#မောင်ပန်းမွှေးယုံလိုက်တယ်
#ကျော်ရင်မြင့်
မောင်ပန်းမွှေးရဲ့ ထူးခြား ချက်ကတော့ ဘယ်အရာကိုမှ အ လွယ်တကူ မယုံတတ်တာပါပဲ။ အစည်း အဝေးတွေဘာတွေဆိုရင် ဆုံးဖြတ်ချက်တစ်ခုက သူ့ကြောင့် ပဲ လွယ်လွယ်မချနိုင်ဘဲ ထစ်နေ တတ်တယ်။ သူ့ကို လက်ပေါက် ကတ်တယ်လို့ လူတွေကသတ် မှတ်ထားကြတာ။ မောင်ပန်းမွှေး စိတ်အ၀င်စားဆုံးဘာသာရပ်က ‘ယုတ္တိဗေဒ’ပါ။ ဘယ်အကြောင်း အရာကိုမဆို ‘ယုတ္တိရှိမှယုံမယ်’ လို့ ပြောလေ့ရှိတယ်။ ‘ကိုယ်က ကျူး ကိုယ့်ဒူးတောင်မယုံဘူး’ ဆို တာ သူ့လက်ကိုင်စကားလုံးပါ။တ ကယ်လည်း အပြောနဲ့အလုပ်ညီ တဲ့လူ။ သူက ဘာကိုမဆို သံသယ မျက်စိနဲ့ အမြဲတမ်းကြည့်တာ။ မယုံလိုက်တာမှ သူ့မိန်းမတောင်မှ သူမယုံဘူး။ အဲဒီလိုလူက ဟိုလူ ကြီးလင်မယား လူသားစားတယ် ဆိုတာကျ ယုံပြန်ရော။
သူ့မိန်းမက သူနဲ့ယှဉ်ရင် တော့ ရုပ်ချောပါတယ်။ အများသူ တကာနဲ့ ရင်းရင်းနှီးနှီးဖော်ဖော်ရွေ ရွေနေတတ်တယ်။ မောင်ပန်းမွှေး မယုံဘူးဆိုတာ နမူနာတစ်ခုပြော မယ်။ သူ့မိန်းမက ဈေးသွားရင် ဈေးဖိုးစာရင်းပိုတင်တယ်လို့ သူ ထင်တယ်။ ဒီတော့ဈေးကို ကိုယ် တိုင်လိုက်တယ်။ ဈေးသည်တွေ ကလည်း မောင်ပန်းမွှေးအ ကြောင်း ကောင်းကောင်းသိနေပါ ပြီ။ အင်မတန်လက်ပေါက်ကတ် တဲ့လူကြီးလို့ အချင်းချင်းလက်တို့ ပြောထားတယ်။ ဈေးသည်ဆိုတာ ဈေးဝယ်လာရင် ကြိုက်တယ်၊ ရောင်းချင်တယ်။ ဒါပေမဲ့ မောင် ပန်းမွှေးကိုတော့ ဝေရာမဏိချင် တယ်။ သူ့ကို ‘ချေးထုပ်ကြီး’ လို့ နာမည်ပေးထားတယ်။
မောင်ပန်းမွှေးက သူဝယ် ခြမ်းထားတဲ့ အသားတွေ၊ ငါးတွေ ကို ဈေးရုံးကသမာဓိချိန်ခွင်မှာ အ မြဲပြန်ချိန်ကြည့်တယ်။ လျော့နေ လို့ကတော့ ဈေးသည်နာဖို့သာ ပြင်။ ဈေးခေါင်းကို သက်သေခေါ် ပြီး သူ့ကိုသားငါးရောင်းလိုက်တဲ့ ဈေးသည်ကို ပြဿနာလုပ်တော့ တာပဲ။ ဈေးသည်တော့ ရှင်းပေ ဦးတော့။ မောင်ပန်းမွှေးကို လျော့ နေတဲ့ အသားငါးကို ပြန်ထည့်ပေး ရတယ်။ ဈေးရုံးလိုက်ပြီး နောင် ကို အလေးမခိုးပါဘူး၊ အလေး ခိုးရင် အရေးယူခံပါ့မယ် ဘာညာ ၀န်ခံကတိတွေ လက်မှတ်ထိုးရ တယ်။ ဘယ်ဈေးသည် ဒီလို ရှုပ် ရှုပ်ယှက်ယှက်တွေ လုပ်ချင်ပါ့ မလဲ။ ရုံးဆိုတာတွေနဲ့ ဘယ်သူမှ မပတ်သက်ချင်ဘူး။
