Tuesday, 11 December 2018

အိမ်ရှင်မသပိတ် 📔📔📔📔📔 ခင်မျိုးချစ်

အိမ်ရှင်မသပိတ်


📔📔📔📔📔


ခင်မျိုးချစ်


ကိုယောနှင့် မိမိတို့ကား အိမ် ထောင်သက် ခုနစ်နှစ်ရှိ၍ သား ကလေးအပါမှာ (၆)နှစ်သားရှိခဲ့ ပြီ... ။


‘‘ဩော်... မိန်းမ မိန်းမ××× မင်းတို့ကတော့ ရှင်ဘုရင်××× ခင်ခင်မင်မင် တစ်သက်လုံးခိုင်းဖို့ မင်းတို့စိတ်ကမြင်×××’’


‘‘ဆိုပြန်ပြီ ဒီသီချင်းကြီး ဘာ လဲ၊ ဘယ်သူက ဘာခိုင်းလို့လဲ’’


‘‘မဟုတ်ဘူးလား မိမိရယ်၊ မင်းတို့ မိန်းမတွေ လှလှပပ ဝတ် ရေးစားရေးအတွက် ဒီက ကိုယောတို့မှာ တစ်နေ့လုံး နွားလိုရုန်း... ’’


‘‘တော်စမ်းပါ... ကိုယောတို့ က တစ်နေ့လုံး ရုန်းနေရတော့ အိမ်က အလကား ထိုင်နေရလို့ လား။ တစ်နေ့ တစ်နေ့များ အား ရတယ် မရှိဘူး။ ရှင်တို့ယောက်ျား တွေ ပြောနေလို့လည်း နားလည် မှာ မဟုတ်ဘူး’’


‘‘ဒါတော့ မိမိကို ကိုယောက ဘာများ ပင်ပင်ပန်းပန်း လုပ်ခိုင်း ဖူးလို့လဲ။ မလုပ်လည်း ဘာမှ မပြောပါဘူး။ မိမိတို့က အလကားမနေတတ်လို့ လျှောက်လုပ်နေ တာကိုး’’


‘‘ပြောပြန်ပြီ... ကျေးဇူးကန်း စကား။ ကိုယော ပါးစပ်ကတော့ မခိုင်းပါဘူး။ ဒါပေမဲ့ ကိုယောတို့ ယောက်ျားတွေဟာ အချိန်တန် ရင် ဘယ်မလဲ ထမင်း၊ ဘယ်မလဲ ဟင်း၊ ဘယ်မလဲ ကော်ဖီ၊ ဘယ် လဲ အင်္ကျီ၊ ဘယ်မလဲ ပုဆိုး၊ ဘယ်မလဲ ဟိုဟာ၊ ဘယ်မလဲ ဒီ ဟာနဲ့ အစစ အဆင်သင့်ကလေး တွေရမှ သဘောကျတာကိုး။ ဒါ တွေကို ဘယ်က ဇော်ဂျီကမှ  ဆေးတောင်ဝှေးနဲ့ တို့ထားပေးတာ မဟုတ်ဘူး။ မိန်းမလုပ်တဲ့လူ တစ် နေကုန် တစ်နေခန်း လုပ်ထားမှ ဖြစ်တာ’’


‘‘ဒါတော့ ဟုတ်ပါတယ်။ ဒါ ပေမဲ့ မိမိလုပ်တဲ့ အလုပ်တွေထဲ မှာ မလိုတာတွေလည်း အများ ကြီးပဲ။ ဥပမာ- ဒီခုတင်ဟာ မနေ့ က တောင်ဘက်ခေါင်းပြုထား တာ၊ ဒီနေ့ အရှေ့ဘက် ခေါင်းပြု နေပြီ။ ဒီဗီရိုကဆိုလည်း ဟိုထရံ ဘက်ကပ်လိုက်၊ ဒီဘက်ထရံကပ် လိုက်နဲ့ ခဏခဏ ရွှေ့နေတာပဲ။ ပြီးတော့ တံမြက်စည်းလှည်းရင် တော်ရောပေါ့။ ဘာပြုလို့ ကြမ်း တွေ ဖယောင်းနဲ့ တိုက်ရသလဲ၊ ဒါတွေဟာ အပိုအလုပ်တွေပဲ’’


