#စောင့်နေသူ
#ကျော်ရင်မြင့်
ရုံးခန်းနံရံပေါ်က နာရီလက် တံကို လက်နဲ့သာဆွဲရွှေ့ပစ် လိုက်ချင်တော့တာပဲ။ သွားချင် ပြီ။ ဟောဒီရုံးစားပွဲကထ၊ ဟောဒီ ရုံးခန်းထဲက ထွက်သွားချင်လှပြီ။ ရုံးဆင်းချိန်ရောက်ဖို့ကလည်း လို သေး။ ကျွန်တော်က ယင်းထနေ ပြီ။
အချိန်မကျသေးပေမယ့် အ စောကြီး ယင်းထနေတာ။ တကယ့် ကို နေမထိ ထိုင်မသာဖြစ်နေတာ။ ဖင်တကြွကြွ။ စားပွဲကထပြီး အ ခန်းအပြင်ထွက်လိုက်၊ အခန်းထဲ ပြန်ဝင်လာလိုက်၊ စားပွဲမှာ ပြန် ထိုင်လိုက်၊ နံရံထက်က နာရီကို လှမ်းကြည့်လိုက်။ အလိုကို မကျ နိုင်တော့ဘူး။ စားပွဲပေါ်က ဖိုင်တွဲ တွေကို စီပြီးထပ်တယ်။ တချို့ ကို ဗီရိုထဲ ထထည့်တယ်။ ပြီး တော့ စားပွဲပြန်ထိုင်။ နာရီကို ကြည့်။ အကြိမ်ကြိမ်။ အချိန်က ရုံးခန်းထဲကထွက်ဖို့ စောနေသေး တယ်။
ယင်းထတယ်ဆိုလို့ ကျွန် တော်ဆေးသမားမထင်နဲ့။ ယင်း ထတယ်ဆိုတဲ့ ဆေးသမားစကားကို တိုက်ဆိုင်လို့ငှားသုံးတာ။ အ ချိန် တန်ရင် မသောက်ရမနေနိုင် တဲ့ အသောက်သမားလို့လည်း...။ ရှင်းပြရမှာ နည်းနည်းတော့ရှုပ် တယ်။ ဒါပေမဲ့ မရှင်းလို့ကလည်း မပြီးဘူး။ ကျွန်တော်က ညနေ တိုင်းအချိန်တန်ရင်သောက်တဲ့ အသောက်သမား။ ဟုတ်တယ်။ အခုလည်း အဲဒီသောက်ကြစား ကြမယ့်နေရာကိုသွားဖို့ ယင်းထ နေတာ။ သွေးထဲသားထဲက သွား ချင်နေတာ။ ဒါပေမဲ့ သွေးသားထဲ က တောင့်တနေတာက အရက်မ ဟုတ်ဘူး။ ‘လုံးကျစ်မလေး’။
ရှင်းရင်းရှင်းရင်း တော်တော် ရှုပ်လာပြီ မဟုတ်လား။ လိုရင်းကို တဲ့ (ဒဲ့) ပြောရရင်တော့ ကျွန် တော်က ညနေတိုင်း အဖော်တစ် ယောက်နဲ့အတူ သူတို့အိမ်မှာအ ရက်သောက်တယ်။ သူ့မှာ နှမ လေးတစ်ယောက်ရှိတယ်။ လုံး လုံးကျစ်ကျစ် ဖျစ်ညှစ်ပြီး ဖက် ထားချင်စရာမလေး။ အဲဒီကောင် မလေးကို ကျွန်တော်သဘောကျ နေတာ။ တွေ့ချင်တယ်။ မြင်ချင် တယ်။ ခု ‘လုံးကျစ်မလေး’ တို့အိမ် ကို သွားချင်နေပြီ။ တဲ့ပြောလိုက် တော့လည်း ရှင်းသွားတာပဲ။ ဟုတ်လား။