ဒီတော့ မောင်ပန်းမွှေး သူ တို့ဆိုင်ရှေ့လာရပ်ရင် ဘယ်ဈေး သည်မှ မပျော်ပါဘူး။ ဘေးဆိုင် တွေက မောင်ပန်းမွှေးရပ်ပြီးဝယ် တဲ့ဈေးဆိုင်ကို အချင်းချင်းမေး ငေါ့ပြပြီး ‘‘ဟိုကောင်မတော့ ထီမ ထိုးဘဲ ပေါက်တော့မယ်’’လို့ တီး တိုးပြောကြတယ်။ ‘‘ကိုယ့်ဘူတာ လာဆိုက်ဦးနေမယ်၊ မျက်နှာလွှဲ နေ’’ ဆိုပြီး အချင်းချင်းသတိပေး တယ်။ အဲဒါလောက်အထိ။
မောင်ပန်းမွှေး မယုံတာတွေ ကတော့ အများကြီးပါ။ အလှူခံ တွေကိုလည်း မယုံဘူး။ တစ်ရက် မှာ သူ့အိမ်ရှေ့ကလမ်းပေါ်ကို ခွေး ဘီလူးကားကလေးတစ်စီး လာ ရပ်တယ်။ ကားခေါင်းခန်းထဲမှာ ဦးပဉ္စင်းတစ်ပါးလည်းပါတယ်။ မောင်ပန်းမွှေးရဲ့ အိမ်ရှေ့ဥပစာ က နည်းနည်းကျယ်တယ်။ ပြီး တော့ ဈေးလမ်းထိပ်ဆိုတော့ လူသွားလူလာလည်း စည်ကား တယ်။ ဒီတော့ အလှူခံမယ့်ကား က ဒီအိမ်ရှေ့မှာ ကျောက်ချပြီး အလှူခံဖို့ စိတ်ကူးပုံရပါတယ်။
ကားရပ်ပြီးတော့ ယောဂီ ၀တ်စုံဝတ်ထားတဲ့ မိန်းမလေး သုံးယောက် ပြေစာဖြတ်ပိုင်းစာ အုပ်ကလေးတွေကိုင်ပြီး ကားပေါ် က ဆင်းလာတယ်။အနီးဆုံးဖြစ် တဲ့ မောင်ပန်းမွှေးတို့ အိမ်ပေါက်ဝ လာရပ်တယ်။ မောင်ပန်းမွှေးက လည်း သူ့အိမ်ရှေ့ကားရပ်တော့ ဘာလဲဆိုတဲ့ မယုံသင်္ကာစိတ်နဲ့ ထွက်အကြည့် ယောဂီဝတ်သုံး ယောက်က သူ့အိမ်ဝအရောက် အံကျပဲ။ မောင်ပန်းမွှေးက ‘ဘာ လဲ’ ဆိုတဲ့သဘောနဲ့ မေးငေါ့ပြီး မေးတယ်။ ဦးဆောင်လာတဲ့ ခပ် သွက်သွက်အမျိုးသမီးက ‘‘ကျွန်မ တို့က ဥတ္တရဂါမပရဟိတဘုန်း တော်ကြီးသင် ပညာရေးကျောင်း ကပါ။ ကျောင်းဆောင်သစ် ဆောက်ဖို့ အလှူခံပါတယ်’’လို့ ပြောတယ်။ မောင်ပန်းမွှေးက ဥတ္တရဂါမဆိုတာ ဘယ်မြို့နယ် ကလဲ၊ ဘကကျောင်းမှတ်ပုံတင် ပါသလားမေးတယ်။ ယောဂီမ လေးတွေက ‘‘ဘုန်းဘုန်းလည်း ကားထဲမှာ ပါပါတယ်ရှင့်’’ လို့ ဆင်ဝှေ့ရန်ရှောင် ဖြေပါတယ်။ အဲဒီအချိန်မှာ ကားရှေ့ခန်းမှာသီ တင်းသုံးနေတဲ့ ဦးပဉ္စင်းက အသံ ချဲ့စက်နဲ့ ဟောဖို့၊ ပြောဖို့အတွက် နမောတဿကို အသံနေအသံ ထားနဲ့ စရွတ်နေပြီ။ မောင်ပန်းမွှေး တော့ မေးခွန်းတွေတရစပ်ဆက် မေးတယ်။ ကျောင်းမှာ ကျောင်း သူ၊ကျောင်းသား ဘယ်နှယောက် ရှိသလဲ၊ ဘယ်နှတန်းအထိသင် တာလဲ၊ ဆရာမလေးတွေကို လုပ် အားပေးခေါ်ထားတာလား၊ လခ ဘယ်လောက်ပေးသလဲ၊ ပုံမှန် ကောပေးရဲ့လား။ ကျောင်း ဆောင်က ဘယ်နှဆောင်ဆောက် ပြီးရှိသလဲ၊ ဘာကြောင့်ကျောင်း ဆောင်သစ် ထပ်ဆောက်ဖို့လို တာလဲ။