‘‘ကိုယောကို မိမိ ဘာမှ မပြောတော့ဘူး။ သိပ်လေကုန် တယ်။ မနက်ဖြန်ကစပြီး နံရံ သတင်းစာ ထုတ်တော့မယ်။ အဲဒီ ထဲမှာပဲ ထည့်ဆော်တော့မယ်’’


‘‘ကောင်းပါဗျာ... ဒါပဲ ကောင်းပါတယ်။ သို့မဟုတ် တယ်အငြင်းပွားရတယ်’’


×××


နံရံသတင်းစာအမှတ် (၁)အား ပြန်ကြားချက် စေတနာနဲ့ ဘိက္ခဝေ


ဘယ်သူ ဘယ်စကား ဘယ် လိုပြောပြော ဘယ်လိုစေတနာနှင့် ပြောသည်ကို နားလည်ဖို့လို သည်။


‘‘ဗီရိုတွေ ရွှေ့ပြန်ပြီလား’’


‘‘ခုတင်နေရာ ပြောင်းပြန်ပြီ’’၊‘‘ဘာပြုလို့ ကြမ်းတိုက်ရပြန်တာ လဲ’’ ဟူသော အပြစ်တင်စကား များသည် အိမ်ရှင်မကို ပင်ပန်းမှာ စိုးသည့် စေတနာက စေ့ဆော် သည်ကို နားလည်စေချင်သည်။


နံရံသတင်းစာအမှတ် (၂) အိမ် ရှင်မကို တကယ်စေတနာရှိတာ ဟုတ်ကဲ့လား


အိမ်ရှင်မကို တကယ်သက် သာစေချင်သည့် စေတနာရှိလျှင် အိမ်ရှင်မ၏ တာဝန်ကို တတ်နိုင် သရွေ့ ကူညီသင့်သည်။ ပါးစပ် က စေတနာရှိနေရုံနှင့်မပြီး။ အ လုပ်နှင့် ပြသင့်သည်။ ဥပမာ- ယခင် တနင်္ဂနွေနေ့က စာအုပ် တွေ ပိုးကိုက်၊ မှိုတက်နေသည်။ နေပူလှန်းပြီး ရှင်းကြရအောင်ဟု အိမ်ရှင်မက ခေါ်သည်ကို တစ်နေ့ တလေ အားတာခိုင်းချင်ရမလား ဟုဆို၍ ခေါင်းမြီးခြုံအိပ်နေသည်။ စာအုပ်တွေကို မြတ်နိုးနှစ်သက် လျှင် အမြဲဂရုစိုက်ရမည်။ ပါးစပ် က စာအုပ်တွေကို မြတ်နိုးသည် ဆို၍ ဂရုမစိုက်လျှင် ပျက်စီးလိမ့် မည်... စာအုပ်များမှာ ယောက်ျား နှင့် ပိုဆိုင်သည်။ ထမင်းချက် အ ဝတ်လျှော် အလုပ်ကြမ်းလုပ်နေ တဲ့ အိမ်ရှင်မနှင့် မဆိုင်လှ။ သို့ သော် ကံဆိုးသော အိမ်ရှင်မသည် စာအုပ်များ နှစ်သက်တတ်သည့် ဝါသနာကြောင့် စာအုပ်တွေကို ဂရုစိုက်ရပြန်သည်။ မိန်းမများ ပညာတတ်တာ ကျိန်စာသင့်တာ ပါပဲ။ စာမတတ်လို့ စာအုပ်တန်ဖိုး မသိတတ်သူ ဖြစ်သော်ကောင်း လေစွ။


နံရံသတင်းစာအမှတ် (၃)

အိမ်ရှင်မကို တစ်ဖက်က ဘာမှ ထုတ်ပြန်ကြေညာချေပခြင်း မရှိ၊ ငြိမ်ချက်သားကောင်းတော့ သည်။


နံရံသတင်းစာအမှတ် (၄)

တစ်ဖက်က ပြန်မရေးပေ မယ့် အိမ်ရှင်မကတော့ မနေနိုင်၊ ရေးရဦးမည်။ တစ်ယောက်တည်း ရန်ဖြစ်တယ်ဆိုဆို၊ ဘာဆိုဆို ရန် ဖြစ်စရာလူမရှိ ကိုယ့်ဘာသာဖြစ် ရမှာပဲ။