ရှင်းမလိုလိုနဲ့ ရှုပ်တာတွေ လာဦးမယ်။ ကျွန်တော့်မှာ အိမ် ထောင်ရှိတယ်။ သားတစ်၊ သမီး တစ်၊ အမေနဲ့အဖေလည်း ရှိသေး တယ်။ ကျွန်တော်အိမ်ထောင်ကျ ပြီးပေမယ့် အဖေအမေရဲ့ အိမ်မှာ အတူနေတယ်။ အဖေရော အမေပါ ဝန်ထမ်းအငြိမ်းစား။ မိန်းမကလည်း ဝန်ထမ်း။ ကျွန် တော့်မှာ အစ်မတစ်ယောက်ရှိ တယ်။ အစောကြီး အိမ်ထောင်ကျ ပြီး တစ်မြို့တစ်ရွာ သူ့ယောက်ျား နောက်ပါသွားတယ်။ ဒါတွေက အရေးမပါပါဘူး။ စိတ်ဝင်စားစ ရာလည်း မကောင်းဘူးဟုတ် လား။ ဒါပေမဲ့ ဒီအခြေခံလေးတွေ သိထားဖို့ကလည်း လိုသေးတယ်။ ဒါမှ။
ပြောလက်စနဲ့ ဆက်ရှုပ် လိုက်ဦးမယ်။ ကျွန်တော်သဘော ကျတဲ့ လုံးကျစ်မလေးက ညနေ ညနေ ကျွန်တော်နဲ့ သူ့မောင်နဲ့ သောက်ကြ၊ စားကြတော့မယ်ဆို ရင် အမြည်းကလေးတွေကအစ ဖွယ်ဖွယ်ရာရာ ပြင်ဆင်ပေးတာ။ ဘယ်လောက်ချစ်စရာကောင်း လဲ။ ကျွန်တော်တို့နှစ်ယောက် သောက်ကြ၊ စားကြမယ်လို့ ထိုင် မိတာနဲ့ ကျွန်တော့်မျက်စိက လုံး ကျစ်မလေး ထွက်လာမယ့် အခန်းဝကို မျှော်ကြည့်နေမိတယ်။
ကိုယ့်အချင်းချင်း မကွယ်မ ဝှက်ပြောမယ်။ ဒီကောင်ဘူးကျ တယ်ပြောချင်လည်း ပြောပေ ရော့။ ကျွန်တော်နဲ့ အဖော်က ဧည့်ခန်းဆက်တီမှာ သောက် မယ်၊ စားမယ်လို့ ထိုင်ကြတယ်။ လုံးကျစ်မလေးက သောက်စရာ ဖန်ခွက်လေးနှစ်ခွက်နဲ့ ရေသန့်ဘူး ကို လင်ပန်းလေးထဲထည့်ပြီး ပထ မလာချတယ်။ ကျွန်တော်တို့ရှေ့ မှာ ခါးကလေးကုန်းပြီး ရေဖန်ခွက် တွေ စားပွဲပေါ်ချတဲ့အချိန်မှာ ကျွန်တော်က ဘာလုပ်တယ်ထင် လဲ။ ဟိုက်သွားတဲ့ အင်္ကျီကြားက ကောင်မလေးရဲ့ ရင်ညွန့်ကို ငမ်း ကို ငမ်းတာပဲ။ ရွှေဆွဲကြိုးမျှင်မျှင် လေးဆွဲထားတယ်။ လော့ကတ် သီးလေးက တလှုပ်လှုပ်။ ကျွန် တော်မမူးသေးဘူးနော်။ အမှန်ပဲ ပြောမယ်။ နောက်တစ်ခေါက် အ မြည်းပန်းကန်လာချတယ်။ ကျွန် တော်ဘာလုပ်မယ်ထင်လဲ။ ဘယ် အလွတ်ပေးမှာလဲ။ ကြည့်နေရင်း ကောင်မလေးကို ဆွဲကြိုးတုတ် တုတ်လေး ဝယ်ပေးရရင် ကောင်း မှာပဲလို့ သဒ္ဓါတွေပိုနေမိတယ်။ ကောင်မလေးကလည်း မခို့တရို့ နဲ့ ပြန်ကြည့်ပြီး လှည့်ထွက်သွား တဲ့အခါ ကျွန်တော့်မျက်လုံးတွေ က လုံးကျစ်မလေးရဲ့ နောက်မှာ ထက်ကြပ်မကွာ ပါသွားပြန်ရော။