ယောဂီဝတ်အမျိုးသမီးလေး တွေ နွားထီးရဲ့ဦးချိုကို ညှစ်ရင်မှ နွားနို့ထွက်ကောင်းထွက်မယ်၊ ဒီ ဘဲကြီးဆီက အလှူငွေထွက်ဖို့ မလွယ်ဘူး၊ လစ်စို့ဆိုတဲ့ပုံစံအ ချင်းချင်းမျက်ရိပ်ပြပြီး နောက်ပြန် လှည့်ကြတယ်။ ကားရှေ့ခန်းက အလှူခံတရားဟောနေတဲ့ ဦး ပဉ္စင်းလေးရှိရာကို ခေါင်းဆောင်နဲ့ တူတဲ့ ယောဂီဝတ်အမျိုးသမီး လေးက တိုးတိုး တိုးတိုးနဲ့ ဘာ သွားပြောလိုက်လဲမသိရဘူး။ အ မျိုးသမီးလေးတွေလည်း ကားပေါ် ပြန်တက်၊ ဦးပဉ္စင်းတရားဟော လျက်နဲ့ ခွေးဘီလူးလည်း မောင် ပန်းမွှေးရဲ့ အိမ်ရှေ့ကချက်ချင်း မောင်းထွက်သွားတယ်။
ရပ်ဝေးအလှူခံမှချည်း မောင်ပန်းမွှေးက မေးလားမြန်း လား လုပ်တတ်တာမဟုတ်ပါ ဘူး။ ကိုယ့်ရပ်ကွက်ထဲက ဓာတ် သိနှမ်းဖတ်ချဉ်လို့ခေါ်နိုင်တဲ့ ဓမ္မာ ရုံက ဂေါပကလူကြီးတွေအသံမစဲ ပဋ္ဌာန်းပွဲလုပ်ဖို့အတွက် အလှူခံ လာရင်လည်း မောင်ပန်းမွှေးရဲ့ မေးခွန်းတွေနဲ့ ရင်ဆိုင်ကြရတာပါ ပဲ။ ဒီတော့ရပ်ကွက်လူကြီးတွေအ လှူလှည့်ခံတဲ့အခါ မောင်ပန်းမွှေး အိမ်ကိုကွင်းသွားကြတယ်။ ဘယ် သူမဆို ရပေါက်ရလမ်းမသေချာ ဘဲ မေးခွန်း ၁၀၀ တော့မဖြေချင် ဘူးလေ။ မောင်ပန်းမွှေး သူတ ကာအပေါ် အယုံအကြည်နည်း တာက ရပ်ကျော်ရွာကျော်ဖြစ်နေ ပါပြီ။
တစ်ရက်မှာတော့ မြို့ထဲမှာ တိုးတိုးသတင်းတစ်ခု ပြန့်လာ ပါတယ်။ ရွှေမုဋ္ဌောဘုရားရုပ်ပွား တော်ကြီး ဗိုက်အဖောက်ခံရ တယ်ဆိုတဲ့သတင်းပါ။ ရွှေမုဋ္ဌော ဘုရားကြီးကို တန်ခိုးကြီးတယ် ဆိုပြီး တခြားမြို့ရွာတွေကပါလာ ပြီးဖူးကြရတယ်။ ဘုရားရုပ်ပွား တော်ကလည်း အလွန်သပ္ပာယ် တယ်။ သီရိဓမ္မာသောကမင်းကြီး တည်ထားခဲ့တဲ့ စေတီပေါင်း ၈၄,၀၀၀ထဲမှာ အပါအ၀င်လို့ ဆိုတယ်။ ကာလအတန်ကြာတိမ် မြုပ်နေရာက အလောင်းစည်သူ မင်းကြီး ဖောင်စကြာနဲ့လှည့်စဉ် မှာ ပြန်လည်တွေ့ရှိပြီး မွမ်းမံပူ ဇော်ထားတာလို့လည်း ဘုရားသ မိုင်းမှာဖော်ပြထားတယ်။ မောင် ပန်းမွှေးကတော့ ဘုရားသမိုင်းကို တောင်မှ သံသယရှိတဲ့လူ။ နည်း နည်းပါးပါးဝေဖန်ချင်တဲ့ အသံ ထွက်တယ်။ ဒီလိုလူမျိုး ငရဲအိုး ချိုးကပ်မှာလို့ ရွှေမုဋ္ဌောဘုရား ဂေါပကဥက္ကဋ္ဌကြီးက ခပ်တင်း တင်းပြောထားတာရယ်၊ ရပ်ထဲ ရွာထဲ သူများကိုကန့်လန့်မတိုက် သင့်တာရယ်ကြောင့်သာ မောင် ပန်းမွှေးနှုတ်ပိတ်နေတာ။ စိတ်ထဲ ကတော့ သူ့ယုတ္တိပေတံနဲ့ တိုင်း တိုင်းကြည့်နေတာ။
