုင်
တော့ရင်၊ စာတွေကို မဖတ်တော့ရင်၊ အခန်းကျဉ်း ကလေးထဲမှာပဲ
စာတွေရေးနေတာနဲ့ အချိန်ကုန်နေရင်၊ အဲဒီ စာရေးဆရာဟာ ရေး
စရာ အသစ် မရှိတော့ဘဲ ကုန်ခန်းသွားတတ်တယ်။ တခြားကြောင့်
တော့ မဟုတ်ဘူး။ အတွေ့အကြုံသစ် တွေကို မရတော့လို့ စာမ
ဖတ်တော့လို့၊ စာရေးတာနဲ့ အချိန်ကုန်နေပြီး လူတွေနဲ့ ဝေးသွားလို့
ကုန်ခန်း သွားရတာ။ ဒါက အခွင့်မသာတဲ့ အချက်။
✍🏾 ရသစာပေ တစ်ခုမှာ ဒဿန မပါရင် ဘာမှ အဓိပ္ပာယ် မရှိ
တော့ပါဘူး။ အဲဒီ ဒဿနက မှားချင် မှားနိုင်ပါတယ်။ ဖောက်ပြန်
ချင် ဖောက်ပြန်နိုင် ပါတယ်။ ဘာပဲဖြစ်ဖြစ် စာတစ်ပုဒ် ဝတ္ထုတစ်ပုဒ်
မှာ ဒဿန တစ်ခုခု ပါရမယ်။
ဒဿန မပါတဲ့ စာတစ်ပုဒ်ကို ဖတ်နေခြင်းဟာ စိတ်မနှံ့ သူ ပြော
ပြနေတဲ့ စကားကို နားထောင်နေရတာ နဲ့ တူပါတယ်။
✍🏾. ရသစာပေကို ရေးသူသည် သူများ ရေးထားသည့် ရသကို
ချစ်တတ်၍ ကိုယ်တိုင်ကလည်း ရသစကားလုံး အသစ်များကို ဖန်
တီး နိုင်ရမည်။ စာမဖတ်ဘဲ ရသစာပေ ရေးနေသည့် စာရေးသူ
သည် အကန်းတစ်ယောက်နှင့် တူပြီး၊ စာဖတ်သော်လည်း ရသစာ
ပေကို ဖန်တီးခြင်း မပြုသော စာရေးသူသည် အမြုံနှင့် တူသည်။
----- -----
" စာကောင်းပေကောင်း ဖတ်တတ်ဖို့ "
~~~~~~~~~~~~~~~~~~~~~~~~~
✍🏾 စာကောင်းပေကောင်း တွေကို ဖတ်တတ်ဖို့ ဆိုတာ အချိန်
တွေ အများကြီးကို ဖြတ်သန်းပြီးမှ ရလာတတ်တာမျိုးပါ။ စာအုပ်
တစ်အုပ်ကို လှန်ပြီး စာပိုဒ် တစ်ပိုဒ်လောက် ဖတ်ကြည့်လိုက်ရုံ ၊ စ
ကား အသုံးအနှုန်းကို ကြည့်လိုက်ရုံ၊ ဝါကျဖွဲ့စည်းပုံ တစ်ခုလောက်
ကို ကြည့်လိုက်ရုံ၊ အထူးသဖြင့် စာထဲမှာ ပါတဲ့ အတွေးအခေါ် ကို
ဖတ်ကြည့်လိုက်ရုံ နဲ့ ဒီစာအုပ်ဟာ အချိန်ကုန်ခံပြီး ဖတ်ထိုက်တဲ့
စာအုပ် ဟုတ်မဟုတ် ခွဲခြားခန့်မှန်း တတ်ဖို့ အချိန်တွေ များစွာ
အားထုတ်မှုတွေ များစွာ ဖြတ်သန်းပြီးမှ ရနိုင်တာမျိုးပါ။ 👌🏼
✍🏾 ကျွန်တော်တို့ဟာ ကိုယ်ရှာဖွေ သောက်သုံးလို့ ရတဲ့ ဗဟုသု
တ အသိပညာတွေကို ကိုယ့်ပင်ကိုယ် အရည်အသွေးနဲ့ တစ်ထပ်
တည်း ဖြစ်သွားအောင် စုပ်ယူနိုင်ရမယ်။
ကိုယ့်စိတ်ဓာတ်ရဲ့ အနှစ်သာရ ဖြစ်အောင်
လုပ်ယူနိုင်ရမယ်။
ဒီလို မလုပ်နိုင်ရင် ကိုယ်ရတဲ့ အသိပညာဟာ ဝိညာဉ်မဲ့တဲ့ အသိပညာပဲ ဖြစ်မှာ။ အတုအယောင်ပဲ ဖြစ်မှာ။
ဒီလို အသိမျိုးဟာ တစ်နေ့မှာ ကိုယ့်အပေါ်ကို
ပိကျလာမယ့် ဝန်ထုတ်ကြီးပဲ ဖြစ်မှာ။
----- -----
Credit/-
လပ်ကီးချမ်း အခမဲ့ စာကြည့်တိုက် မန္တလေး
ပြန်လည်မျှဝေသည်။ P T N
Via-Kha YanPyar
No comments:
Post a Comment