ဒီအိမ်မှာ ကျွန်တော်ပျော် တာ ဘာဆန်းသလဲ။ ယောက်ျား တွေဟာ ဒီလိုပဲလားလို့ မေးချင် မယ်။ သိထားဖို့ကတော့အတူတူ နဲ့ အနူနူပဲ။ ကောင်မလေးကို ကျွန်တော်ငမ်းငမ်းနေတာ ကျွန် တော့်အဖော်ကလည်း သိမှာပါပဲ။ ဒါပေမဲ့ ကျွန်တော်အဆင်ပြေနေ တာက ဒီယောက်ဖလောင်းက ကျွန်တော့်လက်အောက်က ဝန် ထမ်းဖြစ်နေတယ်လေ။ ကောင်မ လေးရဲ့ အမေကလည်း ကျွန် တော့်ကို သူ့သားရဲ့ဆရာဆိုပြီး လေးလေးစားစားရှိတယ်။ သူ့သားဇိုးသမားက မျက်စိအောက်မှာပဲ အိုးမကွာ အိမ်မကွာ သောက်တာ မို့ အဘွားကြီးက ကျေနပ်တယ်။ ကျွန်တော့်အတွက်တော့ အရာ ရာ အိုကေစိုပြည်ပေါ့။ အေးအေးလူလူ သောက်လို့ စားလို့ရတယ်။
ကျွန်တော့်အိမ်မှာ ဒီလို သောက်လို့ ဘယ်ရမှာလဲ။ နေရ တာလည်း ပျော်စရာမကောင်း ဘူး။ အဖေ၊ အမေ မျက်လုံးလေး လုံးအောက်မှာ နေရတာ။ ဘယ် လောက်ကျဉ်းကျပ်မယ်ထင်လဲ။ ပေါက်စကွေးကလေးကတည်း က သူတို့မျက်စိအောက်မှာ ကျွန် တော်နေခဲ့ရတာ။ မနေချင်လို့ လည်း ထွက်ပြေးလို့မရဘူး။ အဖေ၊ အမေက ခေတ်ကောင်းမိခဲ့ တော့ ဝန်ထမ်းပေမယ့် အိုးပိုင်၊ အိမ်ပိုင်ဖြစ်တယ်။ ကျွန်တော်တို့ လင်မယားလည်း ဝန်ထမ်းပဲ။ ဒါ ပေမဲ့ ကိုယ်ပိုင်အိမ်မဝယ်နိုင်ဘူး။ ငှားနေဖို့တောင် မလွယ်ဘူး။ မိဘ အိမ်ကလည်း ကျယ်တော့ ကျွန် တော် အိမ်ထောင်ကျပေမယ့် နေ မြဲဆက်နေလိုက်တာ။ ကလေးသုံး ယောက်တောင်ရပြီ။ အကြီး ကောင်တောင် လေးတန်းရောက် ပြီ။
ကျွန်တော်ကံကောင်းတာ က မိန်းမနဲ့ ကျွန်တော်က တစ်ရုံး တည်းမဟုတ်ဘူး။ ရုံးသွားရင်း စတွေ့ပြီး ရည်းစားဖြစ်သွားတာ။ အိမ်ထောင်ကျတော့လည်း မိန်းမ ကို မိဘအိမ်မ,လာတာ။ ကိုယ့် ကိုယ်ကိုယ်ဖော် မသူတော်လုပ် လိုက်ရဦးမယ်။ ကျွန်တော်က သပ်သပ်ရပ်ရပ် ဝတ်တတ် စား တတ်တယ်။ အမေက အဝတ်အ စားတွေကို အမြဲမီးပူထိုးပေးတာမို့ စမတ်ကျကျနေလို့ရတာပေါ့။ မိန်းမက ကျွန်တော့်ကို ဒါပဲကြွေ သလားပဲ။ ပြီးတော့ ကျွန်တော်က စကားအပြောအဆို ညက်တယ်။ အထူးသဖြင့်တော့ ကောင်မလေး တွေနဲ့။ ဒါပဲကြွေသလား။ ကြုံမှ မေးဦးမယ်။ ခုနေမေးရင် ကောင်း ကောင်းမွန်မွန်မှ ပြန်ဖြေပါ့မလား မသိဘူး။ ‘‘ကံဆိုးလို့ တော့်ပြန် ကြိုက်မိတာပေါ့တော်။ ကျုပ်က ကန်းကို ကန်းပါတယ်’’ လို့ ပြော လေမှာလား မသိဘူး။