အခုဟာက လကွယ်နေ့ညဥ့် သန်းခေါင်မှာ ဂန္ဓကုဋိတိုက်သော့ ပိတ်၊ ဂေါပကဥက္ကဋ္ဌနဲ့၊အထူးအဖွဲ့ နဲ့ ရွှေမုဋ္ဌောဘုရားရုပ်ပွားတော် ကြီးကို ဗိုက်ဖွင့်ပြီး အလောင်း စည်သူမင်း လျှို့ဝှက်ဌာပနာခဲ့တဲ့ ပတ္တမြားမျက်ရှင်တော်ကို ယူတာ တဲ့။ ‘ ---ချုပ်’ ကတာဝန်ပေးပြီး လုပ်ခိုင်းတာတဲ့။ သတင်းက တိုး တိုးတိုးတိုးပြောတာပေမယ့် တိုး တိုးတိတ်တိတ်တစ်ရွာလုံးသိတာ ဖြစ်လာတယ်။ ပန်းရန်ဆရာနဲ့အင် ဂျင်နီယာဆိုတာတွေကအစ အ ထက်ကလွှတ်လိုက်တဲ့ အထူးအ ဖွဲ့နဲ့ လုပ်တာဆိုတော့ပိရိတာ တော့အမှန်။ ဂေါပကဥက္ကဋ္ဌကို သိပ်ရင်းနှီးတဲ့လူတွေက ကျိတ် မေးတော့ ဂေါပကဥက္ကဋ္ဌကြီးက လည်း ဗိုက်ဖွင့်တာမှန်တယ်လို့ ၀န်ခံတယ်။ ရုပ်ပွားတော်ကြီးက မံဘုရားမို့ နှစ်ကာလကြာရှည်လာ ချိန်မှာ ကြံ့ခိုင်မှုအားနည်းလာလို့ အထက်လူကြီးက ပြန်လည်ပြုပြင် ခိုင်းတာဆိုပြီးရှင်းပြတယ်။ ဒါကို ကြားရသူတွေက မယုံပါဘူး။ ပတ္တမြားမျက်ရှင်တော်ယူတာလို့ ပဲ ယူဆကြတယ်။
‘ယုတ္တိရှိမှယုံမယ်’လို့ ကြွေး ကြော်လေ့ရှိတဲ့ မောင်ပန်းမွှေးက ရုပ်ပွားတော်ကြီး ကြံ့ခိုင်မှုအား နည်းလို့ ပြုပြင်တယ်ဆိုတာကို လက်မခံဘဲ အလောင်းစည်သူ မင်းကြီးရဲ့ ပတ္တမြားမျက်ရှင်တော် ရှာဖို့ ဘုရားကိုဗိုက်ဖွင့်တယ်ဆို တာကျတော့ ယုံပြန်ရော။
‘‘ကိုပန်းမွှေး၊ ယုတ္တိရှိမှ ယုံ တယ်ဆိုတဲ့သူက ပတ္တမြားမျက် ရှင်တော် ရှာတယ်ဆိုတာမျိုးကျ ယုံသလားဗျာ’’ လို့ ဂေါပကဥက္ကဋ္ဌ က အားကိုးတကြီးနဲ့ပြောတယ်။ မောင်ပန်းမွှေးက ‘‘ဒီကောင်တွေ က ယုံရတာမဟုတ်ဘူး။ အာဏာ ရမယ်ဆိုရင် ဘာမဆိုလုပ်မယ့်အ ကောင်တွေ။ ပတ္တမြားမျက်ရှင် တော်ရမယ်ဆိုရင် တန်ခိုးကြီး ဘုရားပေမယ့် ဗိုက်ဖောက်ရဲမယ့် ကောင်တွေ’’လို့ ပြန်ပြောတော့ ဂေါပကဥက္ကဋ္ဌလည်း နှုတ်ပိတ် သွားရော။