ကျေးဇူးတင်မခံရ၊ အရာ မရောက်တဲ့ အိမ်ရှင်မအလုပ်ကို စိတ်ပျက်လှပြီ။ ယောက်ျားများက တော့ အချိန်တန် အစားဆို အ ဆင်သင့်၊ အဝတ်ဆိုလည်း အ ဆင်သင့်။ ဘာမဆို သူတို့လက် လှမ်းမီ အသင့်ချည်းပဲလိုချင် တယ်။ ဒီလို အသင့်ဖြစ်အောင် အိမ်ရှင်မမှာ အကူအညီမရှိ တစ် ကောင်တည်း ဘယ်လိုလုပ်ရ တယ်ဆိုတာတော့ နားမလည် ဘူး။ လမ်းထွက်သွားရင် ခြေမွေး မီးမလောင်၊ လက်မွေးမီးမလောင် နေရတဲ့ သခင်မလေးကို ကြော့နေ မှ ကြိုက်တယ်။ အိမ်နှင့်မဆိုင်တဲ့ အပြင် အလုပ်ကိစ္စတွေမှာလည်းအကူအညီလိုချင်သေးတယ်။ လူ တစ်ယောက်တည်း ကိုးမျိုး ဆယ် မျိုး ဖြစ်စေချင်တော့ ခက်တာပဲ။ သူတို့ကတော့ အသာလေး ရေ သာခိုပြီး တစ်ဆိတ်ရှိ ဆေးလိပ် ကလေး မှိန်းကာ မှိန်းကာနှင့်။ ဆေးလိပ်ဆိုလို့ သတိရလို့ ပြောရဦး မယ်။ အိပ်ရာထဲ ဆေးလိပ် သောက်လို့ အိပ်ရာခင်း ညစ်ပတ် တာလည်း မီးခြစ်ဆံတွေ၊ ဆေး လိပ်တိုတွေရယ် သိပ်အမြင်ကတ် တာပဲ။ ကိုယ်ဆေးလိပ်မသောက် တော့ ဒါတွေ အတော်သည်းခံနေ ရတယ်။


နံရံသတင်းစာအမှတ် (၅) မိမိကို ချေပချက် ပန်းချီကျော်ရင်းဘဂွန်း ၏ ဇနီး

ပန်းချီကျော်ရင်းဘဂွန်းသည် သူ့မိန်းမကို သူအလွန်ချစ်သည်။ အဘယ်ကြောင့် ရာသက်ပန် စွဲမြဲချစ်ခင်မြတ်နိုးခြင်း အကြောင်းရင်းကို ဤသို့ ပြောပြသည်။


‘‘ကျုပ် မိန်းမကို တစ်ခါခါ ကစားစရာ အရုပ်ကလေးလို၊ တစ်ခါခါလည်း ကိုယ့်အလုပ်အကျွေး မောင်းမပျိုလို၊ တစ်ခါခါလည်း တိုင်ပင်ဖော်တိုင်ပင်ဖက် အဖော် မိတ်ဆွေကောင်းလို ဒီလိုအမျိုးမျိုး သဘောထားပြီး ချစ်လို့၊ ဘယ် တော့မှ မလျော့နိုင်တဲ့ အချစ်မျိုး နဲ့ ရာသက်ပန်စွဲခဲ့တာ’’


ဒါကို သေသေချာချာ စဉ်း စားပါ။ မိန်းမတစ်ဦးတည်းကိုမှ အမျိုးမျိုးစွဲပြီး ချစ်တဲ့ ရင်းဘဂွန်း ဟာ သူ့မိန်းမကို မြတ်နိုးတဲ့နေရာ မရှိသလောက် ရှားပါတယ်။ အ များအားဖြင့် ယောက်ျားတွေဟာ မိန်းမတစ်ဦးတည်းမှာ အမျိုးမျိုး လည်း ချစ်နိုင်တဲ့ အရည်အချင်း မရှိလို့ တစ်ယောက်နှင့် အားမရ အပိုရှာကြတာပဲ။ ဒီတော့ မိမိကို လူတစ်ယောက် ကိုးမျိုး ဆယ်မျိုး ဖြစ်စေချင်တယ်ဆိုတာ ‘ရင်းဘ ဂွန်း’လိုပါပဲ။


နံရံသတင်းစာအမှတ် (၆)

ဒီလိုဆိုရင် ကျေးဇူးတင်ရဦး မှာလား... ။ ယနေ့အထိ ကျေးဇူး အမှန်ပဲ တင်ပါတယ်။ နက်ဖြန် (ဝါ) နောင်တော့ မပြောတတ် သေးဘူး။