ကျွန်တော်ကလည်း ကျွန် တော်။ အိမ်ပြန်ရင် မူးပြီးမှပြန် တာ။ မူးမူးပြီး ပြန်လာတော့ အမေ ကဆူ၊ မိန်းမက ရန်လုပ်။ မိန်းမ ကိုတော့ ရှောင်မရပေမယ့် အမေ့ အဆူမခံရအောင် အမေအိပ် လောက်မှ၊ မိုးကြီးချုပ်မှ အိမ်ပြန် တယ်လေ။ အိမ်ပြန်ရောက်ရင် အမေတို့ မကြားအောင် ရှိတာ လေး လှန်လှောစားပြီး အိပ်ရတာ ပဲ။
ညနေတိုင်း သောက်ဝိုင်းဖွဲ့ တဲ့ လုံးကျစ်မလေးတို့အိမ်က လည်း ညစာစားသွားဖို့ ကျွေးပါ တယ်။ အမှန်အတိုင်းပြောရရင် လုံးကျစ်မလေးရဲ့ လက်ရာကို မြည်းစမ်းကြည့်ချင်ပါတယ်။ ဒါ ပေမဲ့ ရေရှည်ကြည့်ရမယ်လေ။ ကိုယ့်လက်အောက်ဝန်ထမ်းနဲ့ ဝါ သနာတူ၊ ပုလင်းတူ ဘူးဆို့ ဆို တော့လည်း အစ်ကိုဆရာအဖြစ် သူက အနွံတာခံပါတယ်။ ကျွန် တော်ကလည်း သောက်တာ စား တာ သူတို့ဝန်မပိစေရဘူး။ ကိုယ့် အိတ်ထဲက ထုတ်ပါတယ်။
နောက်ထပ်ကံကောင်းတာ က မိဘအိမ်မှာ နေပေမယ့် ကျွန် တော့်လခ မိဘကို ကန်တော့စရာ မလိုဘူး။ ကျွန်တော့်မိဘတွေက ခေတ်ကောင်းမီခဲ့တော့ အထုပ်နဲ့ အထည်နဲ့။ အဲ ...။ မိန်းမလည်း မအပ်ဘူး။ လူပျိုဘဝကတည်းက ကိုယ့်လခကို ကိုယ်ပဲဖြုန်းခဲ့ရတာ မို့ မိန်းမရတော့လည်း ခပ်တည် တည်ပဲ ဆက်လှိမ့်နေလိုက်တယ်။ မိဘက ဆက်ကျွေးထားတာမို့ အေးဆေးပါပဲ။
ခုတော့ ကျွန်တော့်လခက လုံးကျစ်လေးတို့ဆီ စီးဆင်းနေသ ပေါ့။ တစ်ခါတလေ အာရကေ လေး ဘာလေး ရွှင်ရင် ယောက်ဖ လောင်းကိုလည်း ယမကာ ကောင်းကောင်းလေး ဝယ်တိုက်၊ လုံးကျစ်မလေးလည်း အဝတ်အ စားလေး ဘာဘေး ဝယ်ပေး၊ အ ဆင်ကိုပြေလို့။ လုံးကျစ်မလေး တို့က မောင်နှမနှစ်ယောက်ပဲ ရှိ တာ။ အမေမုဆိုးမကြီးနဲ့နေတာ။ လုံးကျစ်မလေးတို့ အမေကို ကျွန် တော်က ‘အမေ’ လို့ပဲ အသားယူ ပြီးခေါ်တာ။ အဘွားကြီးကတော့ သူ့ကို အမေအရွယ်မို့ ခေါ်တယ် ထင်ရှာပြီး သဘောကျတယ်။ ကျွန်တော်ကတော့ လုံးကျစ်မလေးခေါ် သလို ခေါ်တာ။ အဘွားကြီးက တော့ သူ့သားရဲ့ဆရာ အရာရှိက သူ့သားကို ခင်မင်ရှာတယ်ဆိုပြီး ကျေနပ်နေတာ။ ကျွန်တော်က သူ့သားခင်တာမဟုတ်မှန်း မသိ ရှာဘူး။
ဒီလို ဒီလိုနဲ့ ခြွေမှရံတယ်ဆို တဲ့ စကားအတိုင်းပါပဲ။ လုံးကျစ်မ လေးတို့ တစ်မိသားစုလုံး ကျွန် တော့်အခြွေအရံတွေ ဖြစ်ကုန်တာ ပေါ့။ ကျွန်တော်လည်း ခြွေနိုင် အောင် ကြံရ ဖန်ရတာပေါ့။ ဒါပေ မဲ့ ကျွန်တော်ပျော်ပါတယ်။ ကောင်မလေးတစ်ယောက် အ ပေါ်မှာ ကြည်နူးရင်ခုန်ရတာ ဘယ် လောက်ပျော်စရာကောင်းတယ် ဆိုတာ ကိုကိုကာလသားတိုင်း သိပါတယ်။ ဒီအတွက်ဆို ကုန် ကုန်ခန်းခန်းပေါ့။