သဲ့သဲ့ သဲ့သဲ့နဲ့ သတင်းတစ်ခု ကဖြစ်လာပြန်တယ်။ ဝေဘာဂီရိ ဆရာတော်ကြီးရဲ့ ရုပ်ကလာပ် တော်ပျောက်သွားတဲ့ကိစ္စနဲ့ပတ် သက်လို့ အမျိုးမျိုး ပြောနေကြတာ ပါ။ စံကျောင်းပေါ်မှာ ရုပ်ကလာပ် တော်ကို အပူဇော်ခံထားတာ။ညမှာ စောင့်အိပ်တဲ့သူတွေလည်းရှိတယ်။မနက် ၃နာရီ လောက် ၀င်မသွားတာ။ မျက်မြင်တွေ့ လိုက်တယ်ဆိုတဲ့သူကတော့လာ သယ်သွားတဲ့သူတွေက အစိမ်း ရောင်တွေဝတ်ထားတာလို့ ဆို တယ်။ စကားဆိုတာတော့ ချဲ့ကြကားကြတာပေါ့။ မျက်ထောင့်နီနီ အ၀တ်စိမ်းဝတ်ထားတဲ့ ဘီလူးတွေက ဆရာတော်ကြီးရုပ်ကလာပ်တော်ကို လာပင့်သွား သလိုလိုလည်း ပြောကြရဲ့။
ဝေဘာဂီရိဆရာတော်ကြီး ကို ရဟန္တာလို့ သူတို့ဒေသခံတွေက ယူဆထားကြတယ်။ ဒေသခံတွေ ချည်းမဟုတ်ပါဘူး။ တခြားမြို့ရွာ တွေကလည်း ဒီလိုပဲယူဆသူတွေ က လာရောက်ဖူးမြော်လေ့ရှိ တယ်။ ဆရာတော်ကြီး ခန္ဓာချုပ် ငြိမ်းသွားတော့ ရုပ်ကလာပ်တော် ကမပုပ်ဘဲရှိနေတယ်။ ဒီသတင်း က ပြန့်သွားပြီး အုတ်အော်သောင်း တင်းပေါ့။ လာဖူးလိုက်ကြတဲ့သူ တွေ အများမှအများကြီးပါပဲ။ လူ တွေ ဒါလောက်အများကြီးရဲ့မျက် စိအောက်ကနေ လူတွေအိပ်မော ကျလောက်ချိန်မှာ ရုပ်ကလာပ် တော်ကို ပင့်သွားတာပါ။မျက်မြင် ဆိုတဲ့သူတွေကလည်း ကြောက် တော့ ပါးစပ်မဟရဲဘူး။
ဒီကိစ္စကိုလည်း လူတွေက ‘---ချုပ်’ရဲ့ အမိန့်အရ သူ့လူ တွေက လာခိုးသွားတာလို့သတင်း ဖြစ်ပါတယ်။ ‘ရုပ်ကလာပ်ကြီးဘာ လုပ်ဖို့ ခိုးယူရတာလဲ’ဆိုတဲ့မေး ခွန်းအတွက်လည်း အဖြေက ရှိပြီး သား။ ‘ဇော်ဂျီ ဖိုလ်ဝင်သားစားရင် ဗျတ်ဝိ ဗျတ္တအစွမ်းရသလို အစွမ်း ရဖို့ ဆရာတော်ကြီးရဲ့အသားကို ---ချုပ်လင်မယားက စားချင် တယ်ဆိုလို့ခိုးသွားတာ’တဲ့။
ယုတ္တိတော့ မရှိဘူးထင်တာ ရပါပဲ။ ဒါမျိုးတော့ မောင်ပန်းမွှေး ယုံမယ်မဟုတ်ပါဘူး။ ဒါပေမဲ့ ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်ကို ---ချုပ်ကြီးတို့ လင်မယားစားဖို့ ခိုးတယ်ဆိုတာလည်း မောင်ပန်း မွှေးယုံလိုက်တာပဲ။
သူ့အဖြေကတော့ ရှင်းရှင်း လေး။ ‘‘ဒီကောင်တွေကယုံရတာ မဟုတ်ဘူး။ အာဏာရမယ်ဆိုရင် ဘာမဆိုလုပ်မယ့်အကောင်တွေ။ လူတောင်မှသတ်ရဲတာ၊ လူသား မစားဘူးမထင်နဲ့။ သူတို့ကို အခါ ပေးတဲ့ဘိုးတော်က ခိုင်းရင် ဆရာ တော်ကြီးရဲ့အလောင်းကို သင်း တို့လင်မယား ဖဲ့ ဖဲ့စားမှာ’’တဲ့။
----------------
ကျော်ရင်မြင့်
[ 7DayNews Page မှ ကူးယူပါသည်။ ]
No comments:
Post a Comment