နံရံသတင်းစာအမှတ် (၇)

ဒါဖြင့် နောက်ကို နံရံသတင်း စာမှာ မရေးတော့ဘူးလား။ ရေး ပါဦးလေ... ။


နံရံသတင်းစာအမှတ် (၈)

စိတ်ချ... ရေးမှာပဲ။ ဒီနေ့ပဲ ရေးစရာပေါ်လာပြီ။ အိမ်ရှင်မအ လုပ်ဟာ တစ်နေ့တစ်နေ့ စိတ် ညစ်စရာတွေ သိပ်များတာပဲ။ ရေစည်ကြီးပေါက်လို့ ရေသည်အ လောင်းမခိုင်းဘဲ တစ်ခါလိုမှ တစ် ခါ ကိုယ့်ဘာသာဘုံပိုင်ထွက် ရေ ခပ်ရတာ မောလှပြီ။ ဒီနေ့တော့ ဖာဦးမှပဲလို့ ကတ္တရာစေးနဲ့ ဖာရ တာ တစ်နေကုန်တာပဲ။ လူလက် တွေလည်း ပဲ့ရွဲ့၊ တစ်ကိုယ်လုံး လည်း ညစ်ပတ်လို့၊ အခုတော့ ကောင်းသွားလို့ ရေထည့်လို့ရပြီ။ ဒီလို အခက်အခဲတွေကလည်း နေ့စဉ်နှင့်အမျှပဲ အလုပ်ပိုတွေက ရှိ သေး။ ရာရှင်သွားထုတ်ရတဲ့ကိစ္စ အချိန်ကုန်လူပန်းပဲ။ ကိုယ်ခွဲရှိရင် တော့ ဟုတ်သား။ ကိုယ့်သာသာ ချည်း လုပ်ရသွားရတော့ စိတ်တို တယ်။ အဝတ်တွေလည်း ဒိုဘီပေးတာတောင် တစ်နေ့ ၁၀ ထည်၊ ၁၅ ထည် အနည်းဆုံး လျှော်ရ တယ်။ နှစ်ရက်လောက် မလျှော် ရင် ၃၀ လောက်ဖြစ်သွားတာပဲ။ ဒီကြားထဲ အပါဆိုတဲ့ကောင်လေး က အားကြီးညစ်ပတ်အမှိုက်ရှုပ် တယ်။


နံရံသတင်းစာအမှတ် (၉)

များစွာ ကရုဏာသက်ပါ ကြောင်း...

ကိုယော


နံရံသတင်းစာအမှတ် (၁၀)


သင်၏ ကရုဏာကို ကျေးဇူး တင်စွာ လက်ခံပါသည်။ ယခု သပိတ်တွေ ခေတ်ထ၍ အိမ်ရှင်မ လည်း သပိတ်မှောက်ရမလား စဉ်းစားနေသည်။


×××


မကြာမီ...


‘‘မိမိရေ... ဒီနေ့ စွပ်ကျယ် အင်္ကျီတွေ ဝတ်စရာ မရှိတော့ပါ ကလား’’


‘‘ဟုတ်တယ်... လျှော်မှ မလျှော်ဘဲ၊ ဘယ်ရှိတော့မလဲ’’


‘‘ဘာပြုလို့ မလျှော်တာလဲ၊ ဒီနေ့ စွပ်ကျယ်မဝတ်ဘဲ ရုံးသွားရ တော့မှာပဲ၊ ခက်တာပဲ’’


‘‘ဘယ်လျှော်မလဲ၊ သပိတ် မှောက်ထားတယ်’’


‘‘ဟေ... ဟုတ်လား ဒါဖြင့်..’’