ကုန်ကုန်ခန်းခန်းဆိုလို့ ဆက် ပြောရဦးမယ်။ ရေတွင်းတောင်မှ ခန်းတဲ့အခါ ခန်းသေးတာပဲ။ ကျွန် တော်တို့ ရုံးလုပ်ငန်းဆိုတာလည်း အမြဲတမ်းရေမရွှင်ဘူး။ ဒီတော့ လည်း ကျွန်တော့်ခမျာ ချေးရ ငှားရတဲ့အခါလည်း ရှိလာတာ ပေါ့။ သိတဲ့အတိုင်းပဲလေ။ ကျွန် တော့်ရာထူးနဲ့၊ ကျွန်တော့်ဟန်နဲ့ ဆိုတော့ ချေးရတာမခက်ပါဘူး။ ငွေထုပ်ကြီး ဖင်ခုထိုင်နေရတဲ့သူ တွေက အတိုးအညွန့်လေး ရချင် တော့ ကျွန်တော့်လိုကောင် ရှာနေ တာ။
ကျွန်တော်လျှာရှည်နေတာ နဲ့ လိုရင်းမရောက်တော့ဘူး။
ညနေစောင်းရင် ကျွန်တော် ရုံးလစ်ပြီး လုံးကျစ်မလေးရှိရာ အ ပြေးလေးသွားချင်မိတယ်။ သွား လည်း သွားခဲ့ပါတယ်။ ဒီနေရာမှာ မုဆိုးစိုင်သင်ဆိုတဲ့ စကားက မှန် သား။ မိန်းမရဖူးတဲ့ ကျွန်တော့်လို ကောင်တွေက မိန်းမအထာ၊ မိန်းမအကြိုက်ကို ပိုသိတယ်။ ‘လုံးကျစ်မလေး’ ကို သူသိအောင် ခိုးခိုးကြည့်တယ်။ ကောင်မလေး ကလည်း ကျေနပ်တယ်။ မသိမ သာ မြှောက်ပင့်တဲ့စကားလေး တွေ ပြောပေးတယ်။ ကောင်မ လေးလည်း သဘောကျတယ်။ သိသိသာသာ အဝတ်အထည် တွေ၊ လက်ဆောင်ပစ္စည်းတွေ ဝယ်ဝယ်ပေးတယ်။ ကောင်မလေးက ပျော်တယ်။ တဖြည်းဖြည်းရင်း နှီးအောင် ကျုံးသွင်းပြီး အပြင်ခေါ် ထုတ်တယ်။ ကောင်မလေးရင်ခုန် တယ်။ နောက်တော့ တစ်နေရာ မှာ ချိန်းတွေ့တယ်။ ကောင်မ လေးက တစ်အိုးတစ်အိမ်နေကြ ပါစို့ ကိုကိုရယ် ဖြစ်သွားတော့တာ ပေါ့။
ပြောရတာသာမြန်တာ။ ဒီ အနေအထားရောက်အောင် နှစ် နဲ့ချီပြီး လှော်ခဲ့ရတာ။ အရင်းအနှီး ကလည်း မနည်းဘူး။ ဒါပေမဲ့တန် ပါတယ်။
အရင်တစ်ခါ မိန်းမယူတုန်း က မိဘအိမ်တက်နေတာ။ ဒီတစ် ခါ ‘လုံးကျစ်မလေး’ နဲ့ကျ သူ့အမေအိမ်တက်နေရင်တော့ သူ့မောင် က ဓားနဲ့ထိုးလိမ့်မယ်။ ဒီတော့ အသင့်တိုက်ခန်းလေးငှားပြီး အိမ် တစ်ဆောင် မီးတစ်ပြောင် လုပ်ရ တော့တာပေါ့။ အမှန်အတိုင်း ပြောရရင် ပျော်သဗျ။ ဘဝကပိုပြီး အဓိပ္ပာယ်ရှိလာသလိုပဲ။ ကိုယ် တိုင်လည်း တက်ကြွလန်းဆန်း နုပျိုလာသလိုပဲ။ အချစ်ဆေးတန် ခိုးထင်ပါ့။