‘‘ဒါဖြင့် လုပ်မနေနဲ့၊ ရုံးချိန် နီးပြီ၊ ဖြစ်သလို ဝတ်၊ လာ ထမင်း စားမယ်’’


‘‘ဩော်... ထမင်းတော့ ချက် သလား၊ သပိတ်မှောက်တယ် ဆို... ’’


‘‘ဒါတော့ ပြည်လုံးကျွတ် သပိတ်မှောက်တာတောင် အရေး ကြီးတဲ့ မြူနီစီပယ်တို့ ရိက္ခာ ထောက်ပံ့ရေးဌာနတို့ ချန်ထားရ တယ် မဟုတ်လား’’


‘‘ဩော်... ဒီလိုလား’’


နောက်တစ်နေ့-


‘‘အမယ်... ဒီနေ့ စွပ်ကျယ် တွေ လျှော်ပြီးပြီလား၊ သပိတ် လှန်လိုက်ပြီလား’’


‘‘တိုကင်စထရိုက်... အား စမ်းသပိတ်ကို၊ နောင် မှောက်ချင် မှောက်ရအောင် စမ်းကြည့်တာ’’


‘‘စမ်းကြည့်တော့ ဘယ့်နှာ လဲ၊ နေရာကျရဲ့လား’’


‘‘ဘယ်နေရာကျမလဲ၊ အ ဝတ်မလျှော်ဘဲ ထားတာတွေကို စုလျှော်လိုက်ရတာ သေလုသွား တာပဲ။ တခြားအလုပ်တွေ သပိတ်မှောက်လို့ ရပေမယ့် အိမ်ရှင်မအ လုပ်သပိတ် မှောက်မရပါဘူး။ ချေးနဲ့ ငုံထွေးရသလို ကိုယ်ပဲ ပင် ပန်းတာပဲ။ ကိုယောတို့ ယောက်ျားတွေက တစ်ပန်းသာပြီးသားပဲ... ကောင်းပါပေတယ်’’


‘‘ဒီလိုလည်း မအောက်မေ့ ပါနဲ့ မိမိရာ... ဒီနေ့ စနေနေ့ ဘိုင် စကုတ်သွားကြည့်ချေရအောင်’’


တနင်္လာနေ့-


မိမိ... ‘‘ကိုယော ဟိုဘက် ခန်းက ခင်ခင်တို့၊ တင်တင်တို့ ထကြပြီလား၊ ဘယ်အချိန်ရှိပြီ လဲ’’


‘‘ခင်ခင်တို့ ထတာ ကြာလှ ပြီ၊ အခု ၈ နာရီတောင်ထိုးပြီ၊ မိမိ ဘယ့်နှယ်နေသေးသလဲ၊ ကိုယ်ပူ ကျသွားပြီလား’’


‘‘မနက်ကျတော့ နေသာပါ ရဲ့။ နေဦးလေ... ညက ဓာတ်ဘူး ထဲ ထည့်ထားတဲ့ ရေနွေးရှိတယ်။ ကော်ဖီပဲ သောက်သွား၊ ရုံးကျမှ တစ်ခုခုဝယ်စားပေါ့’’


တစ်ဖက်ခန်းမှ-


‘‘ဟေ့ ခင်ခင်ရေ... ဒီမနက် မမမိ အိပ်ရာကတောင် မထသေး ပါကလား၊ ကိုကြီးယောတောင် ရုံးသွားတော့မယ်’’


‘‘အေ... ဟုတ်တယ် မမမိ ကြီး ဖျားပြန်ပြီ ထင်တယ်။ ကိုကြီး ယောကို ခေါ် ထမင်းကျွေးလိုက် ပါ။ သူ့ဘာသာ ဘာမှ လုပ်တတ် တာ မဟုတ်ဘူး’’


‘‘နေပါဦးအေ... ဖျားတာမှ ဟုတ်ကဲ့လား၊ သပိတ်များ မှောက်နေတာလား၊ ဌာနတစ်ခုက သပိတ်မှောက်သွားရင် ကျန်တဲ့ဌာနတွေ က လူတွေက အလုပ်ရှင်ကို ကူ လုပ်မပေးရဘူးဆိုတာ ကိုကြီး ယောတို့ သမဂ္ဂကပဲ တစ်နေ့က ဆုံးဖြတ်ချက် ချထားတယ်မဟုတ် လား။ တို့လည်း ဒီလိုပေါ့။ သွားမကူကြနဲ့’’


‘‘နေစမ်းပါဦး၊ ငါသွားမေးပါ ဦးမယ်’’


‘‘ဘာတဲ့လဲဟေ့... တကယ် နေမကောင်းတာလား၊ သပိတ် မှောက်တာလား’’


‘‘တကယ် နေမကောင်းတာ ပေါ့။ ညက ဖျားလိုက်တာ တုံး... တဲ့’’


‘‘ကဲ... ဒါဖြင့် ကိုကြီးယော ကိုခေါ် ထမင်းကျွေးလိုက်ကြပါအေ’’