အိမ်က မိန်းမကိုတော့ အ လုပ်တွေ အရေးကြီးသလိုလို။ အ စိုးရသစ်လက်ထက်မှာ အချိန်ပို တွေ ညဥ့်အိပ်ညဥ့်နေလုပ်နေရသ လိုလို အချိုး ချိုးရတာပေါ့။ မိန်းမ က သူလည်း ဝန်ထမ်းပဲ သိမှာပါ။ ဒါပေမဲ့ ကျွန်တော့်လို ငမူးအိမ်ပြန် မလာလည်း အေးတာပဲ တွေးမှာ ပါ။
မိန်းမမသိတာက ကျွန်တော် အရင်လောက် မသောက်တော့ ဘူးဆိုတာ။ ဆေးတွေ့နေပြီလေ။ အချစ်ဆေး။ သိပ်မသောက်ပေ မယ့် လကုန်ရင်တော့ မူးသဗျ။ တစ်ခါတစ်ခါ ချာချာလည်အောင် မူးတယ်။ ချေးထားတဲ့ အကြွေး တွေက အတိုးတက်တယ်။ အတိုး မှန်မှန်ပေးနေတာတောင်မှ ချေး ထားတာ ကြာတဲ့သူတွေက သူ့ငွေ ကို ပြန်သိမ်းချင်တယ်။ ဒီတော့ ခေါင်းပြောင်းရတယ်။ ချေးထား တာကြာပြီဖြစ်တဲ့ ဒေါ်စိန်ကိုဆပ် ဖို့ လူသစ်ဒေါ်မြဆီက ထပ်ချေး။ ကြာတော့လည်း ကျွန်တော့်ကြွေး မြီအတွက် စာရင်းကိုင်တောင် ခန့် ထားရမယ့်ပုံပဲ။
ကျွန်တော့်အိမ်ထောင်ရေး အတွက်တော့ မပူပါနဲ့။ အခုထိ တော့ မိန်းမက မသိသေးပါဘူး။ ဒါမျိုးဆိုတာလည်း သက်ဆိုင်သူ ကနောက်ဆုံးမှသိသတဲ့။ မိန်းမ တောင်မှ မသိသေးဘူးဆိုမှတော့ အဖေ၊ အမေလည်း မသိသေး ဘူး။ ယန္တရားကြီးက ပုံမှန်လည် ပတ်နေသေးတယ်။ ‘လုံးကျစ်မ လေး’ ကလည်း သူ့ကိုယ်သူ စက် ကင်းမှန်းသိပါတယ်။ ပူညံပူညံ လုပ်ရင် တစ်လင်တစ်မယား ဥပ ဒေနဲ့ ထိသွားမှာပေါ့။ ကျွန်တော့် ကို ရွှေဥမှန်မှန်ဥပေးတဲ့ ငန်းကြီး အဖြစ် ထင်နေတုန်းပါ။ ကျွန်တော့်မှာ မိန်းမနဲ့ ကလေးတွေရှိတယ်ဆို တာ သူသိပါတယ်။ သူ့ကိုယ်သူ အပျိုပြန်မဖြစ်တော့ဘူးလို့ စိတ် လျှော့သွားပြီးပြီ။ ပြီးတော့ ကျွန် တော်က ကျမ်းကျေပါတယ်။ မပူ ပါနဲ့။ ဥပဒေတွေ၊ ဥပဒက်တွေ လည်း ညက်နေအောင် ဖတ်ထား ရတယ်။ လုံးကျစ်မလေးကိုလည်း နားလည်အောင် ရှင်းပြထား တယ်။ ဖွတ်မရ ဓားမဆုံး မဖြစ်စေ နဲ့ပေါ့။