‘‘ကိုကြီးယော... လာ ထမင်း စားရအောင်၊ အားမနာပါနဲ့... ဒီ လိုပေါ့။ နေထိုင်မကောင်းတဲ့အခါ စားသာ စားပါ’’


သုံးရက်ခန့်ကြာသော်-


‘‘အပါလေး... လာဦး၊ မင်း ဟာ အဖေ့လူသက်သက် အဖေမှ ချစ်တယ်။ မင်းတို့ သားအဖကို မေမေ သပိတ်မှောက်လိမ့်မယ်... သိလား’’


‘‘မှောက်ပါလား... မှောက် မှောက် ဖေဖေနဲ့ အပါလေးကို မမခင်တို့က ထမင်းကျွေးမှာပေါ့’’


‘‘မကျွေးဘူး ဆရာ၊ ဌာနတစ်ခုက သပိတ်မှောက်ရင် တခြား ဌာနတွေက လာပြီး အလုပ်ရှင်ကို လုပ်မပေးဘူး။ ဒီလိုဆိုရင် အပါ တို့ ဘယ်သူ ထမင်းကျွေးမလဲ’’


‘‘ဖေဖေ... ဘယ့်နှာလုပ် မလဲ၊ အပါတို့ဖို့ ဖေဖေ ထမင်း ချက်မလား’’


‘‘မလုပ်ပါနဲ့ဗျာ... ဖေဖေ ထမင်းချက်ဖို့ ဝေးလို့၊ ရေနွေးအိုး တောင် မတည်တတ်ပါဘူး။ မင်း ဘယ့်နှယ်လုပ်မလဲ ထမင်း အငတ်နေမလား’’


‘‘ဟင့်အင်း... ထမင်းအငတ် မခံနိုင်ဘူး ဆာတယ်။ ဩော်... သိပြီး ဖေဖေ။ အပါက ဇလုံ ကလေးတစ်ခု ယူမယ်၊ ဖေဖေက ပန်းကန်ကလေးတစ်ခုယူ၊ ထမင်း လေး ဟင်းလေးများ ပေးကြပါလို့ လျှောက်တောင်းမယ်နော်’’


ကိုယောနှင့် မိမိလည်း အ တော်အကြံပက်စက်တဲ့ ခွေး ကောင်ကလေးပဲ...


‘‘ငါ့သားက သိပ်လိမ္မာတာ ကွ၊ မင်းက ဘာသိလို့လဲ’’


‘‘ဟုတ်ပါတယ်... အဖေ့ သားကလေးမှ အဖေ့သားကလေး ပဲ။ အမြင်ကတ်တော့ သပိတ် မှောက်ပြန်ရော့မယ်’’


‘‘ဒီတစ်ခါ မှောက်ရင်တော့ ဆရာ... ပုလိပ်မင်းကြီးလို နုတ် ထွက်စာ အမိန့်ထုတ်လိုက်မှာပဲ’’


‘‘ထုတ်ပါလား ပုလိပ်တွေ ဖဆပလ ပုလိပ်ကြေညာသလို မိမိကလည်း လွတ်လပ်ရေးကြေ ညာလိုက်မှာပေါ့’’


‘‘ပုလိပ်မင်းကြီး ပုလိပ်သုံး ထောင်ကို အစားမသွင်းနိုင်ပေ မယ့်... ’’


‘‘သိပါတယ် သိပါတယ်၊ မိမိ အရေးမစိုက်ပါဘူး၊ သွား... မင်း တို့သားအဖ ငါ့ကို အလွန်ဒုက္ခပေး တယ်’’


‘‘ဟေ့ မိမိ... ဒီမှာကွာ၊ ကြည့်ပါဦး၊ အခု မြားနတ်မောင် ပြန်ပြ နေသတဲ့၊ သွားကြည့်ရအောင်... လာပါကွာ... အလကား ပြော တာပါ’’


(တိုင်းရင်းသူမဂ္ဂဇင်း၊ အတွဲ(၁)၊ အမှတ်(၈)၊ ဒီဇင်ဘာလ၊ ၁၉၄၆ ခုနှစ်။)


On  Sat, 2017-12-09 06:30Issue No.No.1651 Saturday, December 9, 2017


{ 7Day News Page မှ ကူးယူပါသည်။ }


No comments:

Post a Comment