စကားပုံကလည်း ဒါပဲရှိ တော့ ဖွတ်မရ ဓားမဆုံးဆိုတာကြီး နဲ့ ပြောရတယ်။ ကိုယ့်ကိုယ်ကိုယ် ဖွတ်နဲ့ နှိုင်းပြောလိုက်ရတယ်။ တ ကယ်လည်း ကျွန်တော် ဖွတ်ဖြစ် နေပါပြီ။ ကြွေးတွေက ဝိုင်းဝိုင်း လည်နေပြီ။ လှည့်ရင်းလှည့်ရင်း တယ်မလည်ချင်တော့ဘူး။ တစ် ချက်တစ်ချက် ဂျမ့်ဖြစ်တယ်။ တစ်ရက်ထက် တစ်ရက် အတိုးက တက်နေတော့ အကြွေးတွေက ဂဏန်းများများလာတယ်။ လူသာ အိပ်တယ်၊ အတိုးကမအိပ်ဘူးဆို တဲ့စကားက တယ်မှန်တာပဲ။ ကျွန်တော်လည်း ဖြိုနိုင်သမျှ ဖြိုချ ဖို့ နည်းလမ်းရှာပါတယ်။ ဒီတောင် ကို မောင်ဖြိုပါ့မယ်၊ မြင်းမိုရ်မို့ လားဆိုပြီး အားတင်းပေမယ့် ခါချဉ်ကောင် မာန်ကြီးလို့ တောင်ကြီးကိုတဲ့ ဖြိုမယ့်ကြံ ခါးကမသန်ဆိုသလို ဖြစ်နေတယ်။
ကြည့်စမ်း။ ပြောရင်းဆိုရင်း အဆင်ပြေမယ့် နည်းလမ်းစဉ်းစား မိတယ်။ မြင်းမိုရ်ဆိုလို့။ မြင်းမိုရ် တောင်ဦး မကကျူးတဲ့ ကျေးဇူး ကြီးလှ မိနဲ့ဖဆိုတဲ့ စကားရှိတယ် မဟုတ်လား။ ကျေးဇူးရှင် မိဘနှစ် ပါး။ အဖေအမေသေရင် အိမ်ကြီး ကို ကျွန်တော်အမွေရမယ်။ အမွေ ရတဲ့ အိမ်ကြီးကို ရောင်းထုတ်ပစ် လိုက်ရင် အကြွေးတွေ ကျေရုံမက ကျွန်တော် နောက်ထပ်တစ် ယောက်တောင် ယူချင်ယူနိုင်သေးတယ်။
လောလောဆယ် ပြဿနာ က အဖေ အမေနှစ်ယောက်လုံး ရှိ နေသေးတယ်။ ပြီးတော့ ကျန်းမာ ရေးကလည်း လိုက်စားသလားမ မေးနဲ့၊ နှစ်ယောက်သား မနက် လမ်းလျှောက်၊ ညနေလမ်း လျှောက်။ မိုးရွာရင်တောင် ထီး ဆောင်းလျှောက်တာ။ ကျန်းမာ လိုက်ကြတာ ဒေါင်ဒေါင်မြည်။ နှာစေးချောင်းဆိုးတောင် မဖြစ် သေးဘူး။ ဒါပေမဲ့...။
ဟာ... ဒီကောင် မကြံ ကောင်း မစည်ရာတွေ ကြံတယ်။ မိုးကြိုးပစ်တော့မှာပဲ။ အဟုတ် မှတ်လို့ ဖတ်နေတာ။ အလကား ကောင်လို့ တွေးမိချင် တွေးမိပါပဲ။ ဒါပေမဲ့ လောကမှာ ကျွန်တော့်လို စောင့်နေတဲ့ ကောင်တွေကတော့ ရှိနေတာပါပဲ။ ကျွန်တော်ကမှ အ မွေရဖို့ မိဘတွေသေအောင် ထိုင် စောင့်နေသေးတယ်။ တချို့ ကောင်တွေ၊ ကောင်မတွေဆို မိဘတွေ မသေခင်ကတည်းက မိဘအမွေ ထိုင်ဖြုန်းပစ်နေတာရှိ တယ်။ တချို့ကောင်တွေဆိုရင် ကိုယ့်သားသမီး မြေးမြစ်တွေ စား ရမယ့် အမွေအနှစ်ကိုဖော်စားနေ တာ။ ကျွန်တော်က သူတို့လောက် တော့ ဆိုး မထင်ပါဘူး။
----------------
ကျော်ရင်မြင့်
Sat, 2018-04-28 04:30Issue No.No.1783 Saturday, April 28, 2018
[ 7DayNews Page မှ ကူးယူပါသည်။ 7DayNews အား ကျေးဇူးတင်ပါသည်။]
No comments:
Post a Comment